27 December 2016

“၂၀၁၆ ခုနှစ်ကိုသမင်းလည်ပြန်ကြည့်ခြင်း နှင့် ၂၀၁၇ ကိုလှမ်းမျှော်ကြည့်ခြင်း”



                      
      ၂၀၀၆ ခုတစ်နှစ်ပတ်လုံးပြည်တွင်းမှာရောပြည်ပမှာပါမြန်မာအလုပ်သမားအရေးပြဿ     နာတွေ ပိုမို ရှုတ်ထွေးစွာပေါ်ပေါက်ခဲ့တယ်။ အလုပ်သမားဝန်ကြီးဌာန၊ ဖျန်ဖြေရေးအဖွဲ့နဲ့ ခုံသမာဓိအဖွဲ့တွေရဲ့ စွမ်းေ ဆာင်ရည်ညံ့ဖျင်းမှု တွေကြောင့်အလုပ်သမားတွေနစ်နာဆုံးရှုံးမှုများစွာဖြစ်ခဲ့ပါတယ်။ 

     ရာပေါင်းများစွာသောအလုပ်သမားတွေ ထိုင်းနဲ့  မြ၀တီက ပြန်ပို့ခံခဲ့ကြရတယ်။ ထိုင်းနိုင်ငံမှာ ပွဲစား၊ အာဏာပိုင်နဲ့ အလုပ်ရုံတို့က တစ်ခြမ်းဖြစ်ပြီး အလုပ်သမား တွေဘက်က ထိရောက်တဲ့အကာအကွယ်ပေး 
 နိုင် သူမရှိခဲ့တာပါ။ ခြုံပြောရရင် အလုပ်သမားသံအရာရှိတွေရဲ့ တာဝန်မဲ့မှုတွေကြောင့်ထိုင်းမှာ MOU အလုပ်သမားပြဿ     နာတွေ စိတ်ပျက်စရာများခဲ့ပါတယ်။


       မြန်မာအလုပ်သမားတွေအတွက်အားကိုးလောက်တဲ့ အသင်းအဖွဲ့ ပြည်တွင်းမှာရောပြည်ပမှာပါ ဒီနေ့ အထိ မရှိသေးပါ။ ထိုင်းနိုင်ငံမှာ နိုင်ငံတကာအိုင်အင်ဂျီအိုနဲ့ ထိုင်းအင်ဂျီအိုကလွဲရင်ဘယ်နိုင်ငံခြားသား လူမှုရေးအသင်း အဖွဲ့ကိုမှ တရားဝင်မှတ်ပုံတင်ခွင့်မပြုပါ။ 

    ကျနော်တို့ဟာ နိုင်ငံခြားအင်ဂျီအိုတွေနဲ့ရော မြန်မာသံရုံးအလုပ်သမား သံအရာရှိတွေနဲ့ပါ ပူးပေါင်းဆောင် ရွက်ခဲ့ပါတယ်။ ဒါပေမယ့် နာမည်ကြီးလိုသူ၊ ဂွင်ဖန်တံဆိပ်ကပ်ခေါက်ရိုးကျိုး အကျင့်ဟောင်း မုံလာချဉ်အိုးေ တွဖြစ်တာမို့ စောစောစီးစီးကြောခိုင်းခဲ့ပါတယ်။ အာဏာရှင်အစိုးရလူဟောင်း တွေကအကျင့်ဟောင်းတွေနဲ့
 အခွင့်ထူးခံ အကောင်အထည်ဖေါ်ဆောင်ဆဲပဲဖြစ်ပါတယ်။ ဒါကြောင့်NLDအစိုးရသက်တမ်း(၉လအတွင်း) 
မှာအခြေခံအလုပ်သမားတွေအတွက် ထူးထူးခြားခြားပြောင်းလဲမှုတစ်စုံတစ်ရာမရှိခဲ့ပါ။ 

