11 August 2015

“သစ္စာပါရမီပရဟိတလူငယ်များအဖွဲ့မှ ရခိုင်ရေဘေးအတွက်အ၀တ်အထည်အမြောက်အမြားလှူ”


၂၀၁၅ သြဂုတ်လ ၁၁
        သန့်ဇင်ထက်+ကိုခွန်


ဘန်ကောက်မြို့ဖက်ကဆင်၊ ဘန်ခေ ၃၅/၅ တွင် မြန်မာအလုပ်သမားလူအင်အား ၉၀ နီးပါးဖြင့် ဖွဲ့စည်း ထားသော သစ္စာပါရမီပရဟိတလူငယ်များအဖွဲ့က ဦးဆောင်၍ ဘန်ခေနယ်မြေ တ၀ိုက် မှ ထိုင်းလူမျိုး များနှင့် မြန်မာအလုပ်သမားများထံမှ  ရခိုင်ရေဘေးဒုက္ခသည်များအတွက် အ၀တ်အထည်ပေါင်းမြောက်မြား စွာတို့ကို ကောက်ခံစုဆောင်း၍ ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအဖွဲ့ MAT မှတစ်ဆင့် လှူဒါန်းပေး ခဲ့သည်။