31 December 2016

“ကျောက်တော်မဟာမြတ်မုနိဘုရားမှာရခိုင်အချုပ်အခြာအာဏာကျဆုံးခြင်း၂၃၂ နှစ်မြောက်နေ့ကျင်းပ”



        
၂၀၁၆ ခု ဒီဇင်ဘာ ၃၁ ရက်
မြတ်ညို (အလွတ်သတင်းထောက်)

    ၂၃၂ နှစ်မြောက်ရခိုင့်အချုပ်အခြာအာဏာကျဆုံးခြင်းအောက်မေ့ဘွယ်အခမ်းအနားကိုရခိုင်ပြည်နယ်
 ကျောက်တော်မြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး၏ အရှေ့ဘက်မုဒ်တွင် ယနေ့ကျင်းပခဲ့ကြသည်။

        အခန်းအနားတွင် ANP ပါတီဥက္ကဌ ဒေါက်တာအေးမောင် နှင့် စာရေးဆရာရမ္မာဝတီ အသျှင်ပညာစာရ နှင့် သူမြတ်(မဟာအောင်မြေ) တို့က ဟောပြောခဲ့ကြသည်။ 

အခမ်းအနားသို့ မြောက်ဦးမြို့နယ်ရှိ ကျေးရွာပေါင်း ၅၃ ရွာတို့မှ ထောင်ပေါင်းများစွာသော ဒေသခံ ရခိုင်လူမျိုးများတက်ရောက်ခဲ့ကြသည်။

         ရခိုင်သမိုင်းများအဆိုအရ မာရယုမင်းသည် ပထမဓည၀တီမြို့ကို ဘီစီ ၃၃၂၅ တွင်စတင် တည်ထောင်ခဲ့ ပြီး မင်းဆက်ပေါင်း (၅၇)ဆက်၊နှစ်ပေါင်း ၁၈၁၈နှစ် အုပ်ချုပ်ခဲ့သည်။ 

ဒုတိယဓညဝတီခေတ်ကို ဓမ္မရာဇာမင်းက ဘီစီ (၁၅ဝ) တွင်တည်ထောင်ခဲ့ပြီး ထိုမြို့တွင်မင်း (၂၈)ဆက်စိုး စံပြီးနှစ်ပေါင်း (၉၂၇)နှစ်ကြာမြင့်ခဲ့သည်။  

တတိယဓညဝတီခေတ်ကိုစန္ဒသူရိယမင်းသည်ဘီစီ(၅၈ဝ)တွင်တည်ထောင်ခဲ့ပြီးထိုမြို့၌မင်း(၂၅)ဆက်စိုးစံ၍
 နှစ်ပေါင်း (၉ဝ၇)နှစ်ကြာမြင့်ခဲ့သည်။

ဝေသာလီခေတ်ကိုမဟာတိုင်းစန္ဒြားမင်းသည်အေဒီ(၃၂၇)တွင်တည်ထောင်၍မင်းဆက်(၂၆)ဆက်နှစ်ပေါင်း
 (၄၉)နှစ်ကြာမြင့်ခဲ့သည်။

လေးမြို့ခေတ်ကို ခေတ္တသင် မင်းသည် အေဒီ (၈၁၈)တွင်တည်ထောင်၍မင်းဆက်(၆၁) ဆက်နှစ်ပေါင်း (၆၁၂) နှစ်ကြာမြင့်ခဲ့သည်။

ရခိုင်ဒေသတွင် ပထမဓညဝတီခေတ်မှမြောက်ဦးခေတ်ထိနှစ်ပေါင်း (၅၁ဝ၉)နှစ်မင်းဆက်ပေါင်း (၂၄၅) ဆက်အုပ်စိုးခဲ့ပြီးနောက် ၁၇၈၄ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ဘိုးတော်ဦးဝိုင်း(ခ) ဘိုးတော်ပဒုံမင်း က တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ 


      ထို့ကြောင့် ဒီဇင်ဘာ ၃၁ ရက်နေ့ ရောက်တိုင်း ပြည်တွင်းတွင်ရှိသည့် ရခိုင်လူမျိုးများသာမက တကမ္ဘာ လုံးတွင် ပျံ့နှံ့နေကြသည့် ရခိုင်လူမျိုးများတို့က အချုပ်အခြာအာဏာကျဆုံးသည့်နေ့အဖြင့် အစဉ်အဆက် ကျင်းပခဲ့ကြပါသည်။