         ထိုင်းမှာမတရားအလုပ်ထုတ်ခံရတဲ့ MOUအလုပ်သမားတွေနဲ့ကျနော်တို့ရန်ကုန်မှာ သတင်းစာရှင်း လင်း ပွဲလုပ်ခဲ့ကြတယ်။ ပွဲစားတွေရဲ့ဝင်ရောက်နှောင့်ယှက် ရန်တွေ့မှုကြောင့် သတင်းစာရှင်းလင်းပွဲပျက်မ တတ် ဖြစ်ခဲ့ရတယ်။ဘန်ကောက်ပြန်ရောက်တော့ မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မ
တီက နုတ်ထွက် ခဲ့တယ်။ သံရုံးဘာသာပြန်ပွဲစား၊ ပွဲစားများအဖွဲ့ချုပ်နဲ့ညွှန်ချုပ်ကြီးတို့တိုင်ကြားမှုကြောင့် ထိုင်း အလုပ်သမားညွန် ချုပ်ကြီးက MAT နဲ့ AAC တို့ကို ဖမ်းဆီးစစ်ဆေးဖို့ ထိုင်းအစိုးရအထူးစုံစမ်းထောက်လှမ်း   ရးအဖွဲ့ DSI ကို တိုင် ကြားခြင်းခံခဲ့ရတယ်။ ဒါကြောင့် DSI ရဲ့ခေါ်ယူစစ်ကြောခြင်းကိုခံခဲ့ရပါတယ်။ 

        ပွဲစားများအဖွဲ့ချုပ် MOEAF အတွင်းရေးမှူးက သူတို့မတရားတဲ့လုပ်ရပ်တွေကိုရွှေလုပ်သားဝက်ဘ်ဆိုဒ် မှာ ရေးသားတင်ပြတာကြောင့် ခေတ်စားနေတဲ့ ၆၆ (ဃ)နဲ့ ဦးကျော်သောင်း ကို အမှုဖွင့်လို့စစ်ဆေးခံခဲ့ရတ ယ်။ တပြိုင်တည်းမှာပဲ (MOU အလုပ်သမားတွေကို ထိုင်းဘက်မှာဘတ်ငွေတစ်သောင်းဖြတ်ပြီးတာနဲ့   မြန်မာပြည်ကို အကြောင်းအမျိုးမျိုးပြပြီး အမြဲတမ်းပြန်ပို့ကာ မတရားစီးပွားရှာနေတဲ့ Lovely World အေဂျင်
  စီက တင်သွင်းတဲ့ အလုပ်သမားတွေလုပ်နေတဲ့ပန်းရံဆိုဒ်ထဲကို ထိုင်းရဲတွေလာပြီးဖမ်းဆီးလက် ထိပ်ခပ် ခံရတာတွေကို နိုင်ငံတော် အကြီးအကဲတွေဆီကို စာပို့ရကောင်းလားလို့) Lovely World အေဂျင်စီ ပွဲစားမ က ပုဒ်မ ၅၀၀ အသရေ ဖျက်မှုနဲ့ အမှုဖွင့်စစ်ဆေးတာကိုလည်းခံခဲ့ရပါတယ်။  ဒီပွဲစားမကပဲ ၂ကြိမ်တိုင်တိုင် လူလွှတ်ပြီး ဦးကျော်သောင်း ရဲ့မွေးရာဇာတိရခိုင်နေရပ်ကိုစုံစမ်းပြီး၊ တရားရုံးဆင့်စာကိုပို့ခဲ့တယ်။
 ကျောက်ဖြူမြို့နယ်တရားရုံးမှာလည်း ဆင့်ခေါ်စာကိုကြေညာကပ်ထားတယ်လို့လည်းကြားသိခဲ့ရပါတယ်။
      
  ၂၀၁၆ ခုနှစ်ထဲမှာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း ကို ပွဲစား ဂိုဏ်းစတားတွေက ငွေပေးအသတ်ခိုင်းတာ၊ ထောင်ကျအောင်အကွက်ချစီမံတာအပြင်ထိုင်းနိုင်ငံက နှင်ထုတ် ခံရအာင်စီမံကြတာကိုလည်းခံခဲ့ရပါတယ်။ 

