09 August 2015

“စနဲမြို့မှ ရခိုင်ရေဘေးအတွက် ကျပ်ငွေ ၄၄သိန်းနှင့် အ၀တ်အထည်ဆန်အိတ်များလှူဒါန်း”

   
၂၀၁၅ သြဂုတ်လ ၉ ရက်
မြတ်ညို (အလွတ်သတင်းထောက်)


         ရခိုင်ပြည်နယ်ရေဘေးသင့် ဒုက္ခသည်များအတွက် ကျောက်ဖြူမြို့နယ်၊ စနဲမြို့လူထုများစုပေါင်း၍  အလှူငွေ၊ အ၀တ်အထည်များနှင့် ဆန်အိတ်များ ပေးပို့လှူဒါန်းကြောင်းသိရသည်။

        စနဲမြို့လူထုများအလှူငွေ ကျပ်ငွေ၄၄သိန်းကျော်၊ အ၀တ်အထည် ၅၆အိပ်၊ ဆန်၁၄အိပ် တို့အား စနဲမြို့ ခုနစ်စင်ကြယ်နာရေးကူညီမှုအသင်းဘဏ္ဍာရေးမှူး ကိုထွန်းထွန်းဦး က ကျောက်ဖြူနာရေးအသင်း ထံသို့ယနေ့သွားရောက်ပို့ဆောင်နေကြောင်းသိရှိရသည်။

ဦးထွန်းထွန်းဦး က“ကျနော်တို့လောလောဆယ် အလှူရရှိတာတွေကို အရေးပေါ်ပို့ဆောင်ဖို့ ကျောက်ဖြူကို လာခဲ့တာပါ။ နောက်ထပ်ဆက်လက် အလှူခံနေပါသေးတယ်” ဟုပြောသည်။


          ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်တွင်ရှိသော စနဲစံပြကျေးရွာသည် ရွာပေါင်း ၅၄ရွာ ကျေးရွာအုပ်စု ၁၁ ခုဖြင့်ဝိုင်းရံထားသော အိမ်ခြေတစ်ထောင်ကျော်ရှိသည့်တိုက်နယ်ရွာကြီးတစ်ရွာဖြစ်သည်။ မူလက ကံပြင်စုရပ်ကွက်၊ အလယ်စုရပ်ကွက်နှင့် တောင်ငူစုရပ်ကွက်ဟူ၍ ရှိခဲ့သည်။ 

ပြီးခဲ့သည့်၂၀၁၅ ခု ဇူလိုင်လ ၁၀ ရက်နေ့က အဆိုပါ ရပ်ကွက်၃ခုအပြင် ရွှေဟင်္သာရပ်ကွက်နှင့် ထိန်ဒွေရပ်ကွက် ဟူ၍ ရပ်ကွက်၅ခုဖြင့် ဖွဲ့စည်းကာ စနဲစံပြကျေးရွာအား စနဲမြို့ အဖြစ် နိုင်ငံတော်အစိုးရက တရားဝင်အသိမှတ်ပြုခဲ့ပြီးဖြစ်ကြောင်း မြို့ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ဦးညီညီစိုး က ပြောသည်။