31 August 2015

ရေဘေးသင့်ပြည်သူများအတွက် MATအဖွဲ့နှင့်မြန်မာအလုပ်သမားစေတနာရှင်များလှူဒါန်း


သတင်း၊ စောမောင်
29.8.2015 |ဘန်ကောက်

 ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့(MAT)နှင့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားစေတနာရှင်များမှ လူသားချင်းစာနာမှုဖြင့် ရေဘေးသင့် ဒုက္ခသည်များအတွက် စားသောက်ဖွယ်ရာများအား မြ၀တီမြို့စေတနာ နာရေးကူညီမှုအသင်းမှတဆင့်ဟားခါးပြန်လည် ထူထောင်ရေးအတွက် လှူဒါန်းခဲ့ သည်ဟု သတင်းရရှိ ခဲ့ပါသည်။


မြ၀တီမြို့စေတနာ နာရေးကူညီမှုအသင်းသို့ MATအဖွဲ့နှင့် စေတနာရှင်မြန်မာနိုင်ငံသားများ လှူဒါန်းပေးအပ်လှူဒါန်း ခဲ့သည့်လှူဖွယ်ပစ္စည်းများမှာ.ဆန်အိတ်(တစ်အိတ်လျှင် ၄၅ကီလို)စုစုပေါင်း အိတ်၁၀၀ကျော်၊ ငါးသေတ္တာ၁၂ဖာ၊အသင့်စားငါးပိရည်-၁၀ဖာ၊ ခေါက်ဆွဲခြောက် ၂၀ဖာတို့အား
မြ၀တီမြို့စေတနာ နာရေးကူညီမှုအသင်းဥက္ကဌဦးလှထွန်းထံသို့ ပေးအပ်လှူဒါန်းခဲ့ပါသည်။

လှူဒါန်းမှုနှင့်ပက်သက်၍ MATအဖွဲ့ နိုင်ငံခြားရေးတာဝန်ခံ ကိုစိုင်းအေးမှ “သဘာဝဘေးအန္တာရယ် များထဲက ရေဘေးအန္တာရယ်ဆိုးဝါးစွာကြုံတွေ့နေကြတဲ့ ကျနော်တို့ သွေးချင်းသားချင်းတွေအတွက် လူသားချင်း စာနာစွာဖြင့် ယခုလို ကျနော်တို့ တက်နိုင်တဲ့ဘက်ကနေ ကူညီထောက်ပံ့ပေးခြင်းဖြစ်ပါ တယ်..ထပ်ပြီးတော့လည်း ကူညီမှုတွေပေးပါမယ်”..ဟုပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံအနှံ့အပြား၌ သဘာဝဘေးအန္တရာယ်ဆိုးကြောင့် အသက်အိုးအိမ်များလယ်ယာမြေများ ပျက်စီးဆုံးရှုံးခြင်းများ၊ လူနှင့်ကျွဲနွားတိရစ္ဆာန်များသေဆုံးခဲ့ကြရာ ချင်းပြည်နယ် ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ဒေသများမှာ အဆိုးဆုံးအခြေနေသို့ရောက်ရှိလျက်ရှိပါသည်။