27 December 2016
“ပြစ်မှုဟောင်းဖြင့်ရှောင်တိမ်းနေသည့်မြန်မာဝရမ်းပြေးတစ်ဦးကိုထိုင်းထောက်လှမ်းရေးဖမ်းဆီး”
၂၀၁၆ ခု ဒီဇင်ဘာ ၂၈ ရက်
ကိုတီး
            လူသတ်မှုဖြင့် ၀ရမ်းထုတ်ခံထားရသည့် မြန်မာဘုန်းကြီးလူထွက်တစ်ဦးအား ယနေ့မွန်းလွဲပိုင်းက မဟာချိုင်နယ်မြေအခန်းတစ်ခုတွင်ဖမ်းဆီးလိုက်ကြောင်း MAT အဖွဲ့ကပြောသည်။
         ဘုန်းကြီးဝတ်ခဲ့စဉ်က ဦးသာသန၊ လူအမည် သန်းရွှေ၊ အမည်ရင်း မောင်ကျော်တင်  အသက် ၄၉
 နှစ် အရွယ်အား ၎င်းနေထိုင်ရာ ဘန်ကောက်မဟာချိုင်နယ်စပ်၊ စင်ထလေ၂၆လမ်းအနီးတွင်ရှိသော ၎င်းနေ ထိုင် သည့်အခန်းတွင် မွန်းလွဲ ၂နာရီခန့်ကဖမ်းမိခဲ့ခြင်းဖြစ်သည်။
        ထိုင်းနိုင်ငံဘန်ကောက်မြို့စီယမ်တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သူ၊သာသနာဝင်အမှတ် ၉/မဟမ (သ) ၀၀၂၃၅၈ မြန်မာ ပတ်စပို့အမှတ် KHEMAVAMSA MA.233979 ကိုင်ဆောင်သူ ဦးခေမာဝံသ အား ဦးသာသန(ခ) ဦးသန်းရွှေ က ၂၀၁၅ ခုနှစ် အောက်တိုဘာ(၃၀) ရက်နေ့ည(၇)နာရီအချိန်ခန့်က တရားမ၀င် ကိုင်ဆောင်ထားသည့် သေနတ်ဖြင့် ၂ချက်ပစ်သတ်ခဲ့သည်။
           ဦးခေမာဝံသာ မှာ ဘယ်လက်ဖျံရုံးကျိုးသွားခဲ့သဖြင့် ၆လတိုင်တိုင် ဆေးဝါးကုသမှုကိုခံယူခဲ့ရသည်။ ပစ်သတ်သူ ဦးသန်းရွှေက မြန်မာပြည်သို့ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
       ဦးခေမာဝံသက၂၀၁၆ခုနှစ်အောက်တိုဘာလက၀ရမ်းပြေးသန်းရွှေ၏အချက်အလက်များ၊ဖမ်းဝရမ်းများဖြင့် ထိုင်းဘက်သို့ပြန်လည်ရောက်ရှိနေကြောင်း ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ အဖွဲ့ MAT သို့အောက်တိုဘာ ၃၁ ရက်နေ့က အကူညီတောင်းခံခဲ့ပါသည်။
 ရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ရုံးတာဝန်ခံ ကိုစိုင်အေး က“ စာရွက်စာတမ်းအတုလုပ်မှု၊ ထိုင်းပတ် စပို့ကိုင်ဆောင်မှုနဲ့လူသတ်မှုတွေနဲ့တရားရင်ဆိုင်ရပါမယ်။သတိရှိနေတဲ့ဝရမ်းပြေးကို ခြေရာခံရတာခက်ခဲပါ
တယ်။ ကျနော်တို့အချိန်နဲ့စရိတ်တွေကုန်ခဲ့ပါတယ်။ ဒီနေ့မနက်က မဟာချိုင် ၀ပ်ဖန်ထိုင်း ဘုန်းကြီးကျောင်း ကို ထိုင်းထာက်လှမ်းရေးတွေနဲ့စောင့်ကြည့်နေကြတယ်။ တရားခံကဖုန်းပိတ်သွားတယ်။ ဖမ်းမိတဲ့အခါ တရားခံက ကျနော့်ကိုမေးတယ်။ ဖုန်းပိတ်ထားလျှက်နဲ့ ခင်ဗျားတို့ ဘယ်လိုခြေရာခံလို့ရသလဲလို့မေးတယ်။ ထိုင်းထောက် လှမ်းရေးမှာက နည်းပညာတွေတအားကောင်းတယ်လေ။ ဘာပြောပြော ၀ရမ်းပြေးလူဆိုး တစ်ယောက်ကို ဖမ်းမိ နိုင်လိုက် တယ်ပေါ့” ဟု ပြောပါသည်။