         လုံးဝမမျှော်လင့်ထားပဲ စက်တင်ဘာ ၁၄ ရက်နေ့မှာ ထိုင်းအစိုးရအထူးစုံစမ်းထောက်လှမ်းရေးအဖွဲ့ DSI က လူကုန်ကူးမှုနဲ့အရေးကြီးကိစ္စရပ်တွေမှာ ပူးပေါင်းဆောင်ရွက်မှုကြောင့် မိုဒယ်ဂုဏ်ပြုရွှေတံဆိပ်ဆု ကို မြန်မာ သံရုံးနဲ့အတူ ချီးမြှင့်ခံခဲ့ရတယ်။၂၀၁၆ ခုနှစ်အောက်တိုဘာလ ၁ ရက်နေ့မှာကျရောက်တဲ့ ၅၂ နှစ်
 မြောက် မြန်မာ နိုင်ငံရဲတပ်ဖွဲ့နေ့မှာ မြန်မာရဲချုပ် ဦးဇော်ဝင်း က အရေးကြီးမှုခင်းတွေ စုံစမ်းဖေါ်ထုတ်မှုမှာ
 နှစ်ရှည်လများစွမ်းစွမ်းတမံပူးပေါင်းဆောင်ရွက်ခဲ့မှုတွေကြောင့်ဂုဏ်ပြုချီးမြှင့်လွှာပေးအပ်ခြင်းကိုခံခဲ့ရတယ်။

        ဦးကျော်သောင်း ဟာ ထိုင်းမှာအမျိုးမျိုးဒုက္ခရောက်နေကြတဲ့ MOU အလုပ်သမားတွေရဲ့ ပြဿ     နာေ တွ ဖြေလျှော့စေဖို့၊ ပိုမိုကောင်းမွန်စေဖို့အတွက် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ အလုပ် သမားဝန် ကြီး၊ ပြည်ထဲရေးဝန်ကြီးတို့ဆီကို အချက်အလက်အထောက်အထားတွေနဲ့ စာတွေပေးပို့ခဲ့ပါ တယ်။ ရွှေလုပ်သား ၀က်ဘ်ဆိုဒ်ကလည်း အိပ်ဖွင့်ပေးစာတွေရေးသားထုတ်လွှင့်ခဲ့ပါတယ်။ အလညအကျင့် ပျက်ဝန်ထမ်းအချို့ ပွဲစားတွနဲ့ပေါင်းပြီးအကြီးအကျယ်စီးပွားရှာကြတဲ့လုပ်ရပ်တွေကို MATအဖွဲ့ဟာရန်ကုန် မှာ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တယ်။ ပြည်တွင်းထုတ်ဂျာနယ်တွေမှာလည်း အလျဉ်းသင့်သလို ဆောင်းပါး   ရေးသားတင်ပြခဲ့ပါတယ်။

    ဒါပေမယ့် ဒီမတရားမှုတွေက ရပ်တန့်မသွားခဲ့ပါဘူး။ ဒါကြောင့် ၂၀၁၄ ခုနှစ်ကတည်းက မလေးရှားနိုင်ငံ ထုတ် Tone Plus ဖုန်းဆင်းမ်ကဒ်တွေကို ပြည်ပထွက်ခွာအလုပ်လုပ်ကြမယ့် အလုပ်သမားတွေကို တရား မ၀င် ရောင်းချတဲ့ကိစ္စ၊ ထိုင်းကိုလာမယ့် အလုပ်သမားတွေကို ထိုင်းနိုင်ငံထုတ် မင်္ဂလာပါ ဆင်းမ်ကဒ်နဲ့ အသက်အာမခံကြေးဆိုပြီး တရားမ၀င်အာမခံရောင်းတဲ့ကိစ္စတွေကို စီစဉ်လုပ်ကိုင်ခဲ့ကြတဲ့မြန်မာအလုပ် သမားဝန်ကြီးဌာနက ညွန်ကြားရေးမှူးချုပ်နဲ့  ပွဲစားများအဖွဲ့ချုပ် MOEAF က ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူးဆို သူတွေကို (စာရွက် စာ တမ်းအထောက်အထားအပြည့်အစုံနဲ့) ဆက်သွယ်ရေးပုဒ်မ ၆၆ (ပ/၁၆၄၆)နဲ့ အသက်အာမခံ တရားမ၀င်ရောင်းချမှု ပုဒ်မ၂၅ (ပ/၁၆၄၅) တွေနဲ့ ၂၀၁၆ ခု အောက်တိုဘာ ၇ ရက်နေ့မှာ
 မြောက်ဒဂုံရဲစခန်းမှာအမှုဖွင့်ခဲ့ပါတယ်။

