20 March 2012

“မြန်မာအလုပ်သမားများအတွက် အင်တာနက်ပြတိုက်ဆိုင် မဟာချိုင်တွင်ဖွင့်”

မတ်လ၂၀
မြတ်ညို(အလွတ်သတင်းထောက်) မဟာချိုင်မြို့ထိုင်းယူနီယံအ၀င်လမ်း အမှတ်၂လမ်း
သွယ်တွင်  မြန်မာအလုပ်သမားများ  လေ့လာနိုင်ရန်

အတွက်အင်တာနက်ပြတိုက်InternetPyadalk ဆိုင် တစ်ဆိုင်အားဖွင့်လှစ်လိုက်ကြောင်း ဆိုင်ပိုင်ရှင် ဦးခိုင်ကြီးကပြောသည်။“မဟာချိုင်မှာ ဒီလို လုပ်ဖို့ အတွက်တကယ်မလွယ်ဘူးလေ။ ပုလိပ်ကြေးပေးပြီး ရင်တောင်မှလာပြီးစစ်ဆေးသေးတယ်။ အကျိုးစီးပွား အတွက်အဓိကထားပြီးလုပ်တာ မဟုတ်ဘူး။မြန်မာ
အလုပ်တွေ ခေတ်မီနည်းပညာတွေ လေ့လာ
ခွင့်ရအောင် လုပ်ပေးတဲ့သဘောပါ။ ကျနော်တို့လို ထိုင်းနိုင်ငံအနှံ့ပေါ်ပေါက်အောင် လုပ်ကြစေချင်ပါ တယ်”
ပြီးခဲ့သည့် မတ်လ ၁၈ ရက် တနင်္ဂနွေ နေ့က စတင်ဖွင့်လှစ်ခဲ့ရာ မဟာချိုင်မှအလုပ်သမားများ တစ်နေကုန် သုံးစွဲခဲ့ကြသည်။ ဆိုင်ထိုင်သည့် နည်းပညာကျွမ်းကျင်သူ   ကိုနန္ဒ က“ အင်တာနက် ဆိုင်ကိုလာတဲ့ မြန်မာအလုပ်သမားတွေအနေနဲ့ နံပါတ်တစ်၊ လောလောဆယ်ဆေးလိပ်နဲ့ အရက်ဆိုင်ထဲမှာ
 သောက်လို့မရတော့ဘူး။နံပါတ်နှစ်အင်တာနက်ထဲကရတဲ့နည်းပညာတွေအဆက်အသွယ်  တွေနဲ့ ထိတွေ့
လာတဲ့အဆင့်အတန်းတစ်ခုကို ရောက်ရှိသွားတယ်။ကိုယ့်တိုင်းပြည်ကိုပြန်ရင်လည်း ခေတ်မီနည်းပညာတွေကို
တတ်မြောက်သွားတဲ့အတွက် အလွယ်တကူ သုံးလိုက်ရုံပဲလေ” ဟုပြောသည်။
ဆိုင်းတွင်းရှိ ကွန်ပျူတာ ၁၀လုံးသာရှိသဖြင့်  ရောက်လာသည့်အလုပ်သမားများမှာ မလောက်င ဖြစ်ကာ တန်းစီပြီးစောင့်နေကြရသည်။
အင်တာနက် သုံးခဲ့သူ ကိုမောင်ဝင်း က“ ကျနော်တို့ ဒီဆိုင်ဖွင့်ပေးတာကို အလွန်ပဲ ၀မ်းသာပါတယ်။ ထိုင်း အင်တာနက် ဆိုင်မှာ မြန်မာဖေါင့်သွင်းပြီး သုံးလို့မရဘူး။ ကျနော်တို့ ကအလုပ်သမားပဲလေ။အင်္ဂလိပ်လို အကုန်လုံးမှမသိတာ။ ခုတော့ ဗမာလိုပြောပြီး ဗမာစာနဲ့ စိတ်ကြိုက်သုံးလို့ ရပြီ” ဟုပြောသည်။
ဦးခိုင်ကြီးတို့ ဖွင့်လှစ်ထားသည့် အင်တာနက်ပြတိုက် ဆိုင်တွင် မြန်မာအလုပ်သမားများအတွက် အခြေခံ ကွန်ပျူတာပညာ၊ ဗွီဒီယိုနှင့်ဓါတ်ပုံ တည်းဖြတ်သည့် နည်းပညာတို့ အား အခမဲ့ သင်ကြားပေးကြောင်း သိရှိရသည်။