          ဦးသာသန(ခ) ဦးသန်းရွှေ ဆိုသူကို ၂၀၁၅ ခု နိုဝင်ဘာ ၁၈ ရက်နေ့က ရန်ကုန်မြို့ စမ်းချောင်းမြို့ နယ်၊ မုန့်လက်ဆောင်းကုန်း (တောင်) ရပ်ကွက်၊ ပြည်သူ့ကွက်သစ် (၁) လမ်းတွင်ရှိသော မအူပင်ကျောင်း တိုက်တွင် မြောက်ဦးမှ ရှေ့ဟောင်းဘုရားဆင်းတုတော် (၁၈) ဆူနှင့်အတူ လက်ပူးလက်ကြပ်ဖမ်းဆီးနိုင်ခဲ့ သည်။
           စမ်းချောင်းမြို့မရဲစခန်းမှူး၏ ဆက်လက်ဖေါ်ထုတ်စစ်ဆေးချက်အရရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်၊
 (၅၄)ရပ်ကွက်၊ ဇေယျာမြိုင်လမ်းတွင် နေထိုင်သည့် အသက် ၄၆ နှစ်အရွယ်ဒေါ်နှင်းညိုညိုခင် နေအိမ်မှ ရခိုင် ရှေ့ဟောင်း ဆင်းထုတော် ၃၉ဆူ တို့အားထပ်မံတွေ့ရှိခဲ့ခြင်းဖြစ်သည်။
         ဖမ်းဆီးမိသော ဘုရားဆင်းတုတော်များတွင် အေဒီ ၆၂၉ ခန့်ကသွန်းလုပ်သည့်ဘုရား ဆင်းတုတော် အမြောက်အမြားပါဝင်သည်။ သိမ်းဆည်းရမိသည့် ဘုရားများတွင် ဉာဏ်တော် ၁၁လက္မခွဲအရွယ် ဝေသာလီ
 ခေတ်ဘုရားဆင်းတုတော်များနှင့် ၈လက်မ၊ ၆လက္မများနှင့် အသေးဆုံး၂လက္မအရွယ် အထိပါဝင်ပါသည်။
         ဘုရားဆင်းတုတော်များ ပျောက်ဆုံးနေမှုနှင့် ပတ်သက်၍ မြောက်ဦးမြို့မှရခိုင်ရဟန်းတော်တစ်ပါးနှင့် မင်းပြားမြို့မှဆရာတော်ကြီးတစ်ပါးတို့ကရဲစခန်းတွင်ဘုရားပျောက်ဆုံးမှုအမှုဖွင့်ထားခဲ့သည်။ မြောက်ဦးမြို့မှ
 ရှေ့ဟောင်းဘုရားဆင်းတုတော်အမြောက်အမြားတို့အား ရန်ကုန်မြို့မှ တစ်ဆင့် နိုင်ငံခြားသို့ ခိုးထုတ်ရန် ကြံ စည်နေသော ဘုရားမှောင်ခိုဂိုဏ်းအား ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများ အဖွဲ့ MAT အဖွဲ့က သတင်းအချက်အလက်အခိုင်အမာရရှိခဲ့သည်။ ကျပ်သိန်း ၇၅၀ ဖြင့်ရောင်းချလိုကြောင်း သိရှိခဲ့ပြီး ကျပ် သိန်း၃၂၀ဖြင့် အရောင်းအ၀ယ်ပြုလုပ်ရန်ရခိုင်တံမျက်စည်းလှဲအသင်းဥက္ကဌက၀ယ်သူအဖြစ် 
ဟန်ဆောင်၍ ရန်ကုန်ရဲများဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
         ဘုရားမှောင်ခိုဂိုဏ်းအား စမ်းချောင်းမြို့မရဲစခန်းမှာ (ပ)၃၆၉/၂၀၁၅ ပြစ်မှုပုဒ်မ- ၃၈၀/၅၄/၂၉၅ တို့နှင့် စစ်ဆေးခဲ့သည်။  ၉လခန့်အကြာ ၂၀၁၆ ခုနှစ် ဇူလိုင်လ(၁) ရက်နေ့တွင်  စမ်းချောင်းမြို့နယ်တရားရုံး က ဘုရား မှောင်ခိုဂိုဏ်းကိစ္စများ မပါဝင်တော့ပဲ ဦးသာသန(ခ) ဦးသိန်းရွှေ အား  ထိုင်းနိုင်ငံက တရားမ၀င် ၀င် ရောက်လာ မှု လ၀က အက် ၁၃(၁) အရ ထောင်ဒဏ် ၈လကျခံစေရန်နဲ့ ထိုင်းနိုင်ငံသားပတ်စပို့ကို 
