26 March 2012

“ထိုင်းပြန်လုပ်သားတွေကို မြ၀တီ ကိုးသုံးလုံးဂိတ်မှာ ငွေကောက်နေပြီ“

               
မတ်လ ၂၆
မြတ်ညို (အလွတ်သတင်းထောက်)
           ထိုင်းနိုင်ငံအနှံ့အပြားမှဖမ်းဆီးခံရပြီးထိုင်း/မြန်မာ နယ်စပ်သို့ ပြန်လည်ပို့ဆောင်ခံရသည့် မြန်မာအလုပ်သမား များအား မြ၀တီမြို့အနီးရှိ နယ်ခြားစောင့် ကိုသုံးလုံးဂိတ်တွင် တစ်ဦးစီ ဘတ်ငွေ ၂၅၀၀ ပေးရသည့် အပြင် ကရင် သီချင်းခွေ တစ်ခွေအား ဘတ်ငွေ ၁၂၀ ပေးပြီး မ၀ယ်မနေရ ၀ယ်ယူနေ နကြရသဖြင့် မြန်မာအလုပ်သမား များ မကျေမနပ် ဖြစ်နေ ကြကြောင်း သိရှိရသည်။
        မြန်မာအလုပ်သမား ကိုသန်းလွင် က“ ဘန်ကောက်မှာ အဖမ်းခံရလို့ နယ်စပ်ကို ပြန်ပို့ခံရတယ်။ ကိုယ်တိုင်းပြည်ကို
ပြည်ကို  ပြန်တာဗျာ မြ၀တီ ဒီကေဘီအေ ဂိတ်ရောက်တော့ တစ်ယောက်ကို ဘတ်ငွေ ၂၅၀၀ ပေးရတယ်။
ဘတ် ၁၂၀ ပေးပြီး ကရင်နှစ်သစ်ကူးခွေ တစ်ခွေ ၀ယ်ရတယ်။ မ၀ယ်ရင် ခြံထဲက ထွက်လို့မရဘူး။ ခုကျနော်
ရိုက်ပို့ လိုက်တဲ့ပုံကိုကြည့်ပါ။ မြန်မာနိုင်ငံမှာ ဒီလို ဖြစ်နေတယ်၊ အစိုးရ ဒါကို မသိချင်ယောင် ဆောင်နေလို့ 
မရဘူး။ ထိုင်းထဲကို ပြန်သွားချင်သူတွေကို ပွဲစား တွေက ရွေးထုတ်တယ်” ဟုပြောသည်။
               မြန်မာအလုပ်သမား သုံးသန်းကျော်ခန့်  အလုပ်လုပ်နေကြသည့် ထိုင်းနိုင်ငံ နေရာအနှံ့ အပြားမှ   မြန်မာအလုပ်သမားများမှာ နည်းအမျိုးမျိုးဖြင့် ဖမ်းဆီးခံရပြီး နေ့စဉ် အလုပ်သမား ရာချီပြီး  မြ၀တီ နယ် စပ်သို့ ပြန်ပို့ခံနေရ သည်။
     မဲဆောက်အခြေစိုက် အလုပ်သမားအရေး ကူညီဆောင်ရွက်သူတစ်ဦးက “ ဖမ်းဆီးပြန်ပို့ ခံရတဲ့ မြန်မာ
အလုပ် သမားတွေကို မြ၀တီ ဘက်က ပွဲစားတွေက မဲဆောက် လ၀က  အချုပ်နဲ့ ဈေးညှိထားတယ်။ မဲဆောက်ဘက်မှာ ရွေးရင် ဘတ် ၁၅၀၀ ပေးရတယ်။ မြ၀တီ ဘက် ကိုးသုံးလုံးဂိတ်ကို ရောက်သွားရင် ဘတ်၂၀၀၀ ဒါမှမဟုတ် ၂၅၀၀ လောက်ကုန်တယ်။ ကရင်သီချင်း  စီဒီတစ်ချပ်ကို ကျပ်ငွေ ၃၀၀၀ ပေးပြီး ၀ယ်ရတယ်၊ဒီကေဘီအေက ကရင်တွေရောင်းတာ။ အပြင်ကိုထွက်ဖို့ အတွက် နယ်ခြားစောင့်တပ်ဂိတ် အထွက်မှာ ကျပ်ငွေ ၅၀၀ ကနေ၁၀၀၀ အထိပေးရတယ်” ဟုပြောသည်။
ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ က မြ၀တီဘက် တွင် ယခုကဲ့သို့ ငွေကြေးကောက်ခံနေမှုတို့  ယာယီ
ပပျောက်ခဲ့သော်လည်း ယခု ပြန်လည် ပေါ်ပေါက်လာခြင်းဖြစ်ကြေင်း မဲဆောက်မှ အလုပ်သမားများက ပြော
သည်။ ယခုကဲ့သို့ မတရား ငွေကြေးကောက်ခံနေသည်မှာ နှစ်ပေါင်း ၂၀ ၀န်းကျင်ခန့် ရှိပြီ ဖြစ်ကြောင်း မြ၀တီ
ဒေသခံတစ်ဦးကပြောသည်။