25 December 2016

“မနေ့တစ်နေ့ကမဟုတ်”



   


 ဆင်၊ ကျား၊ ရှားပါးတိရစ္ဆာန်တွေ၊ ရွှေငွေ၊ ကျောက်သံပတ္တမြားနဲ့တွင်းထွက်တွေ၊ ဂက်စ်တွေ၊ သစ်တွေ၊ ထိုင်းနိုင်ငံကို တလိမ့်လိမ့်ဝင်နေတယ်။ ဒါတွေ မနေ့တစ်နေ့ကမဟုတ်။


ထိုင်းငါးဖမ်းလှေမှာ ပဲ့နင်းတစ်ဦးသာ ထိုင်းဖြစ်ပြီး စက်ဆရာ ပိုက်ဆရာ၊ လှေထိုးသားအားလုံးဗမာ။ ငါးသွားဖမ်းတာ မြန်မာရေပိုင်နက်။ မနေ့တစ်နေ့ကမှမဟုတ်။ 

ဗမာရေပိုင်နက်မှာ ဗမာလှေလုပ်သားတွေနဲ့ငါးပုဇွန်တွေဖမ်း၊ စက်ရုံတွေမှာ ဗမာအလုပ်သမားတွေနဲ့ပင် လယ် အစားအစာထုတ်ပိုး၊ ဗမာပြည့်တန်ဆာတွေကို ဗမာလှေသမားတွေက ပျော်ပါးပြီး ထိုင်းတွေက အမြတ်ယူ သေနေကြတဲ့ ဗမာတွေ ဒုနဲ့ဒေး၊ မနေ့တစ်နေ့ကမှမဟုတ်။

ဗမာတွေကို အကုန်ခိုင်းလို့ရတယ်။ သတ်ချင်သတ်ပစ် ဘာမှမဖြစ်၊ တစ်နေ့တစ်နေ့ဝင်လာနေကြတာ  လး ငါးရာ။ မလာနဲ့တားပေမယ့်မရ၊ တလိမ့်လိမ့်ဝင်လာနေတယ်။ မနေ့တစ်နေ့ကမှမဟုတ်။

ထိုင်းနဲ့စကားပြောဖြစ်တော့၊ ထိုင်းကိုကြွားတာက ငါတို့တိုင်းပြည်ကမင်းတို့ထက်အဆင့်မြင့်တယ်။ထိုင်းတွေ မရောက်ဖူးတော့ ဟုတ်သလိုနဲ့ ညာဖြီးတော့၊ အဟုတ်ထင် ကျင်ကျင်ပေါ့။ မနေ့တစ်နေ့ကမှမဟုတ်။

၂၀၁၀ လည်းရောက်ရော မြန်မာပြည်ကိုထိုင်းတွေ အိမ်တိုင်းစေ့သွားပလိုက်ကြတာ။  အိမ်သာမရှိတဲ့တိုင်း   ပြည်၊ နေရာတိုင်းမှာကွမ်းသွေး၊ လမ်းမှာသေးပေါက်၊ သန့်ရှင်းတဲ့နေရာဆိုတာ ရွှေတိဂုံတဲ့။ ထိုင်းကိုကြွား ခဲ့သမျှ အညာတွေပေါ်ကုန်ပြီး၊ ဗမာအကျင့်ဆိုးတွေက မနေ့တစ်နေ့ကမှမဟုတ်။
ထိုင်းတွေကမေးတယ်။ မင်းတို့ဗမာတွေဟာ၊ထိုင်းတောင်ပိုင်းကကုလားတွေလိုနယ်မြေလည်းမ တောင်းကြ 
ဘူး။ ဗုံးလည်းမခွဲကြဘူး။ နိုင်ငံသားဖြစ်ဖို့လည်းမကြိုးစားကြဘူး။ အလုပ်ပဲလုပ်ကြတယ်တဲ့။ 

ဦးသန်းရွှေ ဆိုတဲ့ စစ်ဘီလူးကြောင့် မြန်မာပြည်မှာရေလည်းမရှိ၊ မီးလည်းမရှိ၊ အလုပ်လည်းမရှိဘူးပေါ့။ လူတွေကိုသာမက ဘုန်းကြီးတွေကိုပါ ပစ်သတ်တာ။ ရက်စက်တယ်။ လယ်တွေမြေတွေအကုန်သိမ်းတယ်။ ရှိသမျှ အကုန်ရောင်းစားတယ်။ နောက်လိုက် ဗိုလ်ချုပ်ကြီးတွေလည်း အလိုတူတွေပေါ့။

ဒီလူတွေနဲ့ ဒီစနစ်သာမရှိတော့ပဲ။ ဒီမိုကရေစီအစိုးရသာတက်ရင် ကျုပ်တို့တိုင်းပြည်တိုးတက်မယ်၊ အေးချမ်း မယ်။ ကျနော်တို့လည်း နေရပ်ပြန်ပြီး အလုပ်လုပ်စားကြမယ့်ပေါ့။ ဗမာတွေက ထိုင်းတွေကို ကြွားခဲ့၊ ပြောခဲ့
  ကြတယ်။  မနေ့တစ်နေ့ကမှမဟုတ်။

