18 December 2016

“ပြန်ပို့ခံရသည့်MOU အလုပ်သမား၂၃ဦးကိစ္စ တစ်လကြာသည့်တိုင်အောင်တာဝန်ရှိသူများမဖြေရှင်းနိုင်သေး”




၂၀၁၆ ခု ဒီဇင်ဘာလ ၁၈ ရက်
ရွှေလုပ်သား




            MOU အလုပ်သမားတင်ပို့ခြင်းလုပ်ထုံးလုပ်နည်းကို အလွဲသုံးစားလုပ်၍ ထိုင်းနိုင်ငံသို့ ပို့ဆောင်ခဲ့ သည့် အလုပ်သမား၂၃ဦး နေရပ်ရင်းသို့ပြန်သွားခဲ့သည်မှာ တစ်လတိတိကြာမြင့်ခဲ့ပြီဖြစ်သော်လည်း မြန်မာ အာဏာပိုင်များက ထိရောက်သည့် အရေးယူဆောင်ရွက်မှုမရှိသေးကြောင်းအလုပ်သမားများကပြောသည်။

        ရန်ကုန်နှင့်မြ၀တီတို့တွင် အလုပ်သမားညွန်ကြားရေးဦးစီဌာနနှင့် တစ်စုံတစ်ရာ စာချုပ်ချုပ်ဆိုခြင်း၊ စမတ်ကဒ်ထုတ်ပေးခြင်းမရှိခဲ့ပဲ ထိုင်းနိုင်ငံသို့ပို့ဆောင်ခံခဲ့ရသည့် MOU ဖြင့်လာသည်ဆိုသည့် အလုပ်သမား ၂၃ဦးတို့ အား ၁၇.၆.၂၀၁၆ နေ့ကထိုင်းနိုင်ငံမြောက်ပိုင်း တာ့ခရိုင် နောင်ပိကျေးရွာရှိ OS INTER FOOD နာနတ်သီးစက် ရုံသို့ပို့ဆောင် ပေးခဲ့ပါသည်။ အလုပ်သမားများအလုပ်အကိုင်မရှိသဖြင့် ဘန်ကောက်အလုပ် သမားသံအရာရှိထံသို့ အကူညီတောင်းခံခဲ့သော်လည်း တစ်စုံတစ်ရာ ဖြေရှင်းမပေးခဲ့ကြောင်းအလုပ်သမား များ ကပြောပါသည်။




      အလုပ်သမားများက နေပြည်တော်အလုပ်သမားဝန်ကြီးဌာနသို့တိုက်ရိုက်တိုင်ကြားသဖြင့်ပွဲစားများေ
ရာက် ရှိ လာခဲ့ကာ ပြန်လည် ပို့ဆောင်ခဲ့ခြင်းဖြစ်ပါသည်။

          ယခုအလုပ်သမားများ၏ နစ်နာဆုံးမှုများအတွက် အလုပ်သမားများ၏ကိုယ်စားဖခင်တစ်ဦးက
 မြန်မာနိုင်ငံလူကုန်ကူးမှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့နှင့် အလုပ်သမားညွန်ကြားရေးမှူးဦးစီးဌာနသို့ တိုင်ကြား ခဲ့ သည်မှာ ယနေ့တွင် တစ်လတိတိပြည့်သွားခဲ့ပြီဖြစ်သော်လည်း ပြစ်မှုကျူးလွန်သည့် ပွဲစားများကိုတစ်စုံ တစ်ရာ အရေးယူဆောင်ရွက်ခြင်းမရှိသေးကြောင်း အလုပ်သမားများက ပြောပါသည်။ 

          ယခုအလုပ်သမားများ၏ ကိစ္စကို ကူညီဆောင်ရွက်ပေးနေသည့် ရန်ကုန်မှ အလုပ်သမားရေးဆောင် ရွက်သူက “ ဒီကိစ္စ ကို ကျနော်တို့ သတင်းစာရှင်းလင်းပွဲလုပ်သွားပါမယ်။ အလိမ်ခံရတဲ့အလုပ်သမားတွေ ဖက်က ဖြေရှင်းပေးမယ့်သူမရှိဖြစ်နေတယ်။ လူကုန်တားနဲ့ အလည မသိချင်ယောင်ဆောင်နေတယ်ထင် တယ်။ လူလိမ် ပွဲစားတွေက ကျနော်တို့ ကို ပုဆိုးလှန်ပြနေပြီ” ဟုပြောဆိုသွားသည်။