      အမှုဖွင့်တိုင်ကြားထားတာ၂လကျော်လာခဲ့ပြီဖြစ်တဲ့အချိန်မှာ တရားလိုပြသက်သေတွေကို အကြိမ်ကြိမ် စစ်ဆေးထားပြီးဖြစ်ပါတယ်။ MOEAF က တရားစွဲခံထားရသူ ၃ဦးကိုလည်း ခေါ်ယူမေးမြန်းထားပြီအမြဲတမ်း
 အတွင်းဝန် ကို စစ်ဆေးချက်တောင်းခံထားတယ်လို့ ရဲစခန်းကပြောပါတယ်။ ရဲလုပ်ထုံးလုပ်နည်းအရဥပဒေ အကြံတောင်းခံထားပြီးမကြာမီ တရားရုံးတင်နိုင်မယ်လို့သိရပါတယ်။ 

    လူထုရွေးချယ်တင်မြှောက်ထားတဲ့ ဒီမိုကရေစီ NLD အစိုးရလက်ထက်မှာလွတ်လပ်တဲ့တရားစီရင်ရေးနဲ့ ဥပဒေအထက်မှာ မည်သူမှမရှိပါစေနဲ့လို့ဆုတာင်းပါတယ်။

       မြန်မာအစိုးရအလုပ်သမားဝန်ကြီးဌာနက MAT အဖွဲ့ကိုအယင်နှစ်တုန်းက သင်္ကြန်တို့ နှစ်သစ်ကူးတို့
 မှာ ဆုတောင်းစာတွေပို့ခဲ့ပါတယ်။ ပြည်တွင်းအစည်းဝေးကြီးတွေကိုဖိတ်ကြားခဲ့ပါတယ်။ ဒါပေမယ့်ဒီနှစ်မှာ   တော့ MAT အဖွဲ့ကို မဖိတ်ကြားတော့ပါ။ကျနော်စာပို့တယ်ဆိုတာပုဂ္ဂိုလ်ရေးတိုက်ခိုက်လိုမှုလုံးဝမဟုတ်ပါ။ 

         ပြည်တွင်း၊ ပြည်ပမှာ နေ့စဉ်ဖြစ်ပေါ်နေတဲ့ အလုပ်သမားပြဿ     နာတွေ၊ ခုံသမာဓိဖွဲ့စည်းတာတွေ၊ အလုပ်သမားဦးဆောင်သူတွေကိုအလုပ်ဖြုတ်တာ၊ဖမ်းဆီးထောင်ချတာတွေ၊လပေါင်းများစွာကြာသည့်တိုင် 
  အောင်မရှင်းလင်းနိုင်တာတွေ၊ ပြည်ပက၀င်ရောက်လုပ်ကိုင်နေတဲ့အလုပ်သမားတွေကိစ္စ၊ အထူးသဖြင့်
ပြည်ပ ရင်းနှီး မြုပ်နှံသူတွေလိုအပ်နေတဲ့ ကျွမ်းကျင်အလုပ်သမားတွေမွေးထုတ်နိုင်မှုတွေအတွက် အလုပ် သမားဝန်ကြီးဌာန အဆင်သင့်မဖြစ်နိုင်သေးတာတွေဟာတိုင်းပြည်အတွက် ကောင်းတဲ့လက္ခဏာမဟုတ်ပါ။

         အလုပ်သမားဝန်ကြီးဌာနနဲ့ ပွဲစားများပူးပေါင်းအကောင်အထည်ဖေါ်နေတဲ့ MOU စနစ်ဟာ အလုပ် သမားတွအတွက်အကျိုးနည်းပြီး အကျင့်ဝန်ထမ်းတွေနဲ့ပွဲစားတွေအတွက်သာအကျိုးရှိတာမို့၊ ဒီအတိုင်း ဆက်လက် အကောင်အထည်ဖေါ်ဆောင်နေပါက လူထုရွေးချယ်တင်မြှောက်ထားတဲ့ NLD အစိုးရကို လူထုကအထင်အမြင်လွဲမှားလာမှာသေချာပါတယ်။ 

