10 August 2015

“MAT နှင့်မိတ်ဆွေများနက်ဖြန်တွင် ကား၅စီးဖြင့် ရေဘေးသင့်အကူပစ္စည်းများပို့မည်”


၂၀၁၅ ခု သြဂုတ်လ ၁၀       ကိုခွန်      


            MAT အဖွဲ့နှင့် ပူးပေါင်း၍ ရေဘေးသင့်အလှူ ပစ္စည်းများ ကောက်ခံခဲ့ကြရာ အ၀တ် အထည်၊ အစားအစာနှင့်ငွေအချို့တို့အား နက်ဖြန်တွင် မြ၀တီမြို့သို့ ကားကြီး၅စီးဖြင့် ပို့ဆောင်ကြမည်ဖြစ်ကြောင်း သိရှိရသည်။

           MAT အဖွဲ့နှင့်အတူတူ အလှူခံခဲ့ကြသော ခွန်ပိုက်ထွေးတို့သည်က သီတဂူဆရာတော်ထံသို့ အ၀တ် အထည်၊အစားအစာကား၎စီးနှင့် ကျပ်ငွေ သိန်းတစ်ရာခန့်တို့အား ပို့ဆောင်မည်ဖြစ်သည်။ ကိုလွန်းသူကမူ အ၀တ်အထည်၊ အစားအစာ  ကာတစ်စီးကို ရခိုင်ပြည်နယ်ရေဘေးသင့်ဒေသသို့ ပေးပို့ရန် ဦးကျော်သောင်း ထံသို့လွှဲအပ်ပေးသည်။

ယနေ့တွင် ကိုလွန်းသူနှင့် ကိုခွန်တို့ အလှူပစ္စည်းများလိုက်လံစုဆောင်းကြစဉ် ဘန်းယိုင်မှ ကိုနိုင်စန်းမြင့် က အ၀တ်အထည်များနှင့် ဘတ်ငွေ ၁၄,၄၈၄၊ ဖလန်(၇) တလာစီခေတ်မာ ကျောက်မီးသွေးရုံမှ အ၀တ်အထည် ၁၄အိပ် နှင့် ဖုထုံမထုံ စိုင်းဆောင် မှ မနန်းမာလာခင် က အလှူငွေံ ၃,၂၀၀ ဘတ် တို့ လှူဒါန်းကြသည်။

MAT ဒါရိုက်တာဦးကျော်သောင်း သည် အလှူရှင်များကူညီကြသည့် ရေစုတ်စက် ၅လုံးဖြင့် ရေဘေး သင့် ရခိုင်ဒေသမှ ရေတွင်းရေကန်တို့အား တတ်နိုင်သမျှ သန့်ရှင်းပေးရန် သွားရောက်မည်ဖြစ်သည်။


      ဒုတိယအသုတ်တွင် အ၀တ်အထည်များကို လက်မခံတော့ပဲ၊ ဆန်နှင့် ငွေတို့ကိုသာ လက်ခံ
တော့မည်ဖြစ် ကြောင်း အလှူကောက်ခံကြသည်
 ကော်မတီများက ယနေ့ ဆုံးဖြတ်ကြသည်။

          



ဘန်ကောက်MAT ရုံးမှ တစ်ဆင့် ရခိုင်ဒေသ ရေဘေးကူညီရေးသို့ ဆက်လက်လှူဒါန်းလိုသူများ အနေ ဖြင့် ဘန်ကောက်ရုံး တာဝန်ခံ ကိုစိုင်းအေး ၀၈၀ ၅၈၈ ၅၅၄၈.
 ကိုခွန် ၀၈၃ ၅၅၂ ၇၈၉၂.  
ကိုလွန်းသူ(ခ)သန့်စင် ထက် ၀၈၁ ၄၇၃ ၉၉၉၁
ကိုဘခက် ၀၈၇ ၃၁၂ ၁၁၇၉  တို့သို့ ဆက်သွယ် မေးမြန်းလှူ ဒါန်းနိုင်ပါသည်။
ကိုစိုင်းအေး ဘဏ့်အကောင့်          TEE .  780 201 2653  kasikornbank