05 November 2016
"ဟန်ချက်ညီညီ တိုင်းပြည်တည်"
          ၂၀၁၆  ခု  နိုဝင်ဘာလ ၄ ရက်နေ့ထုတ် မြန်မာပို့စ် ဂလိုဘယ်မှ အတွေးအမြင် ဆောင်းပါးကို အွန်လိုင်းပရိတ် သတ်များအတွက် ကူးယူဖေါ်ပြတာပါ။
            NLD အစိုးရသက်တမ်း နှစ်ဝက်ကျိုးလာခဲ့ပြီ။ သေသေချာချာအချောမသတ်ရသေးတဲ့ အိမ်တစ်လုံးမှာ အခင်းတွေကို သံမရိုက်ပဲ အဖြစ်သဘော ကြမ်းခင်ထားရသလို ဟိုကနင်း ဒီကပေါ်၊ အသံပေါင်းစုံထွက်နေတာ အားလုံးကြားနေကြရတယ်။ အချို့ကလည်း အသက်ကြီးရင့်ပြီဖြစ်တဲ့ ဒေါ်စုကို အသနားပိုကြတယ်။ တချို့က တော့ ဒေါ်စု နိုင်ငံရေးအသတ်ခံနေရသလားလို့စိုးရိမ်ဝေဖန်နေကြတယ်။
        ရွေးကောက်ပွဲကြေညာချက်နဲ့ ပြည်သူကိုပေးခဲ့တဲ့ကတိက၀တ်တွေ ဘာတစ်ခုမှ အကောင်အထည် မဖေါ် နိုင်သေးတာကြောင့် မဲဆန္ဒရှင် ပြည်သူတွေကလည်း အားမလိုအားမရဖြစ်လာတာတော့ အမှန်ပါ ပဲ။ နိုင်ငံရေး လေ့လာသူအချို့ကတော့ ဒေါ်စုတစ်ယောက်တည်းကို ဦးတည်နေတာကြောင့် တိုင်းပြည် အရွေ့ဘက်ကို နှေးကွေးနေတယ်လို့ အားမလိုအားမရဖြစ်ကြတယ်။ အများစုကတော့ ပြုပြင်ရေးဘက် ကိုလိုက်မလာတဲ့ ခေါက်ရိုးကျိုးနေတဲ့ ၀န်ထမ်းဟောင်းအားလုံးကို တစ်နှစ်တာကာလလောက်မှာ လူအသစ်နဲ့ လဲပြစ်နိုင်မှ NLD နဲ့ ဒေါ်စု အိနြေ္ဒရမှာဖြစ်သလို တိုင်းပြည်းအကောင်းဘက်ကို ဦးတည်နိုင် မယ်လို့ သုံးသပ်နေကြပါတယ်။
                                                 "မိမိအလုပ်အတွက် အာမခံမှု"   
          လမ်းလုပ်တယ်။ အချိန်တိုအတွင်းလမ်းပျက်စီးသွားတယ်။ မြစ်ကူးတံတားကြီးဆောက်တယ်။ ဧရာဝတီ တံတားအခင်းပြားပေါက်ကျလို့ လူပြုတ်ကျတယ်။ ရန်ကုန်ကျောက်ဖြူလမ်းမှာ၊ စနဲပေါက် ချောင်းကူး တံတားပေါက်ထွက်သွားတယ်။ ကျောင်းဆောက်တယ်။ ဆေးရုံဆောက်တယ်။ အချိန်တိုအတွင်းမှာ အက်ကွဲ လာတယ်။ မန္တလေးမှာဈေးအမိုးပြားတွေပြုကျလာတယ်။ ဘယ်သူအာမခံသလဲ။ ဆောက်ပြီးတာနဲ့တာဝန်
  ကျေရော့လား။ လူတစ်ဦးချင်းအာမခံစိတ်ဓါတ်ဆိုတာ အပြောလွယ်သလောက်လက်တွေ့မှာခက်ပါတယ်။ ဒါကြောင့်ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းနဲ့ ပြည်သူဘက်ကအပြည့်အ၀အကာအကွယ်ပေးတဲ့စည်းမျဉ်း ဥပဒေ သတွေ ချမှတ်ကျင့်သုံးဖို့လိုပါတယ်။ 