သားကိုပယ်၊ လင်ကိုပစ်ပြီး တိုင်းပြည်မျက်နှာမူ၊ ဒီပဲယင်းမှာလုပ်ကြံခံရ၊ အကျယ်ချုပ်၊ အစာငတ်ခံခဲ့တာ
 ဒေါ်စု။ ပြောင်းလဲချိန်တန်ပြီ၊ လူကိုမကြည့်နဲ့ ပါတီကိုကြည့် အလံကိုကြည့်၊ NLD ပေးဆပ်ခဲ့မှုတွေငဲ့ကြည့် ကြပေါ့။

အာဏာရှင်ကိုစိတ်နာ၊ ခေတ်တစ်ခေတ်ကိုမြည်းစမ်းချင်နေကြတဲ့ မြန်မာတွေ၊ အမေစုကို ယုံလို့ ပုံအောခဲ့ကြ တယ်။ လက်သန်းမင်တို့လို့ အာဏာရှင်တွေကို ထိုင်ခုံပေါ်ကတွန်းချနိုင်ခဲ့ကြတယ်။မနေ့တစ်နေ့ကမှမဟုတ်။

အမေရိကန် တစ်ဒေါ်လာကို ၁၄၀၀ကျပ်၊ ရွှေတစ်ကျပ်သား ရှစ်သိန်းခွဲ။ ဆန်၊ဆီ၊ ဆား၊ငရုတ်၊ ကြက်သွန် အခြေခံစားကုန်တွေမိုးပေါ်ရောက်သွားခဲ့ကြပြီ။  မနေ့တစ်နေ့ကမှမဟုတ်။



ကြိုက်တာယူ ကျပ်ငွေ ၅၀၀၀၊ လက်ပတောင်းတောင်၊ ကျောက်ဖြူနဲ့ ကချင်ပည်နယ်မှာ တရုတ်တွေဝင် အလုပ်လုပ်ကြတာ တိုင်းပြည်အတွက်အခွန်ဘယ်နှစ်ပြားရလို့လဲ။ ကျုပ်တို့တိုင်းပြည်မှာ ဒီတရုတ်တွေ ဘာကြောင့် ဒီလိုလုပ်ချင်တိုင်း လုပ်ခွင့်ရနေသလဲ။ မနေ့တစ်နေ့ကမှမဟုတ်။ 

အမျိုးသားမှတ်ပုံတင်ကို ငွေပေးပြီးဝယ်လိုရတာဟာ နိုင်ငံသားအဖြစ်ကို ငွေပေးဝယ်လို့ရတာနဲ့အတူတူပဲ။ 
စီးပွားရေးလုပ်ငန်းအကုန်လုံးနီးပါး တရုတ်နဲ့ကုလားတို့လက်ထဲမှာ။ သူတို့အားလုံးနိုင်ငံသားဖြစ်လို့။ 
ရခိုင်ပြည်မြောက်ပိုင်းက ကုလားလက်ထဲရောက်၊ မန္တလေးက တရုတ်လက်ထဲကိုကျ၊ မနေ့တစ်နေ့ကမှ မဟုတ်။

မြန်မာတွေနိုင်ငံခြားမှာ ဈေးမရောင်းရဘူး။ နေထိုင်ခွင့်နဲ့အခွန်က ထက်ဝက်လောက်ကုန်တယ်။ နိုင်ငံခြား မှာ ဈေးရောင်းခွင့်ရဖို့နေနေသာသာ ခေါင်းတောင်မပြူရဲဘူး၊ မနေ့တစ်နေ့ကမှမဟုတ်။

အနောက်တံခါးပေါက် ရခိုင်ပြည်မှာ ဘင်္ဂါလီကုလားတွေက ၉၈ ရာခိုင်းနုန်းရှိနေပြီ။ လာဘ်စားတဲ့ဝန်ထမ်းေ တွနဲ့ ဘင်္ဂလားဒေ့ခ်ျက ကုလားတွေ ၂ညအိပ်တာနဲ့ ရန်ကုန်မြို့ကဗလီထဲကိုရောက်အောင် အမြန်ပို့နိုင် တယ်။ မနေ့တစ်နေ့ကမှမဟုတ်။ 

လက်နက်ကိုင်တိုင်းရင်းသားပေါင်းစုံတို့ တန်းတူရေးအတွက် နှစ်ပေါင်း ၇၀ ကျော်ကြာ တိုက်နေခဲ့ကြတယ်။ တမြေတည်းနေ တရေတည်းသောက်၊ တစ်နိုင်ငံတည်းသား ညီကိုချင်း သတ်ဖြတ်နေခဲ့ကြတာ။ တိုင်းရင်း သားကို ဗမာကပစ်သတ်လို့ သူရဘွဲ့ရကြတယ်။ လက်နက်တွေဝယ်ဖို့ တောတွေခုတ်၊ ကျောက်တွေတူး။ ခုထိ စစ်ပွဲကမရပ်နိုင်။

