03 December 2016

“ပြောလည်းမပြောချင်၊ မပတ်သက်ချင်တော့တဲ့ MOU အလုပ်သမားပြဿ နာ”




၂၀၁၆ ဒီဇင်ဘာလ ၃ ရက်
ရွှေလုပ်သား

  Lovely world ကုမ္ပဏီက မြန်မာပြည်ကိုပြန်ပို့ခံရတဲ့  အလုပ်သမား၂၀ ယောက်ပြဿ      နာ ၈၈ပွင့်လင်း လူ့အဖွဲ့ အစည်းရုံးမှာသတင်းစာရှင်းလင်းခဲ့ပြီး အလုပ်သမားအရေးဆောင်သူများထံသို့ လိုက်လံပြီးအကူ ညီတောင်း ခံနကြောင်း သိရှိရသည်။

       နိုဝင်ဘာလ ၂၃ ရက်နေ့က နေရပ်ရင်းသို့ပြန်ပို့ခံရသည့် အလုပ်သမား ၂၀ဦးတို့သည် နိုဝင်ဘာလ ၃၀ ရက်နေ့က ရန်ကုန်အခြေ စိုက် ၈၈ပွင့်လင်းလူ့အဖွဲ့အစည်းရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါသည်။ 


       ဤအလုပ်သမားပြဿနာကို မဟာ ချိုင်အခြေစိုက် AAC အဖွဲ့နှင့် ဘန်ကောက်အခြေစိုက် အလုပ်သမားသံ အရာရှိ ရုံးခန်းတို့တွင် Lovely world အေဂျင်စီ ဒါရိုက်တာ ဒေါ်ချိုချိုစမ်းတို့ လာရောက်ဖြေရှင်းခဲ့ကြောင်း AAC လူမှုကွန်ယက်စာမျက်နှာတွင်ဖေါ်ပြခဲ့ပါသည်။

      ရန်ကုန် မြောက်ဒဂုံအခြေစိုက် MTUF မြန်မာနိုင်ငံအလုပ်သမားသမ္မဂများအဖွဲ့ချုပ်ဥက္ကဌဟောင်း အလုပ်သမားရေးကျွမ်းကျင်သူ ဦးအောင်လင်း က“၂၇/၁၁/၂၀၁၆ တနင်္ဂနွေ နေ့ညနေပိုင်းမှာ ၈ မိုင် အလုပ်သမားရုံး မှာ ရန်ကုန်တိုင်းအလညညွှန်မှူး ဒေါ်မို့မို့သွင် က Lovely world ကုမ္ပဏီတို့ မှခေါ်ယူ ညှိနှိုင်းခဲ့တယ်လို့ သိရပါတယ်။ အလုပ်သမားတွေကိုလက်ကိုင်ဖုန်းတွေမယူရဘူး။ တကယ်လို့ယူဆောင် လာပါက လွှင့်ပြစ်မယ်လို့ ခြိမ်းခြောက် တားမြစ်ခဲ့တယ်။ အစိုးရရုံးပိတ်ရက်ညပိုင်းမှောင်မှောင်မဲမဲ အချိန်လူမ သိသူမသိ ခေါ်ယူစစ်ဆေး ညှိနှိုင်းပေးတယ် ဆိုတော့ အလညက ဝန်ထမ်းရဲ့ အလုပ်တာဝန်ကျေပွန်မှုကို ဂုဏ်ယူရမှာဖြစ်ပါတယ်။ တရားဝင် ပြန်ပို့တယ် ဆို ရင် smart card က မြဝတီမှာ ပြန်အပ်ခဲ့ရမှာပါ ခုချိန်ထိလုပ်သားတွေလက်ထဲ မှာရှိနေတာတစ်ခုခုတော့မှားနေ သလိုလား” ဟုပြောသည်။

ဘန်ကောက်moea ရုံးခန်း၌ ထိုင်းလုပ်ငန်းရှင်မှပေးသည့် ဘတ်ငွေ ၁၀၀၀၀ ကို မြဝတီရောက်မှ ပေးမည်ဟု Lovely world ကုမ္ပဏီ မှပေးချေမည်ဟုပြောသည်ကို အလုပ်သမားများမှ ယခုသံအရာရှိရှေ့မှောက် တွင်ရ ယူလိုကြောင်း ပြောကြားရာတွင် သံအရာရှိ ဦးမိုးအောင်ခိုင်မှငါ့ကိုမယုံဘူးလားမြဝတီရောက်ရင်ပေးမှာပေါ့ 
ဟုပြောဆို ပြီး အလုပ်သမားများအားမောင်းထုတ်ခဲ့ကြောင်း အလုပ်သမားများမှာ အသံဖမ်းထားကြောင်း  အဆိုပါ ဘတ်ငွေတစ်သောင်းကိုလည်း အလုပ်သမားများယခုတိုင်မရရှိသေးကြောင်း၊ ဦးအောင်လင်း က   ပြောပါသည်။



    ထိုင်းနိုင်ငံသို့ အလုပ်ဖြင့်၂နှစ်စာချုပ်ဖြင့်အလုပ်သမားတင်ပို့သည်ဆိုသော်လည်း Lovely world ကုမ္ပဏီ သည် အလုပ်သမားများကို ထိုင်းနိုင်ငံတွင် ဘတ်ငွေ ၁၀၀၀၀ ဖြတ်တောက်ပြီးသည်နှင့်တပြိုင်တည်း အကြောင်း အမျိုးမျိုးပြကာ ပြန်ပို့လေ့ရှိကြောင်း အမည်မဖေါ်လိုသည့် အေဂျင်စီ ဒါရိုက်တာ၂ဦးကပြောသည်။

      ယခုပြဿ      နာကို ကူညီပေးခဲ့သည့် AAC ဒါရိုက်တာ ဦးခိုင်ကြီးက "ထိုင်းမှာဖြတ်မယ့်ငွေကို မြောက်ဒဂုံ ပင် လုံခန်းမမှာကတည်းကယူထားလိုက်ပြီ။ အလုပ်မရှိပဲထိုင်းနိုင်ငံကို သွင်းလာတာ။နေရာအမျိုးမျိုး ကို   ပြောင်းနေပေမယ့် အလုပ်ကမရှိဘူး။ ဒါကြောင့် ရှစ်လေးလုံးအဖွဲ့ကို အကူညီတောင်းလိုက်ရတာ” ဟုပြော သည်။

       ပြည်တွင်းပြည်ပတို့တွင် အလုပ်သမားများဘက်မှ အကာအကွယ်ပေးနိုင်သည့်အဖွဲ့အစည်း မရှိသဖြင့် အလုပ်သမားမြောက်များ စွာ ဘ၀ပျက်လျှက်ရှိနေကြပါသည်။ ပါဖက်အေဂျင်မှ အလုပ်သမား ၂၃ ဦးကိစ္စ အချက်အလက်ခိုင်မာစွာဖြင့် လူကုန်ကူးမှုတားဆီနှိမ်နင်းရေတပ်ဖွဲ့ထံသို့တိုင်ကြားထားသော်လည်း အလုပ် သမားများမှာ မည်သည့် ထူးခြားမှုမှမရှိ သေးကြောင်း ပြောကြပါသည်။ အလုပ်သမား လူတန်းစားများဘက်မှ ကာကွယ်ပေးမည့် အဖွဲ့အစည်းများ မြန်မာ နိုင်ငံတွင် ယနေ့တိုင် ခိုင်ခိုင်မာမာမရှိခြင်းမှာ အလုပ်သမားများ အတွက် ပိုမို၍ ဖိနှိပ်ခံရမှုကိုဖြစ်စေပါသည်။