        ဥပမာ ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုဟာ သိန်း ၁၀၀၀ တန်ကိုဆောက်လုပ်တယ်။ အဲဒီအဆောက် အဦးက နှစ် ၃၀ အာမခံရမယ်တယ်။ နှစ်၃၀အတွင်းမှာ အပျက်အစီးတစ်ခုခုဖြစ်လို့ရှိရင် သူတို့ကပြင်ပေးရ မယ်။ အကယ်၍ မပြင်ပေးရင် အကယ်၍ နှစ်၃၀ အာမမခံရဲရင် ထိုသူကို သိန်း၁၀၀၀တန် အလုပ်ကို မအပ် သင့်ပါ။ အထူးသဖြင့် အဲဒီ သိန်း ၁၀၀၀ တန်ဖိုး၏နဲ့ အထက်ကိုပေးလျှော်နိုင်ကြောင်း ဆောက်လုပ်မယ့် ကုမ္ပဏီက အစိုးရကိုပြသပေး အပ်ထားရမှာဖြစ်သလိုနှစ်၃၀အတွင်းမဖျက် သိမ်းနိုင်လောက်တဲ့အထောက် အထားနဲ့ပြည့်စုံမှုရှိနေရမှာဖြစ်ပါတယ်။ ဒါက နိုင်ငံတကာမှာ ကျင့်သုံးတဲ့အာမခံမှုသဘောသဘာဝဖြစ်တယ်။
                                      "ဘာကစပြီးတည်ဆောက်ကြမလဲ"
         အစိုးရယန္တရားအားလုံး ဟန်ချက်ညီဖို့အတွက် တာဝန်ခံမှု တာဝန်ယူမှုများသာမက အပြန်အလှန် ထိန်း ကျောင်းခြင်းများအပြင် ပွင့်လင်းမြင်သာတဲ့လုပ်နည်းလုပ်ဟန်များပါလိုအပ်ပါတယ်။ နေပြည်တော်မှာ ကျင်းပခဲ့တဲ့စီးပွားရေးလုပ်ငန်းရှင်များနဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံပွဲမှာ ဆောက်လုပ်ရေးလုပ်ငန်း ရှင် ဇေကမ္ဘာ ဦးခင်ရွှေက "အပိုင်းအတော်များများက မပြောင်းသေးဘူး၊ ဘာဖြစ်လို့လဲဆိုတော့စွဲနေတယ်။ အပေါ်ကခိုင်းမှလုပ်တယ်။ အောက်ခြေသွားရင် လွယ်လွယ်ကူကူမရသေးဘူး။ အယင်အတိုင်းပါပဲ၊ တကယ် လုပ်ကြည့်လိုက်၊ အလုပ်လုပ်လို့ကိုမရသေးဘူး။ အပေါ်ကိုတွေ့ဖို့ဆိုတာလည်း အခက်အခဲအများကြီး ရှိ တယ်။ အန်ကယ်လုပ်လို့ မရတာတွေအများကြီး၊ လူရဲ့စိတ်ပိုင်းဆိုင်ရာကိုပြောင်းရမယ်။ ပြီးတော့ရုပ်ပိုင်း ဆိုင်ရာတွေဖြစ်တဲ့ မီးတို့ ရေတို့၊ လမ်းပန်းဆက်သွယ်ရေးတို့ကို ပြောင်းရမယ်" လို့ ဘီဘီစီကပြောဆိုသွားခဲ့ ပါတယ်။
                                          "နိုင်ငံဝန်ထမ်းနဲ့ တာဝန်"
