၂၀၁၆ ခု ဒီဇင်ဘာ ၂၇ ရက်
မောင်သန့်
တရားမ၀င် မြန်မာ ၁၇ ဦးတင်ဆောင်ပြီးထိုင်းနိုင်ငံတောင်ပိုင်းရနောင်းမြို့မှ
ခြုံဖေါ်မြို့သို့တင်ဆောင် လာသည့် ကားတစ်စီး ယနေ့နံနက် ၄နာရီတိတိအချိန်တွင် ခြုံဖေါ်မြို့အနီးတွင်
တိမ်းမှောက်သွားသဖြင့် ကားမောင်းသူနှင့် မြန်မာအမျိုးသား၃ဦးတို့သေဆုံးခဲ့ကြောင်း မန်နေဂျာအွန်လိုင်း
သတင်းတွင်ရေး သားဖေါ်ပြထားသည်။စူရတ်မှ ကားတစ်စီးနှင့် တရားမ၀င် မြန်မာ
များကိုတင်ဆောင်လာသည့်ကား ပွတ်တိုက်မိရာမှ
ကားတိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။
ကားတိမ်းမှောက်မှုကြောင့် မြန်မာ ၁၄ဦး (ကျား၇ဦး+မ၇ဦး)
တို့အားခြုံဖေါ် ဆေးရုံတင်ထား ရပြီး ၈ဦးမှာ ဒဏ်ရာပြင်းထန်သည်ဟုသိရပါသည်။
ခြုံဖေါ်ဆေးရုံတွင် ဆေးဝါးကုသနေသူများမှာလည်း ထိုင်းစကားကိုမပြောတတ်ကြရုံသာမကကားမောင်း သူပါ သေဆုံးသွားသဖြင့် လူကုန်ကူးသူများ၏ အချက်အလက်များကိုရရှိရန်အတွက် ပြတ် တောက်သွား ခဲ့ရသည်ဟုဆိုပါသည်။