09 August 2015

“တိုင်းရင်းသားအချင်းချင်း ရိုင်းပင်ကူညီ”

၂၀၁၅ ခု သြဂုတ်လ ၉ ရက်
မြတ်ညို (အလွတ်သတင်းထောက်)

              ဘန်ကောက်မြို့အနီး နကပထုန်ပြည်နယ်၊ စီစံဖန်မြို့နယ် ရပ်ကွက်တစ်ခုတွင် အလုပ်လုပ်ကြ သည့် အလုပ်သမားများသုံးနေရာမှ ရခိုင်ရေဘေးသင့် ဒုက္ခသည်များအတွက် အ၀တ်အထည် များနှင့်
ငွေကြေးအချို့ အား MAT အဖွဲ့သို့ ယနေ့ လှူဒါန်းပါသည်။

ဘန်ကောက်မြို့အနီး ဖုထုံမထုံစိုင်ဟတ် မှ အလုပ်သမားခေါင်းဆောင် ကိုဝင်နိုင်နှင့် အလုပ်သမား တစ် စုက အ၀တ်အထည်များနှင့် ဘတ်ငွေ ၅,၀၀၀၊ တောင်ကြီးရှမ်းအမျိုးသမီးတစ်စု ကဘတ်ငွေ ၁,၄၀၀ နှင့် အ၀တ် အထည်များ၊ ဖုထုံမထုံ စိုင်ဟတ် အုန်းယိုင် စွယ်မော်စီ တွင်ရှိသော ရခိုင်မျိုးနွယ်စုဝင် မြိုတိုင်းရင်း သား စက်ချုပ် အလုပ်သမားများက အ၀တ်အထည်အမြောက်အမြားလှူဒါန်းကြပါသည်။


အလုပ်သမားခေါင်းဆောင် ကိုဝင်းနိုင်က “ MATဘန်ကောက်ရုံးအဖွဲ့က ၃ယောက်က မြ၀တီကို လူကုန်ကူး ခံရတဲ့ မိသားစု၅ယောက်ကို သွားပို့နေကြတယ်။ အခြားသူတွေလည်းအခြားနေရာတွေမှာဖြစ်နေတော့ ဦးကျော်သောင်းနဲ့ ကျနော်နဲ့ ၃နေရာလောက်ထမ်းပြီး ကုသိုလ်လုပ်ကြတယ်"ဟုပြောသည်။

      
   MAT အဖွဲ့သည်လာမည့်ရက်ပိုင်းအတွင်း  နေဘေးသင့်ရခိုင်ပြည်နယ်သို့ သွားရောက်၍ ရေတွင်းရေကန် များပြန်လည်သန့်စင်ခြင်းလုပ်အားပေးရန် ပြင်ဆင်နေကြောင်းသိရှိရသည်။

မည်သူမဆို ရခိုင်ရေဘေးဒုက္ခသည်များအတွက် ...............
ကိုစိုင်းအေး ၀၈၀ ၅၈၈ ၅၅၄၈ ...
ကိုခွန် ၀၈၃ ၅၅၂ ၇၈၉၂ ...
ကိုဝင်းနိုင်  ၀၉၄ ၉၂၇ ၉၂၁၇ ဖုန်းများသို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။