       တာဝန်ယူရမယ်။ တာဝန်ခံရမယ်။ ဆိုတော့ တာဝန်ဆိုတာဘာလဲ။ မိမိတာဝန်ကဘာလဲ။ ဘယ်လောက်ထိ ကျယ်ပြန့်နက်နဲသလဲ။ ဘယ်လောက်အထိ လေးနက်တဲ့အသွင်ဆောင်သလဲ၊ တာဝန်ရဲ့ သဘောသဘာဝ တာဝန်ရဲ့အနှစ်သာရကိုသိမှ တာဝန်ခံမှုနဲ့ တာဝန်ယူမှုအပိုင်းကို ရင့်ရင့်ကျက်ကျက် လိုက် နာနိုင်မှာဖြစ်ပါတယ်။ ဒါမှ တာဝန်ရှိတဲ့အတိုင်း လုပ်ကိုင်ဆောင်ရွက်ကြမှာဖြစ်ပါတယ်။
      တာဝန်ယူမှု Responsibility ဆိုတာ အောက်ခြေ ၀န်ထမ်းအဆင့်ကနေ ဗဟိုအဆင့် ၀န်ကြီးအထိ မိမိ ဌာန နဲ့ပတ်သက်လို့ ရှိကြရပါမယ်။ မိမိဝန်ထမ်းလုပ်ကိုင်ဆောင်ရွက်ချက်မှန်သမျှကို ရဲရဲကြီးတာဝန်ယူရဲရပါ မယ်။ တာဝန်ခံမှု Accountability ဆိုတာလည်း အောက်ခြေ၀န်ထမ်းမှစပြီးဗဟိုအဆင့်အထိ မိမိဝန်ထမ်းေ တွ လုပ် သမျှကိုတာဝန်ခံရဲရပါမယ်။ အဆင့်ဆင့်လုပ်ကိုင်ဆောင်ရွက် အကောင်အထည်ဖေါ်မှုဟူသမျှကို ရဲရဲရင့်ရင့် တာဝန်ခံရဲရပါမယ်။ 
        ဘယ်ဝန်ကြီးဌာနတိုင်းမှာမဆို ၀န်ထမ်းတွေနဲ့ကြီးကြပ်သူတွေ တာဝန်ခံမှု တာဝန်ယူမှု မရှိကြတော့တဲ့ အခါ အဲဒီယန္တရားကြီးဟာ ဟန်ချက်ညီညီမလည်ပတ်နိုင်တော့ဘူး။  အပေါ်မှာဘယ်သူရှိတယ်ဆိုတဲ့ နောက် ခံအကြာင်းအရာတွေအောက်မှာ ဥပဒေလမ်းကြောင်းက သွေဖီသွားတတ်ကြပါတယ်။ အဲဒီမှာ တိုင်းပြည်ထိ ခိုက်ကြရတော့တာပါပဲ။ 
                             "ဒီအမူအကျင့်တွေကို အလျှင်အမြန်တိုက်ဖျက်ကြရမယ်"
        လမ်းဘေး ပလက်ဖေါင်းပေါ်မှာဈေးရောင်းနေတယ်။ မဖမ်းရဲ မဆီးရဲ၊ တရားမ၀င်သစ်တွေ သယ်ေ ဆာင်လာတယ် မဖမ်းရဲ၊ အများပိုင် အားကစားကွင်းနဲ့စည်ပင်ပိုင်မြေတွေကို မောင်ပိုင်စီထားတယ် မပြောရဲ၊   လောင်းကစားအိမ်တွေ ပြည့်တန်ဆာအိမ်တွေ ထောင်ထားတယ်။ မဖမ်းရဲ မဆီးရဲ အထက်အမိန့် ကိုနာခံ ရသေးတယ်။ 
         ယခင်တုန်းကအမူအကျင့်အတိုင်း ဒုစရိုက်လုပ်ငန်းလုပ်သူတွေကိုမွေးပြီးငွေဆက်ရှာနေကြအုံးမလား၊ ဒုစရိုက်လုပ်ငန်းတွေကို နှိမ်နင်းပြီး ရာဇ၀တ်မှုခင်းတွေလျှော့နည်းပပျောက်အောင်လုပ်ကြမလား။ ပိုင်ရှင်မဲ့ မူးယစ်ဆေးဝါး၊ ပိုင်ရှင်မဲ့သစ်၊ ပိုင်ရှင်မရှိတဲ့ပစ္စည်းဖမ်းမိတယ်ဆိုတာ အလွန်ရည်စရာကောင်းတဲ့ အကြောင်း
 ပြချက်ဖြစ်ပါတယ်။
