16 March 2012

**ကျောက်ခဲကို ကျနော် ဆီကြိတ်ခြင်း**

ကျနော့်တို့ BAT ရုံးခန်းမှာ မဟာချိုင်အနီးက မဲခေါင် တံတားအောက် လှေဆိပ် မှာ ရောင်းစားခံခဲ့ရာက
ထွက်ပြေးလွတ်မြောက်လာတဲ့ လှေသမား ကိုမင်းခန့် ဆိုတာ ရှိနေပါတယ်။ သူဟာ နကပထုန် မှာရှိတဲ့ လျှပ် စစ်မီးမောင်းတွေ၊ မီးစက်တွေ တပ်ဆင်တဲ့ ကုမ္ပဏီမှာ အလုပ်လုပ်ကိုင်နေခဲ့သူဖြစ်ပါတယ်။ အောက်
တိုဘာလ မှာ ထိုင်းကို ရေနစ်လာတော့ သူတို့ အလုပ်ရုံလည်း ပိတ်လိုက်ရပါတယ်။
စက်ရုံက ရှိရှိသမျှ  မြန်မာအလုပ်သမားတွေ က   ရွှေတွံတေးဆရာတော် နဲ့ ဘန်ကောက်က ထိုင်းနိုင်ငံ ရောက်မြန်မာနိုင်ငံသားများအဖွဲ့ BAT တို့ ပူးပေါင်း ဖွင့်လှစ် ခဲ့တဲ့ မဟာချိုင်မြို့အနီး ကထုန်ဘန် က ၀တ်ခေါင် မေးဒေးယား ဘုန်းတော်ကြီးကျောင်း ယာယီ ရေဘေး ကယ်ဆယ်ရေးစခန်း ကိုလာရောက် ခိုလှုံခဲ့ကြပေ မယ့် ကိုမင်းခန့် ကတော့ အလုပ်ဆက်လက် ရှာဖွေနေခဲ့ပါတယ်။
မိတ်ဆွေ တစ်ယောက်က မဲခေါင်တံတားအောက် ငါးဖမ်းလှေသို့ ရောင်းစားလိုက်တာကို လှေတစ် ပတ် ၁၄ ရက် ထွက်ရာက ပြန်လာပြီး လှေသူကြီးက အခန်းပိတ်လှောင်ထားမှ ရောင်းစား ခံရမှန်း သိတယ် လို့  ကိုမင်းခန့် က ပြောပါတယ်။
ကိုမင်းခန့် ကလည်း စောင့်နေတဲ့ လှေသူကြီး ပန်းကန် ဆေးနေတုန်း အလစ်မှာ ၆ပေလောက် မြင့်တဲ့
သံပန်းနံရံကို ကျော်တက်ချိန်မှာ ဘောင်းဘီက သံချွန်မှာငြိနေပါတယ်။ အဲဒီအချိန်မှာ နောက်က သစ်သား တုတ်နဲ့ အရိုက်ခံရတာကြောင့် ဘယ်ဘက် ခြေဖမိုး အရိုးကျိုးသွားခဲ့ရပါတယ်။
အဲဒီကနေ သူဟာ ခက်ခက်ခဲခဲ ချောင်းကိုဖြတ်ကူး၊ ဓနိတောကိုဖေါက် ပြီး ပြေးလာခဲ့တယ်။ ကံကောင်း ထောက်မစွာနဲ့ မွန်အလုပ်သမ တွေလုပ်နေတဲ့ ငါးခြောက် အလုပ်ရုံက ထိုင်းလုပ်ငန်းရှင်တစ်ဦး က BAT ကတာဝန်ရှိသူတစ်ဦးကို ဆက်သွယ်ပြီးတော့ လာပို့ခဲ့ပါတယ်။
BAT ကလည်း ထွက်ပြေး လွတ်မြောက်လာသူကို ဆေးရုံကိုအကြိမ်ကြိမ် ပို့ဆောင်ပြီးတော့ ဆေးဝါးကုသ ပေးပါတယ်။ ကိုမင်းခန့် မှာ ယခင်က လုပ်ခဲ့တဲ့ နေထိုင်ခွင့် စာရွက်စာတမ်းတွေကို ရရှိအောင် ကူညီဆောင်ရွက်ပေးတယ်။ ရောဂါကုသနေရင်း နဲ့ ကယ်ဆယ်ရေး စခန်း ပိတ်လိုက်တာကြောင့် ဘန်ကောက်မှာရှိတဲ့ BAT ရုံးကိုခေါ်လာခဲ့ရပါတယ်။
ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ ကိုသွားရောက်ပြီးတော့ အမှုဖွင့်ထားခဲ့တယ်။

ကျနော်တို့ ဟာ ထိုင်းလူကုန်ကူးမှု ဥပဒေ လိုအပ်ချက်အတိုင်း၊ လူကုန်ကူးခံရသူမှာ တရားဝင် နေထိုင်ခွင့်ရအောင် ဆောင်ရွက်ပေးထားပြီးဖြစ်တယ်။ ကိုမင်းခန့် ထွက်ပြေးလာတဲ့ မဲခေါင် လှေဆိပ်က အိမ်ကိုရှေ့ နောက်ဓါတ်ပုံနဲ့ ဗွီဒီယို ရိုက်ကူးပြီးဖြစ်တယ်။ ကိုမင်းခန့် ကို ရောင်းစားလိုက်တဲ့ ပွဲစား တို့ နေထိုင်တဲ့ နေအိမ်ခန်းကိုလည်း မှတ်တမ်း ရိုက်ကူးပြီးဖြစ်တယ်။ လိုအပ်တဲ့ အချက်အလက် တွှေကို အချိန်ယူပြီး ၃ကြိမ်တိုင်တိုင် လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့ က ရဲအရာရှိတွေကို တင်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ ရက်ပိုင်းက မဲခေါင်လူကုန်ကူးမှု တိုက်ဖျက်ရေး တာဝန်ရှိ ရဲအရာရှိက ကျနော်တို့ ဆီကိုရောက်
လာပါတယ်။ အခန်းပိတ်လှောင်ထားခဲ့တဲ့ လှေသူကြီး ထွက်ပြေးသွားတယ်လို့ ကျနော်တို့ ကို လာရောက် သတင်းပို့ ပါတယ်။
ကျနော်တို့ က ကိုမင်းခန့် ကို လှေပေါ်သို့ ရောင်းစားလိုက်တဲ့ ပွဲစား လင်မယားနေတဲ့ နေရာကို ကျနော် တို့ လိုက်ပြမယ်။ ဆိုတော့လည်း မဖြစ်သေးဘူးတဲ့။ ပွဲစားဓါတ်ပုံ လိုပါသေးတယ်တဲ့။