24 November 2016

“အလုပ်သမားများအလိမ်မခံရစေရန်အထူးသတိပြု ကြပါ”





၂၀၁၆ ခု နိုဝင်ဘာ ၂၄ ရက်
ရွှေလုပ်သား 

         တရားဝင်နေထိုင်ခွင့် ပန်းရောင်ဘတ်ကဒ် လုပ်ပေးမည်ဟုပြောဆိုကာ ပွဲစားများက မြန်မာ အလုပ်သမားများထံမှငွေကြေးများကောက်ခံလျှက် ရှိကြောင်း သတင်းရရှိပါသည်။

      ပထုံဌာနီ နှင့် ခြုံဘူရီနယ်ဘက်တို့ တွင် မြန်မာ ပွဲစားများနှင့် ထိုင်းပွဲစားတို့က ပန်းရောင်ဘတ်ကဒ် အသစ် လုပ်ပေးတော့မည်ဟု ဆိုကာ တရားဝင်နေ ထိုင်ခွင့်မရှိသည့် အလုပ်သမားများကို ယုံကြည်ေ အာင် ပြောဆို၍ ငွေကြေးများကောက်ခံ၍ ခြေရာေ ဖျာက်သွားကြကြောင်း MAT အဖွဲ့သို့ အကြောင်းကြားလာကြပါသည်။

  ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က
“ခြုံဘူရီနယ်နဲ့ ဖူးခက်ဘက်မှာ ထိုင်းလူမျိုးအချို့ ရုံးတွေလာဖွင့်ပြီး ထောင်ချီရှိတဲ့  မြန်မာအလုပ်သမားတွေဆီ က ပတ်စပို့လုပ်ပေးဖို့အတွက်ဆိုပြီး ပိုက်ဆံတွေကောက်ပြီး ရုံးပိတ်ထွက်ပြေးသွားကြတယ်လို့ ဖုန်းဆက် လာကြတယ်။ ဒီနေ့မှာ ပထုံဌာနီ ကြက်ရုံက အလုပ်သမားတွေဆီကိုလည်း ပွဲစားတွေက ပန်းရောင်ဘတ် ကဒ် အသစ်လုပ်ပေးတော့မယ်ဆိုပြီး ဖေါင်ဖြည့်ပြီး တစ်ယောက်ကို ဘတ်ငွေ ၁၀၀၀ စီကောက်ခံသွားတယ် လို့ပြောပါတယ်။ မြန်မာအစိုးရနဲ့ ထိုင်းအစိုးရတို့မှာ CI ထုတ်မယ်ဆိုပြီး ထုတ်မပေးကြပဲ အချိန်ဆွဲနေကြ တယ်။ ကြားထဲမှာအလုပ်သမားတွေကအလိမ်ခံနေရတယ်” ဟုပြောသည်။

        ထိုင်းနိုင်ငံအတွင်း သန်းနဲ့ချီသည့် မြန်မာအလုပ်သမားတို့၏ ပြဿ    နာအား ဒိုင်ခံဖြေရှင်းပေးနိုင်သည့် အစီအမံ မျိုးမရှိသေးသည့် ယခုကဲ့သို့သော အကာအကွယ်မဲ့သည့် ကာလများတွင် အလုပ်သမားများအနြေ ဖင့် မြန်မာ သံရုံးသို့သော်လည်းကောင်း အလုပ်သမားအရေးဆောင်ရွက်ကြသူတို့ထံသို့လည်းကောင်း သိလိုသည့် သတင်းအချက်အလက်များကို လေ့လာစုံစမ်းပြီးမှ ဆုံးဖြတ်သင့်ပါသည်။ 

ထို့သို့မေးမြန်းရာတွင်လည်း တစ်ဦး တစ်ယောက် တစ်ဖွဲ့တည်းကိုသာမဟုတ်ပဲ၊ သိရှိနိုင်သမျှ စုံစမ်းလေ့လာ မှုဖြင့် အလိမ်မခံရအောင် ကာကွယ်ကြပါရန် MAT အဖွဲ့က သတိပေးလိုကြောင်းသိရပါသည်။
........................................................................................................................... ....