         လမ်းပန်းဆက်သွယ်ရေးမကောင်းတာ၊လျှပ်စစ်မီမလင်းနိုင်တာ၊ တရားဥပဒေစိုးမိုးမှုမရှိတာ၊ အရည် အသွေးမမီတဲ့ အစားအသောက်တွေ၊ ဆေးဝါးတွေ၊ စိတ်ချလုံခြုံရတဲ့ ခရီးသွားလာရေးမဟုတ်တာတွေေ ကြာင့် တစ်နိုင်ငံလုံးမှာ နေ့တိုင်း ပြည်သူတွေသေဆုံးနေကြရတယ်။ ဒါတွေကို အယင်အစိုးရလုပ်ခဲ့တာလို့ တာဝန်လွှဲချလို့ မရဘူး။ မတရားပိုင်ဆိုင်ထားခဲ့တဲ့အခွင့်ထူးခံတို့ရဲပိုင်ဆိုင်မှုတွေကို ပြန်သိမ်းတာသိမ်းရမယ်။ ပိုင်ဆိုင်မှုကို စိစစ်ပြီးတိုင်း ပြည်အတွက် စည်းကြပ်ခွန်ကောက်ကို ကောက်ကြရမယ်။ ဒီအလုပ်ကိုအစိုးရနဲ့   ရွေးကောက်ခံ ကျပ်ဆယ်သိန်းစားအမတ်တွေ လုပ်ကိုလုပ်ကြရပါမယ်။
                            "တာဝန်ခံမှု တာဝန်ယူမှု အဆင့်လိုက်တိုးတက်ဖို့အတွက်ဆိုရင်"
       ကြိုးစားသူကိုကြိုးစားသလိုလည်းချီမြှင့်ပေးရပါမယ်။ လူကြီးတွေ က ပြည့်ပြည်၀၀တာဝန်ခံမှု တာဝန်ယူ မှုရှိကြမယ်ဆိုရင်လက်အောက်ဝန်ထမ်းနဲ့ အောက်ခြေ၀န်ထမ်းတွေမှာဆိုဖွယ်ရာမရှိတော့ဘူး။ အောက်ခြေ ၀န်ထမ်းတွေဟာ တာဝန်ကိုသိလာရုံသာမက လုပ်ရဲကိုင်ရဲဖြစ်လာပါမယ်။ ၀န်ထမ်းတွေသာမက သာမန်နိုင် ငံသားတိုင်းကလည်းကိုယ်ကျရာတာဝန်ကို တာဝန်ကျေပွန်အောင် ထမ်းရွက် တတ်ကြတဲ့ လူ့အဖွဲ့အစည်း ကမှ တိုင်းပြည်တိုးတက်မှာဖြစ်ပါတယ်။
                  "စဉ်ဆက်မပြတ်သင်ကြားတတ်မြောက်နေသည့်လူမှုဝန်းကျင်ဖြစ်နေဖို့လို"
          တိုးတက်တဲ့တိုင်းပြည်တွေမှာ စစ်တပ်၊ ရဲ၊ မီးသတ်နဲ့ကြက်ခြေနီတပ်ဖွဲ့ဝင်အားလုံးတို့ဟာ ပုံမှန်ရုံးအလုပ် အပြင် စဉ်ဆက်မပြတ်သင်ကြားနေကြရပါတယ်။ ခြုံပြောရလို့ရှိရင် လစာစားဝန်ထမ်းတိုင်းဟာ မူလတာဝန်တွေ သာမက လူမှုကယ်ဆယ်ရေးအတတ်ပညာတွေ အားလုံးကိုတတ်မြောက်အောင် အမြဲတမ်းသင်တန်းတွေ တက် ရောက်သင်ကြားနေကြရပါတယ်။ ဒီလူတွေကတစ်ဆင့် အရွယ်ရောက်ပြီးသားနိုင်ငံသားတွေကိုလည်း ဆင့်ကဲ သင်ကြားနေကြရပါတယ်။ တချိန်တည်းမှာပဲ နိုင်ငံရေးကိုစိတ်ဝင်စားသူတွေမှာလည်း ကမ္ဘာပေါ်မှာရှိသမျှ သော နိုင်ငံရေး စနစ်တွေကို လေ့လာဆည်းပူးသင်ကြားနေကြရမှာဖြစ်ပါတယ်။
                              "ထိုင်းဆူနာမီပြန်လည်ထူထောင်ရေးနမူနာ"