ငြိမ်းချမ်းရေးအတုကို ကားပါမစ်တွေနဲ့လဲ။ နိုင်ငံခြားပြန်နဲ့ ဒေါက်တာတွေကိုအကြံပေးခန့်ပြီး လုပ်ပိုင်ခွင့်တွေ အရောင်းအ၀ယ်လုပ်လိုက်ကြတာ ဦးသိန်းစိန် တစ်ခေတ်မှာ ချမ်းသာခဲ့ကြတယ်။ ကျည်ပေါက်သံက မစဲခဲ့။ မနေ့တစ်နေ့ကမှမဟုတ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ကြားပွဲစားနဲ့ ကိုကြီးကျယ်တွေက မူဘောင်တွေနဲ့ စခန်းဆက်သွားနေကြတော့၊ ကချင်စစ်ပွဲက ဒုတိယကမ္ဘာစစ်မှာ ဂျပန်တွေ ဗုံကြဲသလိုကြဲချဆိုပဲ။ ရခိုင်၊ ကရင်၊ ကချင်နဲ့ ရှမ်းဒုက္ခသည် စခန်းများ။ မနေ့တစ်နေ့ကမှမဟုတ်။

ငါးလောင်းပြိုင်၊ လေးလောင်းပြိုင်၊ ငွေလဲကောင်တာတွေ နေ့ခင်းကြောင်တောင်လုယက်မှု၊ သက်ငယ်မုဒိမ်း
ကုန်သေတ္တာကားကြီးတွေနဲ့ မူးယစ်ဆေးဝါးတွေ၊ ရခိုင်မှာ သန်းချီပြီးဖမ်းမိနေတဲ့ ရာဘဆေးပြားတွေ၊
အယင်ဝန်ကြီးတွေ၊ မြေတွေငှါးစားခဲ့တာ၊ နိုင်ငံတော်ပိုင်တွေငွေတွေကိုခိုးယူထားတာတွေ၊ ခြစားမှုအဆိုးဆုံး
ကိစ္စတွေကို NLD အစိုးရဘာမှ အကောင်အထည်မဖေါ်နိုင်သေး။ မနေ့တစ်နေ့ကမှမဟုတ်တာ။

ဆေးရုံက ပြည်သူအားကိုးလောက်တဲ့အဆင့်မရှိ၊ ပညာရေးကလည်း ကြက်တူရွေးနုတ်တိုက်သင်၊ အလုပ် သမားဝန်ကြီးဌာနဆိုတာ ပွဲစားတွေနဲ့ ဖက်စပ်ကုမ္ပဏီလို အမြတ်ယူ လူပို့လို့။ ၀န်ထမ်းယန္တရား အားလုံးက လူဟောင်းနဲ့ မူဟောင်းအတိုင်း ဒရွတ်တိုက်နေကြတာလည်း မနေ့တစ်နေ့ကမှမဟုတ်။
အာဏာရှင်စနစ်တည်မြဲရေးအတွက်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဖို့ကတိပေးခဲ့တဲ့ အမေစု ကို လူထုက အားကိုးယုံကြည် အပ်နှင်းခဲ့တဲ့ လုပ်ကိုင်ခွင့်ဟာ။ မနေ့တစ်နေ့ကမှမဟုတ်။ 

ဘာလိုလိုနဲ့ ၉ကျော်လာခဲ့ပြီ။ ၉လဆိုတာ ၅နှစ်တာ မင်းသက်တမ်းရဲ့ ၁၅ ရာခိုင်နုန်းအချိန်ကုန်ခဲ့တာ။ မပေါ့နဲ့ မလျှော့နဲ့ ပြည်သူတွေ ဆင်းရဲတွင်းထဲမှာနစ်ပြီးရင်းနစ်နေခဲ့တာ မနေ့တစ်နေ့ကမှမဟုတ်။

အာဏာရှင်တွေကိုယ်ကျိုးရှာ၊တိုင်းပြည်မှာ ကောင်းတာဘာတစ်ခုမှမကျန်ခဲ့။ လုပ်စရာတွေကအများကြီး၊ အသက် ခုနစ်ဆယ်ကျော်အဖွားအရွယ်ရောက်မှ နိုင်ငံ့တာဝန်ထမ်းခွင့်ရတဲ့ အမေစု။ အရွယ်နဲ့မမျှအောင် ပင်ပန်းခံ အလုပ်လုပ်ရတာ သနားလိုက်ပါဘိ။ လေးစားလိုက်ပါဘိ။ မနေ့တစ်နေ့ကမှမဟုတ်။

အမေစုကို လက်သန်းမင်တို့ပြီး မင်းမြှောက်ခဲ့တာ မနေ့တစ်နေ့ကမှမဟုတ်။ ကျနော်တို့မျှော်လင့်နေခဲ့တာ မနေ့တစ်နေ့ကမှမဟုတ်။                                          

                                           မောင်မောင်မြတ်ညို