09 March 2012

ကုမ္ပဏီ ပန်းရံအလုပ်သမားကဒ် ထုတ်ပြသော်လည်း ပုလိပ်ဖမ်းဆီငွေညှစ်

မတ်လ ၈ ရက်
ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် စူရတ်ဌာနီမြို့ တွင်ရှိသော အီတာလျှံ ထိုင်းဖွံ့ ဖြိုးရေး  ဆောက်လုပ်ရေး
ကုမ္ပဏီမှ  ပန်းရံအလုပ်သမား ၆ဦးတို့  TESCO   Lotus  မှ ဈေဝယ်ပြီး အထွက်တွင် ထိုင်းပုလိပ် က ဖမ်းဆီးပြီး ပါလာသည့် ဘတ်ငွေ ၃၁၀၀ အားယူဆောင်သွားကြောင်း အလုပ်သမားများကပြောသည်။
ပန်းရံအလုပ်သမား ကိုဝင်းသန့် က “ကျနော်တို့  ကုန်တိုက်ထဲက ဈေးဝယ်ပြီးအလုပ်ကိုပြန်ဖို့ ကားငှါးနေကြတုန်း
ပုလိပ်ရောက်လာပြီး  ဘတ် ပါလားလို့ မေးတယ်။ ကျနော်တို့က ကုမ္ပဏီ ကဒ်ပြားကို ထုတ်ပြတယ်။မရဘူး။ ကျနော်တို့ က အလုပ်ကို ဖုန်းဆက်မရဲစခန်းကို ခေါ်သွားတယ်။ ကျနော်တို့ က ကုမ္ပဏီ ကိုဖုန်းဆက်ပါရစေ ဆို
တော့ သားရေတုတ် နဲ့ ရိုက်မယ်လို့ ခြိမ်းခြောက်တဲ့အတွက် ဖုန်းမဆက်ခဲ့ရဘူး။ ကျနော်တို့ ဘောင်းဘီ အိပ်တွေထဲ နှိပ်ပြီးတော့ ပါလာတဲ့ ဘတ်ငွေ ၃၁၀၀ လုံးကိုယူလိုက်တာပဲ” ဟုပြောသည်။
ယမန်နေ့ နံနက်ပိုင်းက ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး စားပွဲပေါ်တွင် ၃၀၀၀ ဘတ်ဟုရေးပြ  ပြီး အလုပ်သမားများက ကုမ္ပဏီ ကဒ်ကို ထုတ်ပြသဖြင့် ၆ ဦးလုံးဘောင်းဘီအိပ်များကို နှိပ်ပြီး တွေ့သမျှ ပိုက်ဆံများကိုသိမ်းယူထားလိုက်ကြောင်း အလုပ်သမား ကျော်ကိုလင်း ကပြောသည်။ အီတာလျှံ ထိုင်း ဖွံ့ဖြိုးရေး   ဆောက်လုပ်ရေးကုမ္ပဏီ တွင် ထိုင်းမြန်မာနယ်စပ်မှ MOU ဖြင့် လာရောက်ပြီး အလုပ်လုပ် နေကြသော မြန်မာအလုပ်သမား ၃၀၀ ကျော်ခန့် ရှိကြောင်း သိရှိရသည်။
အဆိုပါ အလုပ်သမားများသည် ထိုင်းမြန်မာနယ်စပ် ကော့သောင်းမြို့ မှ MOU ပတ်စပို့ နှင့်လာခဲ့ကြသူများဖြစ်ပြီး ၂နှစ် အလုပ်လုပ်ရန် စာချုပ်ချုပ်ဆိုထားရသူများ ဖြစ်ကြောင်း အလုပ် သမားများကပြောသည်။