         ဒါကြောင့် နိုင်ငံတော်အတိုင်အပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ပြည်တွင်း ပြည်ပအလုပ် သမားပြဿ     နာတွေကို ဘယ်သူတွေနဲ့ ဘယ်လို အစီအစဉ်ချမှတ်ပြီး၊ ဘယ်ပုံဘယ်နည်း ဖြေရှင်းမလဲဆိုတာ ကို အချိန်မနှောင်းမီ အလျှင်အမြန်စဉ်းစားသင့်ကြောင်းအကြံပြုချင်ပါတယ်။   
…..……………………………………………………………………………………………………………………………….
                                              “၂၀၀၇ ကို လှမ်းမျှော်ကြည့်ခြင်း”

     မြန်မာနိုင်ငံမှာ အလုပ်အကိုင်အခွင့်အလမ်းတွေ မပေါ်ပေါက်နိုင်သေးမီကာလတစ်ခုအထိ မြန်မာအလုပ် သမားတွေဟာ ပြည်ပကိုထွက်ခွာအလုပ်လုပ်ကြရအုံးမှာဖြစ်ပါတယ်။ NLDအစိုးရသစ်ဟာ ပြည်ပကိုရောက် ရှိ နေကြတဲ့ နိုင်ငံ့လူဦးရေရဲ့ ဆယ်ရာခိုင်နုန်းထက်မနည်းတဲ့မြန်မာအလုပ်သမားတွေကိုဘယ်လို နည်းလမ်း နဲ့ကာကွယ်စောင့်ရှောက်ကြမလဲဆိုတဲ့မဟာဗျူဟာတစ်ရပ်ကိုစနစ်တကျချမှတ်ပြီးအမြန်ဆုံးအကောင်အထည်
 ဖေါ်ဆာင်ရွက်ဖို့လိုအပ်ပါမယ်။ အလုပ်သမားသံအရာရှိတွေထားပါတယ်လို့ပြောဆိုနေခြင်းဟာ အလုပ်သ မားတွေအတွက် အားကိုးစရာဟုတ်မဟုတ်၊ အလုပ်သမားတွေကို စုံစမ်းကြည့်ကသိနိုင်ပါတယ်။

     လက်ရှိ MOU စနစ်ဟာအလုပ်သမားတွေရဲ့ကံကြမ္မာအ၀၀ကိုပွဲစားလက်ထဲမှာအပ်နှံထားရတာမို့ တည့် တည့်ပြောရရင် လူပို့ပွဲစားနဲ့အလညတို့ပါင်းပြီး လူပို့တဲ့ဖက်စပ်စီးပွားရေးလုပ်ငန်းကြီးတစ်ခုသာဖြစ်ပါတယ်။ တယ်။ ပြောင်းလဲချိန်တန်ပြီလို့ကြွေကြော်ခဲ့လို့ လူထုရွေးချယ်တင်မြှောက်တဲ့ NLD ပါတီဦးဆောင်တဲ့ အစိုးရ ဟာ အလုပ်သမားတွေအကျိုးမဲ့တဲ့ လက်ရှိ MOU မူဝါဒကိုဆက်လက် မကျင့်သုံးသင့်တော့ပါ။
     ရွှေ့ပြောင်းအလုပ်သမားတွေ ငွေကြေးလည်ပတ်မှုနဲ့ လုံခြုံစိတ်ချရမှုအတွက် အစီအမံကောင်းတစ်ခုကို
 ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ဆုံခွင့် ရခဲ့စဉ်က ဦးကျော်သောင်း တင်ပြခဲ့ပါတယ်။ အဲဒါကတော့ (ရပ်ကျေး+အလည+ဘဏ် =MOU) ကို တိုင်းပြည် အတွက်အလုပ်လုပ်လိုတဲ့ ၀န်ထမ်းကောင်းတွေနဲ့ အလျှင်အမြန်အကောင်အထည်ဖေါ်ဆောင်ဖို့ပါ။ 

