27 March 2012

“ကိုယ့်နွားကိုယ်ရောင်းတာ သွင်းကုန်ထုတ်ကုန်ဥပဒေနဲ့ဖမ်းဆီးအရေးယူ”

              
မတ်လ ၂၇
ညီလေး (ပဲခူး)
    စိုက်ဘဏ် ကိုပေးဆပ်ရမည့် အကြွေးကြောင့် ကျွဲနွားရောင်းချသူ တောင်သူလယ်သမား၇ ဦးနှင့် နွား၃၁ ကောင် အား ပဲခူးတိုင်းဒေသကြီး  က၀မြို့နယ် ရဲမြို့နယ်မှူး နှင့် ကတတ်စိန်ရဲစခန်းမှ လာရောက်ဖမ်း ဆီးသွားခဲ့သည်။
၂၁၊ ၃၊ ၂၀၁၂ရက်နေ့  ပဲခူးတိုင်း က၀မြို့နယ် မှ အောင်မိတ်သာကျေးရွာ သပြေခံကျေးရွာ ဥာဏ်ဦးကျေးရွာ ၀ါတောကျေးရွာ တို့မှ လယ်သမား ၇ဦးတို့သည်မွန်ပြည်နယ်ကင်းရွာတွင်ဖွင့်လှစ်ထားသောကျွဲနွား မွေးမြူရေးနှင့် ရောင်းဝယ်ရေသို့ ရောင်းရန်
အသွား၊စစ်တောင်းမြစ် ကမ်းနားတွင်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
အောင်မိတ်သာကျေးရွာ မှ နွားပိုင်ရှင်လယ်သမား  ဦးခင်ဇော်က“ရေကြီးတာကြောင့်မိုးစပါးတွေအကြိမ်ကြိမ် ပျက်စီးတယ်၊ ရေကျတာလည်း နောက်ကျတဲ့အတွက် ဆောင်းသီးနှံလည်း စိုက်ချိန်မရဘူး။ စိုက်ဘဏ်ကို အကြွေးပေးဆပ်ရမယ့်အချိန်ကလည်းနီးလာပြီ၊ ကြံရာမရဖြစ်ပြီးတော့ ဘ၀တူတွေ နွားသွား ရောင်းကြ တာဖြစ်တယ်။ သူများနွားခိုးရောင်းတာလည်းမဟုတ်ဘူး၊ နိုင်ငံခြားကို ခိုးထုတ်တာလည်းမဟုတ်ဘူး”ဟု
ပြောသည်။
လယ်သမားများအား သွင်းကုန်ထုတ်ကုန် ဥပဒေ ပုဒ်မ ၈၁၊ ၈၃ ဖြင့် အမှုဖွင့် တရားစွဲဆိုထားကြောင်း
ပဲခူးမြို့က အလုပ်သမား လယ်သမားအရေး ဆောင်ရွက်သူ တစ်ဦးက ပြောသည်။
ဆောင်းသီးနှံရလိုရညား စိုက်မိသည့်လယ်သမားများမှာလည်း မြေကြပ်ပိုးကျပြီး အပျက်အစီး များခြင်း
ကြောင့် ယခုကဲ့သို့ ထိုင်းကျွဲနွားများအား မရောင်းချင်သော်လည်း ရောင်းချရခြင်းဖြစ်ကြောင်း၊ စိုက်ဘဏ်
အားအချိန်မီ မပေးဆပ်နိုင်ပါက ထောင်ချ ခံရမည်ကို စိုးရိမ်ကြသဖြင့် ယခုကဲ့သို့ ခိုင်းကျွဲနွားများအား
ရောင်းချရခြင်းဖြစ်ကြောင်း လယ်သမားများက ပြောသည်။