28 March 2012

“ကားမတော်တဆ တိမ်းမှောက် မြန်မာ ၆ဦးနှင့် ကားမောင်းသူ သေဆုံး”

   မတ်လ ၂၈
ကိုတီး(ရခိုင့်တံခွန်)


ယနေ့ နံနက်ပိုင်းက မဲဆောက်မှ အယုဒ္ဓယ မြို့သို့  မြန်မာအလုပ်သမား ၂၀ ဦးတင်ဆောင်လာသည့် ကား တိမ်း
မှောက်သဖြင့် မြန်မာအလုပ်သမား ၆ဦးနှင့် ကားမောင်သူ ၁ ဦးသေဆုံးသွားခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖေါ်ပြထားသည်။
ထိုင်းပုလိပ်ကား တစ်စီး လိုက်လာသဖြင့်  မြန်မာအလုပ်သမား ၂၀ ဦးတင်ဆောင်လာသည့် စူကိုထိုင်း လိုင်စင်၊ ဟိုင်းလတ်ကား အမှတ်  ကောခေါ-၇၃၅၀ မှာ အရှိန်ပြင်းစွာ မောင်းပြေးသဖြင့်  ဖနခိုစီအယုဒ္ဓယ အနီး ဘန့်ဖယ် ကျေးရွာစောင်ဟောင်း အမှတ်(၂)ရပ်ကွက် ဘန့်ဒွန်နောင် ရေးမြောင်း အကွေ့တွင် ရေမြောင်းထဲသို့ ထိုးကျ သွား ခဲ့သည်။
သေဆုံးသည့် မြန်မာအလုပ်သမား အသက်အရွယ်များမှာ အသက် ၁၃ နှစ်အရွယ်ကလေး(၁)ဦး၊ ၁၄နှစ်မှ ၁၈ နှစ်အတွင်းမိန်းကလေး(၅)ဦးနှင့် အသက် ၁၆ မှ ၁၈ အတွင်း ကျား(၁)  တို့ဖြစ်ကြသည်။
သေဆုံးသူ၆ဦး အလောင်းအား ပထုံဌာနီ စုန်ထာမစပ် လမ်းစစ် ဆေးရုံတွင်ထားရှိသည်။ ဘန်ဖယ်ကျေးရွာဆေးရုံ တွင် ၂ ယောက်  ဆေးဝါးကုသမှု ခံယူနေဆဲဖြစ်သည်။ ဒဏ်ရာ မရရှိသည့် ကျန် ၆ဦးမှာ ဘန့်ဖယ် ရဲစခန်းတွင် ချုပ်နှောင် ထားကြောင်း အယုဒ္ဓယ မြို့နယ် အလုပ်သမားအရာရှိ အမျိုးသမီးPgat Cha La Nan ကပြောသည်။