      ဒီစနစ်ကို ဘာကြောင့် အကောင်အထည်ဖေါ်ဖို့တိုက်တွန်းရသလဲဆိုတာကို အနည်းငယ်ရှင်းပြပါမယ်။ (အလုပ်သမားဝန်ကြီးဌာနဟာ နိုင်ငံခြားကိုထွက်ခွာမယ့်အလုပ်သမားအချက်အလက်တွေကိုရပ်ကျေးအုပ်ချုပ်
 ရေးနဲ့အတူတူယူမယ်၊ အလုပ်သမားအတွက်ကုန်ကျငွေတွေကို ဘဏ်တစ်ခုခုကိုစိုက်ထုတ်စေမယ်) အလုပ် သမားတွေက နိုင်ငံခြားမှာရှိတဲ့မြန်မာသံရုံးနဲ့ဘဏ်ကိုယ်စားလှယ်ကတစ်ဆင့် လုပ်အားခကိုရော့၊ စရိတ်စိုက် ထုတ်လာတာကိုပါပေးသွင်းရမှာမို့၊အလုပ်သမားတွေရဲ့နေရပ်ရင်းမိသားစုတွေဆီကို ငွေတွေလုံလုံခြုံခြုံရောက်
ပါမယ်။

          အစိုးရကလည်း မြန်မာပြည်ကိုပြန်ပို့တဲ့ငွေကြေးကိန်းကဏန်းတွေအတိအကျသိရပါမယ်။ ဘယ်အ လုပ်သမား ဘယ်နေရာမှာ ဘယ်လောက်လုပ်နေတယ်ဆို တာကိုပါသိမယ်။ဘဏ်က ငွေစိုက်ထုတ်ပေးတာ မို့အမှန် တကယ်ကုန်ကျတဲ့ငွေလောက်ပဲအလုပ်သမားတွေကုန်ကျတော့မှာဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ် မြန်ဖို့
နဲ့မှန်ဖို့အတွက်ကို တိုင်းပြည်နဲ့လူမျိုးအတွက် အလုပ်လုပ်ပါမယ်လို့ မဲဆွယ်ခဲ့တဲ့အမတ်တွေက ၀ိုင်းလုပ်ကြရ ပါလိမ့်မယ်။ ဒါကြောင့် MOU ကို ဒီနည်းနဲ့အကောင်အထည်ဖေါ်ဖို့ တိုက်တွန်းရတာဖြစ်ပါတယ်။ 

                “ပြည်တော်ပြန်လိုသူများအတွက် အဆင်သင့်အစီအမံများပြင်ဆင်ထားခြင်း” 
     လောလောဆယ်ကာလမှာ မြန်မာတွေတဖွဲဖွဲ ပြည်ပကိုထွက်ခွာနေကြပေမယ့်ကောင်းမွန်တဲ့ခေါင်းဆောင် မှုနဲ့မှန်ကန်တဲ့မူဝါဒတွေကိုကျင့်သုံးလာခဲ့ရင် နှစ်အနည်းငယ်အတွင်းမှာတသုတ်ပြီးတစ်သုတ်ပြန်လာကြမှာဖြစ်
 ပါတယ်။ထိုင်းနဲ့မလေးရှားနိုင်ငံတို့ကစက်ရုံအလုပ်ရုံအများစုတို့ဟာ မြန်မာအလုပ်သမားတွေအမြောက်အမြား
 နဲ့ လည်ပတ်နေကြတာဖြစ်ပါတယ်။ 

   သန်းပေါင်းများစွာသောမြန်မာအလုပ်သမားတွေအားလုံးပြန်လာတဲ့အခါအဲဒီ အလုပ်ရုံတွေဘယ်လိုလည်
ပတ်ကြတော့မလဲ။အလုပ်သမားတွေကိုဘယ်လိုအစားထိုးကြမလဲ။မြန်မာတွေနေရပ် ရင်းကိုပြန်ဖို့အတွက် ဒီနိုင်ငံတွေက ချောချောချူချူ ခွင့်ပြုပါ့မလား။ ကြိုတင်စဉ်းစားထားကြရပါမယ်။

