17 December 2016

"အမေစုနဲ NLD အစိုးရကိုကျေးဇူးလည်းတင် ၀မ်းလည်းသာတယ်"



                                                                     ၂၀၁၆ ခု ဒီဇင်ဘာလ ၁၇ ရက်နေ့

    ၂၀၁၆ ခု ဇွန်လ ၂၅ ရက်နေ့က ဘန်ကောက်မြန်မာသံရုံးအစည်းဝေးခန်းမထဲမှာ အခြားလူတွေနဲ့အတူ ကျနော်ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ စကားပြောခွင့်ရရှိခဲ့ပါတယ်။ အကြောင်းအရာ(၃)ခု တင်ပြခွင့်ရရှိခဲ့ပါတယ်။  

 (၁) အမေစုခွင့်ပြုပါက နိုင်ငံတကာအဆင့်မီ နိုင်ငံသားကဒ် ID ကဒ်ကို မြန်မာတစ်နိုင်ငံလုံးကို ဂျပန်ကုမ္ပဏီ ၃ခု ကအခမဲ့လုပ်ပေးလိုကြောင်း။(၂) ၀န်ထမ်းတွေမတရားစီးပွားရှာ၊ ပွဲစားတွခေါင်းပုံဖြတ်မှုတွေ နိဂုံးချုပ် ပြီး အလုပ်သမားတွေ လုပ်အားခအပြည့်အ၀ရရှိကာ ဂုဏ်သိက္ခာရှိရှိ အလုပ်အကိုင် လုပ်ခွင့်ရရှိစေရေး အတွက် (ရပ်ကျေး+အလည+ဘဏ်=MOU) အစီအစဉ်ကို ဖေါ်ဆောင်သင့်ကြောင်း၊ (၃) လေးသန်းထက် မနည်းရှိနေတဲ့ ထိုင်းရောက်အလုပ်သမားတွေကို ကာကွယ်စောင့်ရှောက်နိုင်ရန်အတွက် (လူကုန်တားရဲ၊ အလည၊ မြန်မာရှေ့နေ၊ ဘာသာပြန်၊ လူကယ်ပြန်၊ လ၀က) တို့ လာရောက်၍ ထိုင်းမှ မြန်မာအသင်းအဖွဲ့ များနှင့်ပူးပေါင်းကာ အနည်းဆုံးရုံး၂ရုံးခန့်ထိုင်းနိုင်ငံတွင် အမြန်ဆုံးလာရောက်ဖွင့်လှစ်ကူညီပေးသင့်ကြောင်း တင်ပြခဲ့ပါတယ်။ ရံပုံငွေအတွက် ၂၀၁၂ ခုနှစ်က ထိုင်းအစိုးရအိမ်ပြန်စရိတ်ဖြတ်တောက်ထားတဲ့ ဘီလီယံေ ပါင်း များစွာသောငွေကိုပြန်လည်တောင်းခံအသုံးပြုနိုင်ကြောင်းတင်ပြခွင့်ရခဲ့ပါတယ်။

       ၆လအကြာမှာ နံပါတ်(၁) တောင်းဆိုချက်ဖြစ်တဲ့ နိုင်ငံတကာအဆင့်မီ ID မှတ်ပုံတင်ကဒ်ကို စမ်းသပ် လုပ်ဆောင်နေပြီဖြစ်ကြောင်း ကြားသိရတာကြောင့် ၀မ်းသာစွာနဲ့ ဒီစာကိုရေးသားတင်ပြရခြင်းဖြစ်ပါတယ်။
 နောက်ထပ် တောင်းဆိုချက်၂ချက်တို့ကိုလည်း လူထုရွေးချယ်တင်မြှောက်ထားတဲ့ NLD အစိုးရနဲ့ လူထုေ ခါင်းဆာင် အမေစုအနေနဲ့ အလျှင်အမြန်အကောင်အထည်ဖေါ်ဆောင်ရွက်နိုင်လိမ့်မယ်လို့ ကျနော်တို့ အပါအ၀င် အလုပ်သမားထုကြီးတွေက မျှော်လင့်နေကြပါတယ်။

         ဒါ့အပြင် အကြောင်းအရာအဖြစ်အပျက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ရေးသားထားတဲ့ အမေစုသို့မှာ တမ်းချွ အကြံပြုစာတမ်းနဲ့၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ပါစာအုပ် ၄အုပ်နဲ့ အတူ ရခိုင်လူငယ်တွေစုပေါင်းအကောင် အထည် ဖေါ်မှတ်တမ်းပြုခဲ့ကြတဲ့ ၂၀၁၃ ခုနှစ်က မဟီဒေါတက္ကသိုလ်မှာကျင်းပခဲ့တဲ့ရခိုင်သမိုင်းဆိုင်ရာနိုင်ငံ 
တကာ ပညာရှင်များရှင်းလင်းပွဲ တိပ်ခွေ ၄တွဲတို့ကိုပါကိုယ်တိုင် လက်ဆောင်ပါးနိုင်ခဲ့ပါတယ်။

     ဤကိစ္စရပ်များဟူသမျှတို့ဟာ အလုပ်သမားများအကျိုး၊ တိုင်းပြည်နှင့်လူမျိုးအကျိုးတို့ကို မိမိတတ်စွမ်းသမျှ  သယ်ပိုးဆောင်ရွက်ခဲ့ခြင်းဖြစ်တာကြောင့် အလွန်ကျေနပ် ပီတိဖြစ်မိပါတယ်။ အမေစုနဲ့တွေ့ဆုံခွင့်ရရှိအောင်  ခွင့်ပြု စီစဉ်ပေးခဲ့တဲ့ မြန်မာသံအမတ်ကြီး ဦးဝင်းမောင် ကိုလည်း အလွန်ကျေးဇူးတင်ပါတယ်။

                           အမှန်တရားကို အစဉ်ထာဝရ ဦးထိပ်ပန်ဆင်လေးစားလိုက်နာလျှက်
                                                           ဦးကျော်သောင်း
                                                              ဒါရိုက်တာ
                                        ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT
                                                ဘန်ကောက်မြို့၊ ထိုင်းနိုင်ငံ