10 November 2016

"၀င်းနှင့်ဇော်တို့အယူခံအခြေနေ"

  

          ဗြိတိသျှလူမျိုးကမ္ဘာလှည့်ခရီးသွားစုံစွဲကို သတ်ဖြတ်မှုဖြင့် သေဒဏ်ချခံထားရသည့် မြန်မာ အလုပ်သမား ၀င်းဇော်ထွန်း(ခ)ဝေဖြိုးနှင့် ဇော်လင်း တို့ ၏ အမှုတွဲအား ပြန်လည်သုံးသပ်စိစစ်ပေးပါရန် ထိုင်းဗဟို အယူခံတရားရုံးသို့ လိပ်ကျွန်းအထူးစုံစ မ်းရေးကော်မတီနှင့် ထိုင်းရှေ့နေများကောင်စီတို့က တင်ပြတောင်းဆိုထားခဲ့ပါသည်။

          အယူခံတရားရုံးကလည်း အမှုကို ပြန်လည်သုံးသပ်၍ တရားစွဲအဖွဲ့ကို အချက်အလက်အခိုင်အ မာဖြင့် ပြစ်မှုဖြစ်အင်တို့အား ယနေ့နောက်ဆုံးထား၍ တင်ပြရန် ၉ကြိမ်မြောက်တောင်းဆိုခဲ့သည်။ 

        ရှေ့နေများကောင်စီနှင့် မြန်မာသံရုံးအထူးစုံစမ်းရေးကော်မတီတို့ လေ့လာသိရှိရသည်မှာ ယနေ့တွင် တရားစွဲအဖွဲ့က အယူခံတရားရုံးသို့ အမှုတွဲအထောက်အထားများကို ပြန်လည်တင်ပြခြင်းမပြုခဲ့ဟု သိရပါ သည်။ ထို့ကြောင့် ဗဟိုအယူခံတရားရုံးက မူလ အမှုအဆုံးအဖြတ်ပြုခဲ့သည့် ထိုင်းနိုင်ငံတောင်ပိုင်အမှတ်(၈)
 ပြည်နယ် ကော့စမွေတရားရားရုံးသို့ လျှောက်လဲချက်တင်ပြရန် အမိန့်ချမှတ်သွားမည်ဖြစ်ကြောင်း
 ရှေ့နေများ ကောင်စီက မြန်မာသံရုံးအထူးစုံစမ်းရေးကော်မတီဝင် ရှေ့နေကြီးဦးအောင်မျိုးသန့်နှင့် ဦးကျော်သောင်း တို့ကို ပြန်လည် သတင်းပေးပို့ပြောဆိုလာခဲ့ပါသည်။

        မြန်မာသံရုံးလိပ်ကျွန်းအထူးစုံစမ်းရေးကော်မတီအနေဖြင့်လည်း အခြားသူများနည်းတူ ၀င်ဇော်ထွန်း
 နှင့် ဇော်လင်းတို့ လွတ်မြောက်ရေးအတွက် စဉ်ဆက်မပြတ် အားထုတ်ကူညီမှုပြုနေကြောင်း
လေးစား စွာ တင်ပြအပ်ပါသည်။