18 November 2016

“ပါဖက်MOU အလုပ်သမား ၂၃ ယောက်ပြဿ နာဘယ်လိုအဆုံးသတ်မလဲစောင့်ကြည်ပါ”



   
၂၀၁၆ ခု နိုဝင်ဘာ ၁၈ ရက်
ရွှေလုပ်သား

       ပါဖက်အေဂျင်စီဖြင့် ထိုင်းနိုင်ငံ နာနတ်သီးစက်ရုံသို့ပို့ဆောင်ခဲ့သည့်အလုပ်သမား ၂၃ဦးအနက် လင်မယား ၂ဦးကျန်နေခဲ့ပြီး ၂၁ ဦးအား ယနေ့တွင် မြန်မာနိုင်ငံသို့အေဂျင်စီမှ ပြန်လည်ခေါ်ယူသွားခဲ့သည်။
မန္တလေးတိုင်းနှင့်မကွေးတိုင်းတို့မှ အလုပ်သမား(ကျား၁၂ဦး+မ၁၁ဦး)တို့အား ရန်ကုန်လှိုင်သာယာ ကျန်စစ်သား အိမ်ယာတွင်နေထိုင်သည့် LIBRA LIFE အေဂျင်စီပွဲစား ဆိုသူ ဦးထွန်းထွန်း နှင့် ကိုသက်ထွေး ဆိုသည့် ပွဲစား ၂ဦးတို့သည် အလုပ်သမားများထံမှ အနည်းဆုံးကျပ်ငွေ လေးသိန်းခွဲမှ ငါးသိန်းခွဲအထိ ယူဆောင်၍ အလုပ်သ မားများကိုစာချုပ်ချုပ်ဆိုခြင်း၊ စမတ်ကဒ်လုပ်ပေးခြင်းမရှိပဲ ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊   နောင်ပိကျေးရွာရှိ OS INTER FOOD နာနတ်သီးစက်ရုံသို့ ၁၇.၆.၂၀၁၆ နေ့က ပို့ဆောင်ပေးခဲ့ကြောင်း အလုပ်သမားများကပြောပါသည်။ 

         အလုပ်သမားများသည် အလုပ်ကို ပုံမှန်လုပ်ရသည်ဟူ၍မရှိပဲ ယခုပြန်သည့်အချိန်အထိ ၅လအတွင်း ရက်ပေါင်း၈၅ ရက်သာအလုပ်လုပ်ခဲ့ကြရပါသည်။ထိုလုပ်အားခများအတွက်အလုပ်သမားများ ရရှိသွားခဲ့ကြ   သော်လည်းအလုပ်သမားတစ်ဦးစီ အချိန်ပို ၁၈၄ နာရီခန့်စီအတွက်ကိုမူ ဖြေရှင်းမပေးလိုက်ပါ။ယမန်နေ့က
 ပွဲစားများသွားရောက်၍ အလုပ်သမားများနှင့် ရှင်းလင်းကြရာတွင်လည်း မြန်မာဘက်သို့ရောက်သည့်အခါမှ   သာ ရှင်းပေးမည်ဟုပြောဆိုခဲ့ပါသည်။ ထူးခြားသည်မှာ အလုပ်သမားများထွက်လာစဉ်က စက်ပျက်သည် ဟု အကြောင်းပြ၍ မထုတ်ပေးခဲ့သည့်စမတ်ကဒ်များမှာလည်း ယမန်နေ့ကမှ ပွဲစားများက ထုတ်ပေးခဲ့ပါ သည်။ 