      နှစ်ပေါင်း ၃၀လောက် ပြည်ပကိုထွက်ခွာလာခဲ့ကြတဲ့ မြန်မာတွေ အခါအခွင့်ကောင်းပြီးမို့   ပြန်ကြမယ် ဆိုရင် ဘယ်နှစ်နှစ်လောက်ပြန်မှ အားလုံးပြန်ရောက်နိုင်မလဲ။ မြန်မာတွေကို အပြင်မထွက်ရပဲ ခြံပိတ်ထား ပြီးလူကုန်ကူးခံထားရတဲ့ကျွန်တွေလို မခိုင်းစေပါဘူးလို့ဘယ်သူပြောနိုင်မလဲ။ စက်ရုပ်လို မခိုင်းစေထားပါ ဘူးလို့ ဘယ်သူ အာမခံနိုင်မလဲ။ လူမျိုးခြားနဲ့ အိမ်ထောင်ပြုထားကြတဲ့ ကိစ္စတွေကအစကြိုတင်စဉ်းစားထား ကြဖို့လိုပါမယ်။ အဲဒီအချိန်မှာ ဘယ်လိုဖြေရှင်းမလဲဆိုတာကိုပါ ကြိုတင်ပြင်ဆင်ထားကြရမှာဖြစ်ပါတယ်။ 

         လက်ရှိNLD ၀န်ကြီးတွေဟာ အာဏာရှင်ခေတ်က၀န်ကြီးတွေလို ကိုယ်ကျိုးအတွက်ရလာဒ်ကိုကြည့် ကြသူတွေမဟုတ်ပဲ၊ တိုင်းပြည်အနာဂတ်ကိုအမြော်အမြင်ရှိစွာနဲ့ဆုံးဖြတ်နိုင်စွမ်းရှိသူတွေလို့ယုံမှတ်ပါတယ်။
 ဒါကြောင့် အယင်မှားယွင်းနေတဲ့မူဝါဒကိုပြင်ဆင်ကြပြီး၊ တိုင်းပြည် ထူထောင်ရေးအတွက်အဓိကအင်အားစု တစ်ရပ်ဖြစ်တဲ့ အခြေခံအလုပ်သမားတွေအတွက် National Plan ကို အလုပ်သမားအရေးကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ ချမှတ်အကောင်အထည် ဖေါ်ဆောင်ရွက်သင့်ပါတယ်။ 

       ထိုင်းအစိုးရ က၂၀၁၂ ခုနှစ်က အိမ်ပြန်စရိတ်အဖြစ် ဘတ်ငွေတစ်ထောင်စီ သန်းပေါင်းများစွာသော
 မြန်မာအလုပ်သများထံက ကောက်ခံထားပါတယ်။ ဘီလီယံနဲ့ချီတဲ့ ဒီငွေကိုNLDအစိုးရအနေနဲ့ ပြန်တောင်း သင့်ပါတယ်။ဒါ့အပြင်အာမခံကြေး(ပကာစာခွန်း)ဆိုပြီးသန်းပေါင်းများစွာသောမြန်မာအလုပ်သမားတွေဆီက
လည်း ၀င်ငွေရဲ့ငါးရာခိုင်နုန်းစီကောက်ခံထားတာတွေကိုလည်း ဘယ်လိုစီမံမလဲဆိုတာမြန်မာအစိုးရသစ်က အသေးစိတ်မေးမြန်းသင့်ပါတယ်။ 