         မန္တလေးတိုင်းနှင့်မကွေးတိုင်းတို့မှ အလုပ်သမား(ကျား၁၂ဦး+မ၁၁ဦး) တို့အား ရန်ကုန်လှိုင်သာယာ ကျန်စစ်သား အိမ်ယာတွင်နေထိုင်သည့်၊ အေဂျင်စီပွဲစားဆိုသူ ဦးထွန်းထွန်း နှင့် ကိုသက်ထွေး ဆိုသည့် ပွဲစား၂ဦးတို့သည် အလုပ်သမားများထံမှ အနည်းဆုံးကျပ်ငွေလေးသိန်းခွဲမှ ငါးသိန်းခွဲအထိယူဆောင်၍ အလုပ်သမားများကိုစာချုပ်ချုပ်ဆိုခြင်း၊ စမတ်ကဒ်လုပ်ပေးခြင်းမရှိခဲ့ပါ။

   အောင်မင်္ဂလာအဝေးပြေးကားဂိတ်မှ ရွှေရတနာ ကားဖြင့် မြ၀တီသို့ပွဲစားမပါပဲအလုပ်သမားများ လာခဲ့ကြရပါသည်။ အလုပ်သမားများကို ဦးလှကြည် နှင့် ကိုမောင်စိုး ဆိုသည့် မြ၀တီပွဲစား ၂ဦးတို့က ပါဖက်အေဂျင်စီအမည်ပါ အင်းဂျီတစ်ထည်အား ကျပ်ငွေ၂၅၀၀ စီပေး၍ အလုပ်သမားကိုဝယ်ဝတ်ခိုင်း၍ ထိုင်းနိုင်ငံသို့လာခဲ့ကြရသူများဖြစ်ပါသည်။ 
  ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MAT ဒါရိုက်တာ ဦးကျော်သောင်း က“အလုပ်သမားကိစ္စတွေသာမကအခြားကိစ္စတွေပါ ခြုံကြည့်လို့ရှိရင် ကျနော်တို့နိုင်ငံကို အုပ်ချုပ်နေ သူတွေ မြန်မာနိုင်ငံသားတွေဟုတ်ရဲ့လား။ မတရားလုပ်ကိုင်သူတွေကို အချက်အလက်အကြောင်းအရာ အတိအကျ အမှန်အကန်ဖြစ်နေပါလျှက် ဘာကြောင့်အရေးမယူကြတာလဲ။ ကျနော်တော့ စဉ်းစားမရအောင်ပါပဲ။ တရားမျှတ လွတ်လပ်တဲ့ ခေတ်ဘယ်တော့များဖြစ်မလဲ၊ အဖိနှိပ်ခံအလုပ်သမားတွေ အတွက် ဘယ်သူကိုအားကိုးရမလဲဗျာ” ဟုပြောဆိုသွားပါသည်။

            ထိုင်းနိုင်ငံနေရာပေါင်းစုံတို့တွင် မြန်မာအလုပ်သမားများ၊ အသတ်ခံရမှု၊ လူကုန်ကူးခံရမှု၊ အမ္မပြု ကျင့်ခံရမှု၊ အလုပ်သမား အခွင့်အရေးချိုးဖေါက်ခံရမှုများ နေ့စဉ်ဖြစ်ပေါ်လျှက်ရှိသော်လည်း ထိရောက်သည့် ကာကွယ်ကူညီမှုများပေးနိုင်သည့် အဖွဲ့အစည်းဟူ၍ မရှိသဖြင့် မြန်မာအလုပ်သမားများမှာ ကိုယ်ဖြစ်ကိုယ်ခံ ဘ၀ဖြင့် မလုံမခြုံနေထိုင်လုပ်ကိုင်နေကြဆဲဖြစ်ပါသည်။


         အကယ်၍ အဆိုပါ အရေးကိစ္စများတိုင်းကို အမှန်တကယ်ကူညီနိုင်သည့်အစိုးရ၊ လူမှုအဖွဲ့အစည်းများ ရှိပါကလည်း ကျွန်ုပ်တို့နှင့် အလုပ်သမားများ သိရှိအောင် လူသိရှင်ကြားကြေညာပေးကြပါရန် ကမ္ဘာ့ရွှေ့ြေ ပာင်း အလုပ်သမားနေ့အထိမ်းအမှတ်နေ့တွင် MAT အဖွဲ့က တောင်းဆိုပါသည်။