08 August 2015

“ကော့စမွေးဆရာတော်တို့ရေဘေးသင့်ပစ္စည်းများပို့ဆောင်”

                      
၂၀၁၅ သြဂုတ်လ ၈
မြတ်ညို (အလွတ်သတင်းထောက်)

             မြန်မာရေဘေးသင့်ဒုက္ခသည်များအတွက် ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွေကျွန်းဆရာတော် ဦးအရိယနှင့် အလုပ်သမားကူညီရေးအဖွဲ့များစုပေါင်း၍ ငွေနှင့်အ၀တ်အထည်များ စုပေါင်း၍  ကော့သောင်း ဘိုးဘွားရိပ်သာ ကောမတီထံသို့ လွှဲအပ်ပေးခဲ့ကြောင်း သိရသည်။

            အလှူပစ္စည်းများအား ကိုယ်တိုင် လိုက်လံပို့ဆောင်ပေးခဲ့သည့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသား များအဖွဲ့ အကြံပေးရှေ့နေကြီး ဦးအောင်မျိုးသန့်က “ ကျပ်ငွေနှစ်သန်းနဲ့ အ၀တ်အထည်တွေကို ရနောင်း နယ်ခြားစောင့်ကော်မတီ ဗိုလ်မှူး ၀ီလ ကိုဆက်သွယ်ပြီးတော့ ကော့သောင်းက အများပိုင်ကုမ္ပဏီ ကဦးအောင်နိုင်တို့၊ ဘိုးဘွားရိပ်သာကဥက္ကဌတို့လာရောက်လက်ခံပါတယ်။ သူတို့က အခမဲ့ပို့ပေးမယ်လို့ပြော ပါတယ်”ဟုပြောသည်။


ကော့စမွေ အလုပ်သမားအဖွဲ့မှ ဦးဇော်ထွဋ်ကစုဆောင်၍ ဆရာတော်နှင့်အတူ ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ ပစ္စည်းပို့ဆောင်ရာတွင် သံရုံးမှ ထောက်ခံစားများ ရေးပေးပါက ပိုမိုအဆင်ပြေနိုင်ကြောင်း စစ်ဆေးရေးဂိတ်များအတွေ့အကြုံများကို လိုက်ပါပို့ဆောင်သူများကပြောသည်။