      ၂၀၀၈ ခုနှစ်ကနာဂစ်လေမုန်တိုင်းကြောင့်လူ့အသက်ပေါင်းတစ်သိန်းကျော် သေဆုံးခဲ့ကြရတဲ့ ဧရာဝတီ တိုင်းနဲ့ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်မှာတိုက်ခတ်သွားတဲ့ ဂီရိမုန်းတိုင်းကြောင့် လူ ၅၅ဦးလူသေဆုံးခဲ့ရ သလို စပါးစိုက်တဲ့မြေသားတမံတွေငါးဖမ်းပိုက်လှေတွေ လူနေအိမ်တွေ အမြောက်အမြားပျက်စီးခဲ့ကြရပါ တယ်။ ဒီနေရာတွေမှာ နောင်တစ်ကြိမ်ဖြစ်ပေါ်လာမယ့် မုန်းတိုင်းအန္တရာယ်အတွက် လူ့အသက်တွေကယ် ဆယ်နိုင် မယ့်အခင်း အကျင်းတွေ အစိုးရမှာပြင်ဆင်ထားရဲ့လား။ လူအချို့သေဆုံးခဲ့ရသလို စပါးစိုက်တဲ့မြေ သားတမံ တွေငါးဖမ်းပိုက်လှေတွေ လူနေအိမ်တွေ အမြောက်အမြားပျက်စီးခဲ့ကြရပါတယ်။ ဒီနေရာတွေမှာ
 နောင်တစ်ကြိမ် ဖြစ်ပေါ်လာမယ့် မုန်းတိုင်းအန္တရာယ်အတွက် လူ့အသက်တွေကယ် ဆယ်နိုင်မယ့်အခင်း အကျင်းတွေ အစိုးရ မှာပြင်ဆင်ထားရဲ့လား။ 
       ၂၀၀၄ ခုနှစ်ဒီဇင်ဘာ က ထိုင်းနိုင်ငံမှာ ဆူနာမီမြေအောက် ငလျှင့်ဒဏ်ကြောင့် ကမ်းခြေက လူပေါင်း
 ထောင်ချီပြီးသေကြေပျက်စီးသွားခဲ့ပါတယ်။ ဒါကြောင့် ထိုင်းနိုင်ငံဟာ နောက်တစ်ကြိမ်ဖြစ်လာမယ့် ဆူနာမီ အတွက် ကြိုင်တင်ပြင်ဆင်လိုက်ပါတယ်။ သူတို့ရဲ့ပြန်လည်တည်ဆောက်ခြင်းမူဝါဒများဟာ ဆူနာမီပေါင်း များစွာလာခဲ့စမ်းပါလို့ စိန်ခေါ်လိုက်သလိုပါပဲ။ ဆူနာမီကြောင့် ပျက်စီးသွားတဲ့ လူနေအိမ်တွေနဲ့ အများပိုင် အဆောက်အဦးတွေကို မူဝါဒချမှတ်ပြီး အခိုင်အခန့်တည်ဆောက်ပါတယ်။ အနိမ့်ပိုင်းဒေသတွေကဘုန်းကြီး
 ကျောင်း၊ စာသင်ကျောင်း၊ ရဲစခန်းနဲ့ ဆေးရုံတွေကို အထပ်အမြင့် ဆောက်လိုက်ပါတယ်။
        ဒါ့အပြင် ပင်လယ်ကမ်းခြေတစ်လျှောက် သစ်ပင်အမြင့်တွေကို လူတွေ ရုတ်တရက် ပြေးတက်နိုင်ေ အာင် ကြိုးလှေကားတွေ ချိပ်ဆွဲထားပါတယ်။ အထူးသဖြင့် ထိုင်းကမ်းခြေဟူသမျှမှာ ဆူနာမီစောင့်ကြည့်တဲ့ ကိရိယာနဲ့ ၀န်ထမ်းခန့်ထားပြီး အချိန်ပြည့်စောင့်ကြည့်နေပါတယ်။ ဒါ့အပြင် မကြခဏဆိုသလို ဒေသခံတွေ ကို အရေးပေါ် ဆူနာမီအန္တရာယ် ကာကွယ်ခြင်းနည်းစနစ်တွေကိုလည်း သင်ကြားပေးထားပါတယ်။ ထူးခြား တာက ဆူနာမီ ကြောင့် သေဆုံးသွားကြသူတွေကို သင်းချိုင်းတစ်ခုပြုလုပ်ပေးထားပြီး ကမ်းပေါ်ကိုရောက်ရှိ လာတဲ့ သင်္ဘောတွေကို ပြန်မချတော့ပဲ ဆူနာမီပြတိုက်သဘောမျိုးထားပြီး ဒေသခံလူတွေကို အစဉ်သတိရှိ ဖို့နှိုးဆော်ပေးထား ပါတယ်။ ဒါ့အပြင် အဲဒီနေရာဟာ ခရီးသွားလုပ်ငန်းငယ်အဖြစ်ပါရှင်သန်ထမြောက်လာခဲ့ ပါတယ်။ 