                                                    “ဆုတောင်းဆန္ဒမွန်”
          အာဏာရှင်စနစ်ဆိုးကြောင့် အခွင့်ထူးခံအဘတွေချမ်းသာပြီး၊ မြန်မာတပြည်လုံးကအဆင်းရဲဆုံး၊ ပညာအမဲ့ဆုံးလူမျိုးဖြစ်နေရတယ်ဆိုတဲ့ အရှိတရားကိုလက်ခံနိုင်ကြပါစေ။ မြန်မာနိုင်ငံနဲ့မြန်မာလူမျိုးတို့ ဖွံ့ဖြိုး တိုးတက်ဖို့အတွက်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၁၇ ခုနှစ်မှာလုံးဝဖျက်သိမ်းပြီး အသစ်ပြန်လည်ရေး ဆွဲနိုင်ပါစေ။ ခြစားမှုတိုက်ဖျက်ရေးကိုစတင်အကောင်အထည်ဖေါ်နိုင်ပါစေ။ မြန်မာနိုင်တော်ကြီးကိုတိုးတက်
အောင်ထူထောင်နိုင်မယ့် အမြော်အမြင်ကြီးတဲ့ခေါင်းဆောင်တွေမြောက်များစွာ ပေါ်ပေါက်နိုင်ပါစေ။ တပြိုင် တည်းမှာ အလုပ်လုပ် နိုင်ကြတဲ့ နောက်လိုက်ကောင်းများစွာလည်းပေါ်ပေါက်ပါစေ။ 

       တစ်နိုင်ငံလုံးစစ်ပွဲတွေရပ်စဲပါစေ။ ကင်ဆာလိုအမြစ်တွယ်နေတဲ့ အနောက်တံခါးပေါက် ရခိုင်ပြည်နယ် က ဘင်္ဂါလီပြဿ     နာအဆုံးသတ်ပါစေ၊ သက်ငယ်မုဒိမ်းကျင့်မှုတွေပပျောက်ပါစေ၊ တရားဥပဒေစိုးမိုးဖို့ အတွက် မိုးကျရွှကိုယ်ဝါဒကို ရပ်တန့်နိုင်ပါစေ။

        မှုခင်းများကိုစုံစမ်းဖေါ်ထုတ်နိုင်တဲ့အရည်အသွေးရှိတဲ့ရဲတပ်ဖွဲ့ဖြစ်ရန်အတွက်၊ အုပ်ချုပ်ရေး၊ ရဲတပ်ဖွဲ့နဲ့
 ထောက်လှမ်းရေးတပ်ဖွဲ့ကို သမ္မတ အောက်မှာထားရှိရေး၊အခန်းကဏ္ဍတိုင်းတို့မှာအနာဂတ်ကာလအတွက်
 စိတ်ချရတဲ့ အချီးမြှောက်၊ အထောက်အပံ့၊ လခရိက္ခာ ပြည့်မီရေး။ အစိုးရဌာနတိုင်းမှာ အလုပ်ကိစ္စရပ်တိုင်း ဟူသမျှတို့ကို One Stop Service (နေ့ခြင်းပြီးဆောင်ရွက်ခြင်း) တို့ကိုတိတိကျကျစတင်အသုံးပြုအကောင် 
အထည်ဖေါ်နိုင်ပါစေ။ အာဏာရှင်စနစ်တုန်းကလို အပေါ်က ပေးတဲ့မှားယွင်းတဲ့အမိန့်တွေကို အကောင်အ ထည်ဖ်ါတဲ့ပုံစံမှသည် အောက်ခြေမှလူထုနဲ့လူမှုအသင်းအဖွဲ့များရဲ့အသံများကို ကြားသိအကောင်အထည်
 ဖေါ်တဲ့ အစိုးရဖြစ်ပါစေ။

          မြန်မာနိုင်ငံသားလူတစ်ဦးချင်းတို့ကလည်း အကျင့်ဆိုးတွေကိုစွန့်ပယ်ပြီး ဒီမိုကရေစီနဲ့ထိုက်တန်တဲ့ စည်းကမ်းရှိတဲ့လူမျိုးဖြစ်အောင်တည်ဆောက်ကြရမှာဖြစ်ပါတယ်။ နိုင်ငံတော်အတိုင်အပင်ခံပုဂ္ဂိုလ်
 ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတကြီး၊ ကာချုပ်နဲ့ တိုင်းပြည်တိုးတက်မှုကို လိုလားစွာဆောင်ရွက်နေကြတဲ့
 နိုင်ငံခေါင်းဆောင်အားလုံးနှင့်၊ နိုင်ငံသား အားလုံးတို့ အန္တရာယ်ကင်းကြပါစေ၊ ကျမ္မာချမ်းသာကြပါစေလို့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MATက နှစ်သစ်မင်္ဂလာဆုတောင်းထောပဏာချွေလိုက်ရပါတယ်။
   
                                 ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT