31 December 2016

“ရခိုင့်နိုင်ငံတော်ပျက်သုဉ်းခဲ့ရတာ၂၃၂ နှစ်တိုင်ခဲ့ပြီ”




                            
 ရခိုင်နန်းတော်ကိုရွှေပိန်းချ၊ရတနာကျောက်သံပတ္တမြားတွေကိုတွဲလောင်းတွေချိပ်ဆွဲထားပြိုးပြက်တဖိတ်ဖိတ်၊
 ဥရောပသံတမန်မှတ်တမ်းတင်ခဲ့၊ ရခိုင်နန်းတော်ကို ၀င်လိုက်တာနဲ့ စံတကူးနံ့သာမွှေးပျံ့နေတယ်ဆိုပဲ။ မင်းကွန်းခေါင်းလောင်းမှာရေးထိုးထားတဲ့ မမင်းဖြူမှန်မှန်ပြော ဆိုတာ ရခိုင်အလောင်းအရေအတွက်တဲ့။ မင်းကွန်းခေါင်းလောင်းဆိုတာ မြောက်ဦးရွှေနန်းတော် ကြေးဝါအမိုးပြားတွေကို သွန်းလောင်းထားတာ။
နန်းတော်အမိုးကိုခွာယူတာ အသစ်လဲတာမဟုတ်၊ ဘုရင့်နန်းတော်ကို မီးလောင်တိုက်သွင်းပစ်လိုက်တာ။ 


မင်းကွန်းပုထိုးတော်ကြီး တည်ဆောက်တဲ့ဝန်းကျင်မှာ အစာငတ်ရေပြတ်နဲ့ ရခိုင်ကျင်သန်တွေသေဆုံးခဲ့ကြ။ မိတ္ထီလာကန်တော်ကြီး ဆည်ကြတဲ့ဘေးပတ်လည် ရခိုင်သားအရိုးတွေနဲ့သရိုးကိုင်ခဲ့ရတယ်လို့ဆိုကြ။ တိုင်းပြည်နိုင်ငံအချုပ်အခြာအာဏာကျဆုံးတယ်ဆိုတာ၊ မြင်သမျှမီးပုံရှို့၊ တွေ့သမျှသက်ရှိကိုသတ်ပစ်တာ။
မွေးကင်းစကလေးတွေကို မိုးပေါ်မြှောက်ပြီး အောက်ကဓါးခံတယ်ဆိုတာ ဂျပန်ကားမှာပဲမြင်ဖူးကြတယ်။ မိဘကိုအသေသတ်လို့ ကြောက်လန့်တကြားငိုတဲ့ကလေးကို မောင်းဆုံမှာထည့်ထောင်းဆိုပဲ။ 

ဟန်တပြပြရန်သူကိုပြန်ချမယ်ဟေ့ဆိုတဲ့အားကောင်းမောင်းသန်တွေကိုနားရွက်တွေဖေါက်ကြိမ်ကြိုးနဲ့သီဆွဲ။  လက်မှု၊ စက်မှု၊ သင်္ချာ၊ ဆေးကျမ်း၊  စာပေနှံ့စပ်၊ ဗေဒင်ဟူရား၊ စားတော်ချက်များမကျန် အကုန်ကြိုးတုတ်။
ပိဋကတ်အကျော် ရဟန်းတော်များကိုလည်း ပရပိုက် ပေထုပ်နဲ့တွဲ ကြိုးတုတ် ထမ်းခိုင်းခေါ်သွားသတဲ့။
ရခိုင်သဇင်၊ အပျိုဖေါ်ဝင်စ၊ ရှုမငြီးစဖွယ် လှယဉ်ကျေးတွေကို တွေ့သမျှ ခြေတော်တင်။ သိမ်းပိုက်ယူငင်ကြ။
 မြင်သမျှဖျက်ဆီး၊ ဓါးတရမ်းရမ်း၊ နုတ်ကြမ်းကြမ်းနဲ့ ဆဲဆိုအော်ဟစ် စစ်တလင်းရခိုင်ပြည်မှာ။  

မီးခိုးတလူလူ၊ ခွေးအူသံနဲ့ အလောင်းချင်းထပ်၊ သွေးချောင်းစီးပြီး ငိုညဉ်းရှိုက်သံ တဟင်...ဟင်..။
တိုင်းပြည်တစ်ပြည်ကို စစ်တိုက်လို့သိမ်းပိုက်တယ်ဆိုတာ၊ စစ်ရှုံးသူတို့မှာ အကုန်ပျက်စီးဆုံးရှုံးရတာ။ ယူချင်တာဟူသမျှ စစ်ရှုံးသူတွေကသယ်ပိုးပြီးလိုက်သွားရတာ။ ဒီခေတ်လို ကားလမ်းလှည်းလမ်းမရှိသေးဘူး။ 
ရခိုင်တွေဘယ်လောက်သေခဲ့ကြမလဲ၊ ဘယ်လောက်အထိ ပင်ပန်းဆင်းရဲခဲ့ကြရမလဲ။ တွေးကြည့်ရင်နာ။ အာဏာမက်တဲ့သစ္စာဖေါက် စံရဖွေကြောင့် ရခိုင်တို့ဘုန်း ကျဆုံးခဲ့ရတယ်။ ရခိုင့်နိုင်ငံပျက်သုဉ်းခဲ့ရတယ်။ 

ရာစုနဲ့ချီတဲ့ အဖိနှိပ်ခံဘ၀တလျှောက်မှာလည်း ရခိုင်တွေဟာ မှားမိမှားရာ၊ ဖားမိဖားရာလုပ်ကြရင်း၊ . . . . . .
ရာစုနဲ့ချီ အုပ်ချုပ်တဲ့ ဗမာအာဏာပိုင်တွေက အသားကိုစား၊ ပြဿ     နာအရိုးတွေစုထားခဲ့ကြတာကြောင့် ရခိုင်ပြည် မြောက်ပိုင်းနယ်ကိုကုလားလက်ထဲထည့်ထားခဲ့ကြရတော့မယ့်အခြေ။ ရင်လေးဖွယ်လက်ရှိဖြစ်ရပ်။  ဘင်္ဂါလီ ကုလားနယ်ချဲ့ကျူးကျော်စစ်ကို ရခိုင်အရေးပဲလို့ ပေါ့ပေါ့တန်တန်ထားနေကြအုံးမယ်ဆိုရင်၊ 

နှစ်တစ်ရာကျော် ခါးခါးသီးသီးကျွန်ဘ၀ကိုလိုနီဖြစ်ခဲ့တာ၊  လွတ်လပ်ရေးရတာ ၆၈ နှစ်ပဲကြာသေးတယ်။ 

 ဘုရားကိုညောင်မြိုတယ်ဆိုတာ ဗမာအုပ်ချုပ်သူတွေ ခုထိမယုံကြသေး၊ ကြောချမှ ဓါးပြမှန်းသိကြရင်တော့။ ရခိုင်အချုပ်အခြာအာဏာကျဆုံးတာထက်၊ သီပေါဘုရင်ပါတော်မူတာထက် အဆ,ရာထောင် ခံရလိမ့်မယ်။ ကုလားတွေများ မြန်မာနိုင်ငံကိုသိမ်းပိုက်ခဲ့ရင် ဘယ်လိုအခြေအနေရောက်သွားမယ်ထင်နေကြသတုန်း။ 
ဂေါတမပွင့်တော်မူရာအရပ်မှာ သာသနာတော်ကွယ်ပျောက်သွားတာကို နမူနာကြည့်ကြကုန်လော့။
သမိုင်းဘီးတစ်ပတ်၊ ၀ဋ်ကြွေးမကုန်နိုင်၊ ရခိုင်ပြည်မှာ ခုထိတိုင်မွဲပြာတုန်း၊ ခုထိတိုင် လူညွန့်တုံးကြတုန်း။

မလေးရှားက မောင်တောကို ကူညီရေးသင်္ဘောအုပ်စုလာမလို့တဲ့။ မြန်မာအစိုးရကို အကြောင်းမကြား။
သတင်းအမှားတွေနဲ့ မြန်မာအစိုးရ နဲ့ အမေစု ကို နိုဘယ်ဆုရှင်တွေဝိုင်းထုလို့။ သမ နေလိုက်ကြတာ။
တိုင်းရင်းသားတွေတန်းတူရေးတောင်ညှိမရနိုင်သေးတဲ့၂၁ပင်လုံ အိပ်မက်ဆုံရာကရှားရဟတ်ထဲမှာလည်လို့။ 
 ဘာတဲ့ ရိုဟင်ဂျာတွေအတွက် လုံခြုံစိတ်ချစွာနေထိုင်နိုင်မယ့် သီးသန့်ဒေသ Safe Zone ပေးရမယ်တဲ့။ 

ကုလားလုံခြုံရေးကောင်စီကိုတိုင်ကြ။ ငိုတတ်တဲ့သား နို့စို့ရ၊ ဘင်္ဂါလီကို ရိုဟင်ဂျာအမည်ပေးခဲ့ကြပေါ့။
ဘင်္ဂါလီကုလားဆိုးတွေလက်နက်သိမ်းသွားတာ တစ်ခွန်းမှမဟကြတာတော့သြချလောက်တယ်။

 အစိုးရလုံခြုံရေးတပ်စခန်းကို ၀င်ရောက်တိုက်ခိုက် သိမ်းပိုက်ပြီး စစ်သားနဲ့ရဲကိုပစ်သတ်တယ်ဆိုတာ။  ဂိမ်းဆော့တယ်များ ကမ္ဘာကြီးက ထင်နေလေကြသလား။ ဘင်္ဂါလီတွေကိုမျက်နှာသာပေးလိုက်ကြတာ။

နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးကာလ သူများတွေပျော်နေကြချိန်မှာ ရခိုင်တွေက ငိုကြွေးရတုန်း။
၂၃၂နှစ်တုန်းက စစ်ဘီလူးတွေသတ်လို့သေခဲ့ကြတဲ့ ဘီဘင်တွေအတွက်ကောင်းမှုတွေလုပ်အမျှဝေကြတုန်း။

     အာဏာရှင်တွေ ဥပေက္ခပြု၊ ပြဿ     နာပေါင်းစုထားခဲ့လို့ အနာတွေကပြည်မှည့်တင်းမာနေပြီ။
၂၀၁၇ မှာ အမေစု ဆိုတဲ့ခေါင်းဆောင်ကောင်းက မငဲ့မညှာ ဓါးတင်ကာခွဲစိတ်၊ ပြည်ပုပ်ကိုညှစ်ထုတ်ပစ်ပါမှ၊ တိုင်းရင်းသားနဲ့နယ်တောင်းဘင်္ဂါလီ သေနတ်နဲ့ငြိမ်းချမ်းရေးလဲနေကြတဲ့အနာဆွေးဟောင်းတွေ၊ ပျောက်မှာ။  
 
                                                      မောင်ပေါ်ထွန်း