 ပြန်ပေးစေဆိုတဲ့ အမိန့်နဲ့ အဆုံးသတ်သွားခဲ့ပါသည်။
          စမ်းချောင်းမြို့နယ် တရားရုံး၏ စီရင်ချက်တွင် မူလဖမ်းဆီးထားသည့် ဘုရားဆင်းတုတော် ၅၇ဆူကိစ္စ ပျောက်ကွယ်သွားခဲ့ပြီး ဘုရားမှောင်ခိုဂိုဏ်းခေါင်းဆောင် ဦးသန်းရွှေ  ဆိုသူမှာ ဘုရားတည်ကျောင်းဆောက်သာ သနာပြုပုဂ္ဂိုလ်ဖြစ်သွားခဲ့ရသည်။
ယခု ဘုရားမှောင်ခိုဂိုဏ်းအား ရန်ကုန်တွင် ခြေရာခံမိခဲ့သူ ဦးကျော်သောင်း က “စမ်းချောင်းမြို့နယ်တရားရုံး ရဲ့ စီရင်ချက်မှာ မူလဖမ်းဆီးခဲ့ကြတဲ့  ရခိုင်ရှေ့ဟောင်းဘုရား ၅၇ဆူကိစ္စ လုံးဝကွယ်ပျောက်သွားခဲ့ပါတယ်။ ဦးသန်းရွှေ ဟာ ဘုရားတည်ကျောင်းဆောက်တဲ့ သာသနာပြုပုဂ္ဂိုလ်သွားခဲ့ပါတယ်။ လက်ပူးလက်ကြပ်ဖမ်းမိ တဲ့ ဂိုဏ်းသားတွေ အမှုကလွတ်သွားတယ်။ ရခိုင်အဖွဲ့အစည်းတွေအနေနဲ့ ဒီအမှုကို ပြန်လည်စိစစ်ဖို့နဲ့ ဒီဘုရား၅၇ ဆူကို မူလကြွလာတဲ့ မြောက်ဦးကို အမြန်ပင့်ဆောင်နိုင်အောင် ၀ိုင်းဝန်းကြိုးပမ်းကြစေချင်ပါ တယ်” ဟုပြော သည်။
          မြောက်ဦးမြို့မှ ရှေ့ဟောင်းဘုရားများအား ရှစ်သောင်းဘုရားအနီးတွင်နိဗာန်ဈေးရောင်းသူတစ်ဦးက ဒိုင်ခံစုဆောင်းပေးကြောင်း၊ ကာလအတန်ကြာကပင် ယခုဂိုဏ်းမှာတည်ရှိနေခဲ့ကြောင်း၊ ထိုင်းနိုင်ငံနှင့်
 ဟောင်ကောင်နိုင်ငံများသို့ရောင်းချခဲ့ပြီဖြစ်ကြောင်းသိရသည်။   
        မြန်မာပြည်သို့ပြန်ကြသွားသည့်ဦးခေမာဝံသအားဝရမ်းပြေးကိုဖမ်းမိပြီးဖြစ်ကြောင်းသတင်းပို့ခဲ့သည်။ “မဖမ်းမိခင်အချိန်ထိ ဦးဇင်းမလုံခြုံသလိုခံစားနေရပါတယ်။ ပင်ပန်းခံပေးတဲ့MATအဖွဲ့ကိုကျေးဇူးတင်ပါတယ်။
 ဦးသန်းရွှေ ကိုဘုရားမှောင်ခိုမှုနဲ့ဖမ်းမိတာကို ကြားသိခဲ့ရစဉ်က စမ်းချောင်းရဲစခန်းကို ဆက်သွယ်ပြီး ဦးဇင်း ပစ် သတ်ခံခဲ့ရတာကိုတင်ပြခဲ့တယ်။ လူသတ်မှု၊ ဘုရားမှောင်ခိုဂိုဏ်း တစ်ခုကို လက်ပူးလက်ကြပ်ဖမ်းမိတာ ကို ပြီးစ လွယ် အဆုံးအဖြတ်ပေးခဲ့ကြတာကိုကြည့်ပြီး မြန်မာပြည်ရဲ့ တရားဥပဒေစိုးမိုးမှုက စိုးရိမ်ရေမှတ် ကိုကျော်နေပြီ လို့ပြောချင်ပါတယ်” ဟု မိန့်ဆိုသည်။
       ဦးခေမာဝံသမကြာမီထိုင်းနိုင်ငံသို့ပြန်လာ၍ သက်သေထွက်ဆိုပေးမည်ဖြစ်ကြောင်းသိရှိရသည်။