                                            "မြန်မာတွေအဆင်သင့်ဖြစ်ဖို့လိုပြီ"
   မြန်မာနိုင်ငံမှာ ၁၂ ရာသီပတ်လုံး ဒုက္ခသည် ပြဿ     နာရှိတယ်။ စစ်ဘေးဒုက္ခသည်၊ နွေရာသီနဲ့ဆောင်း 
ရာသီ တို့မှာ မီးဘေး၊ မိုးရာသီမှာ ရေဘေးနဲ့ အမျိုးမျိုးသော ရောဂါဘယဘေးရှိတတ်ပါတယ်။ အထူးသဖြင့် လက်ရှိ အချိန်မှာ လူသတ်၊ ဆိုးခိုးနှိုက်နဲ့ လူကုန်ကူးမှုတွေ ယာဉ်မတော်တဆဖြစ်မှုတွေဆိုတာ မကြားချင် အဆုံးပါ။
 လေး လောင်းပြိုင်လိုလူသတ်မှုတွေသာမက မိန်းကလေးငယ်ကို ကားပေါ်ဆွဲတင်ပြီး အဓမ္မပြုကျင့်ဖို့ ကြိုးစား တာ မအောင်မြင်လို့ ဓါးနဲ့ထိုးပြီး ကားပေါ်ကပစ်ချခဲ့တဲ့ မကြားဝံ့မနာသာ ရာဇ၀တ်မှုတွေအများအပြားပဲ။ 
         ဒါတွေ အကုန်လုံးဟာ တိုင်းပြည်ကိုအုပ်ချုပ်တဲ့သူတွေသာမက နိုင်ငံသားတိုင်း အထက်ကတင်ပြခဲ့ တဲ့ အမျိုးမျိုးသော အသက်ကူနည်းအတတ်ပညာတွေကို တတ်ထားမှ တန်ကာကျမှာဖြစ်ပါတယ်။အနီးစပ်ဆုံး
 ချင်းတွင်းမြစ် ထဲမှာ အောင်စိုးမိုးကျော် ရေယာဉ်တစ်မြုတ်လို့လူတွေရာနဲ့ချီပြီးသေဆုံးတဲ့ကိစ္စမှာ၊ ဥပဒေကို မလိုက်နာပဲ လူပို၊ ကုန်ပိုတင်တာကတစ်ပိုင်း။ ရေနစ်ပြီဟေ့ ဆိုတာနဲ့တပြိုင်နက် လူတိုင်းရေကူးခတ်တတ် ရင် အသေအပျောက် ဒီထက်သက်သာစေနိုင်မှာဖြစ်ပါတယ်။ 
       ဒါကြောင့် တိုင်းပြည်ထူထောင်ဖို့ ပြည်သူ့ အခွန် လစာစားတဲ့ပြည်သူဝန်ထမ်းတိုင်းဟာ ထမင်းရှင်နိုင်ငံ သားတွေ အရေးပေါ်တဲ့အခါတိုင်းမှာ လူ့ အသက်တွေ၊ ပစ္စည်းတွေ အဆုံးအရှုံးနည်းနိုင်သမျှ နည်းအောင် ကူညီပေးနိုင်ဖို့လိုအပ်ပါတယ်။ ဒီလို ကူညီ ကယ်ဆယ်နိုင် ရေးအတွက် အသက်ကယ်နည်းပညာဟူသမျှ တတ်မြောက်အောင်၊ လေ့ကျင့်သင်ကြား  သင်ကြားခြင်းက စကြပါစို့လို့ တိုက်တွန်းချင်ပါတယ်။    
                                                  မောင်မောင်မြတ်ညို