 အလုပ်သမား ကိုကျော်လွင်ဦး က“ကျနော်တို့ကို ဘ၀ချိန်ခွင်ပွဲစားတွေက အချိုရည်စက်ရုံနဲ့ ကြက်သား  စက်ရုံလို့ ပြောခဲ့တယ်။ မြ၀တီရောက်တော့ ပါဖက်အင်းကျီဝယ်ဝတ်ရတယ်။ ဘယ်မှာမှစာချုပ်မချုပ်ခဲ့ရပါဘူး။ ရန်ကုန်က ပွဲစားတွေကလိုက်မပို့ပဲ လိုင်းကားနဲ့ မြ၀တီကိုလာခဲ့ရတာပါ။ ထိုင်းကိုရောက်လာတော့ နာနတ် သီးစက်ရုံဖြစ်နေတယ်။ နာနတ်သီးမရှိလို့၊ တစ်နေ့ကုန်လုပ်ရတဲ့ရက်နည်းပါတယ်။ နေ့တစ်ဝက်၊ ၃နာရီ ဒီလို ပဲလုပ်ရတယ်။ ကျနော်တို့ကလည်း ပိုက်ဆံအကုန်ခံလာတယ်။ လုပ်ရရင်ပြီးရောဆိုပြီး သည်းခံခဲ့တယ်။ ပွဲစားတွေခေါ်ပါတယ် မလာခဲ့ကြဘူး။ နောက်ဆုံးကျတော့ ၉လပိုင်း လုပ်အားခနဲ့၁၀လပိုင်းလုပ်အားခလည်း
 မရှင်းပေးတော့တဲ့အပြင် အလုပ်ရုံပါ ပိတ်တယ်ဆိုပြီး စာကပ်လာတယ်။ ပွဲစားတွေကိုဖုန်းဆက်တာလည်း မ လာဘူး။ အလုပ်သမား သံအရာရှိကို ဆက်တော့လည်း ဝေးတယ်ငါတို့မလာနိုင်ဘူး။ ပွဲစားတွေကိုလွှတ် ထားတယ်လို့ပဲပြောတယ်။ ဒါကြောင့်MAT အဖွဲ့ဖုန်းနံပါတ်ကို စုံစမ်းပြီး အကူညီတောင်းလိုက်တာ” ဟုပြောသည်။ 

      အလုပ်သမားများ၏ မိဘများသည် ရန်ကုန်အခြေစိုက် အလုပ်သမားအဖွဲ့တစ်ခု၏ အကူညီဖြင့် နိုဝင် ဘာလ ၇ ရက်နေ့က ရန်ကုန်လူကုန်တားတပ်ဖွဲ့တွင်သွားရောက်၍ အမှုဖွင့်တိုင်ကြားခဲ့ပါသည်။ ထိုမှတစ် ဆင့် နေပြည် တော်လူကုန်တားတပ်ဖွဲ့ နှင့် အလုပ်သမားညွန်ကြားရေးဦးစီးဌာနတို့သို့ တရားဝင် တိုင်ကြား စာများပေးပို့ခဲ့ကြ သည်။
          ထိုင်းနိုင်ငံအတွင်း MOU  ပြဿနာများနေ့စဉ်ပေါ်ပေါက်နေသော်လည်း အလုပ်သမားအဖွဲ့အစည်းများ အနေဖြင့်ကြားဝင်ဖြေရှင်းရန်ခက်ခဲပါသည်။ အဘယ်ကြောင့်ဆိုသော် Govement  to  Govement (G to G) အစိုးရချင်းအလုပ်သမားတင်သွင်းခြင်းဟူသည့် ခေါင်းစဉ်တပ်ထား၍ဖြစ်ပါသည်။ သို့ရာတွင် အစိုးရက ကြားခံပွဲ စားများကို လုပ်ကိုင်ခွင့်ပေးထားသဖြင့် G to G မဟုတ်တော့ပဲ B to B (Business to Business) အရင်းနဲနဲဖြင့် လစဉ် သိန်းရာချီအမြတ်အစွန်းရသည့် ဧရာမစီးပွားရေးလုပ်ငန်းကြီးဖြစ်နေခဲ့ပါသည်။ 

    ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က “ဒီဖြစ်စဉ်မှာ အလုပ်သမားတွေဘက်က ဘာအမှားမှမရှိဘူး။ အလုပ်သမားတွေကိုယ့်ငွေနဲ့ လုပ်လာတဲ့ ပတ်စပို့ ကို cancel တုံးမထုသင့်ဘူး။ ပတ်စပို့စာအုပ်တစ်အုပ်လုပ်ဖို့ဆိုတာ မရှိဆင်းရဲသား တောသူတောင် သားတွေ အတွက် ဘယ်လောက်ခက်ခဲ့သလဲဆိုတာ ကိုယ်ချင်းစာကြည့်ဖို့ကောင်းတယ်။ ပြီးတော့ ဒီအလုပ် သမားတွေ နစ်နာမှုတွေကို ဘယ်သူတာဝန်ယူမလဲ။ နောက်တစ်ချက်စဉ်းစားကြရမှာက မြန်မာအလုပ်သ မားတွေသူများ တိုင်းပြည်မှာ အနိမ့်ကျဆုံးအလုပ်ကြမ်းတွေကိုလုပ်ဖို့အတွက် မြန်မာပြည်မှာလည်း ကျပ်ငွေ ၅သိန်းကျော် ပေးခဲ့ရတယ်။ ထိုင်းမှာလည်း ဘတ်တစ်သောင်း(ကျပ်ငွေသုံးသိန်းကျော်) ပေးရအုံးမယ်။ ဒီလောက်များတဲ့ ငွေတွေ ကို အလုပ်သမားတွေဆီကခေါင်းပုံဖြတ်ယူခွင့် ကိုလည်းအစိုးရကတရား ၀င်လိုင်စင်ချပေးထားတယ်။ စဉ်းစားကြပါအုံးဗျာ”ဟုပြောသည်။

       အလုပ်သမားများသည် ယနေ့ ၃နာရီခွဲအချိန်က မြ၀တီဘက်သို့ရောက်ရှိသွားပြီးဖြစ်ပါသည်။ MAT မှ လိုအပ်သည့်အစီအမံများကို တတတ်တအားလိုက်လံစောင့်ရှောက်ပေးနေမှုကြောင့် အလုပ်သမားများမှာ Cancel မထုခဲ့ရဟုဆိုပါသည်။ မြန်မာ လ၀က ကိုမေးကြည့်သည့်အခါလည်း စာအုပ်ကို ပြန်လည်အသုံးပြု၍ ရသေးကြောင်း ပြန်ပြောပါသည်။ 

         ယခုဖြစ်စဉ်တွင် နိုင်ငံတော်အစိုးရ အလုပ်သမားဝန်ကြီးဌာနက အလုပ်သမားတစ်ဦးလျှင် ကျပ်ငွေ တစ်သိန်းခွဲသာကောက်ခံရမည်ဟု သတ်မှတ်ထားသော်လည်း ငါးသိန်းကျော်အထိကောက်ခံထားခြင်း၊ ရန်ကုန် မြောက်ဒဂုံပင်လုံခန်းမနှင့် ကျောက်လုံးကြီးစခန်းတို့တွင် အလည တာဝန်ရှိသူများနှင့် တစ်စုံတစ်ရာ စာချုပ်ချုပ် ဆိုမှုမပြုခြင်း၊ မည်သည့်ကုမ္ပဏီ၊ အလုပ်သမားဖြစ်ကြောင်း သက်သေခံစမတ်ကဒ် ထုတ်မပေြး ခင်းတို့မှာ တိုင်း တပါးတွင် အလုပ်လုပ်ကိုင်မည့်အလုပ်သမားများအတွက် အလွန်စိုးရိမ်စရာဖြစ်ပါသည်။ 

        ထိုမျှမက ငွေအမြောက်အမြားပေးထားသည့် ပွဲစား ဦးထွန်းထွန်း နှင့် ကိုသက်ထွေး ဆိုသူတို့သည် အလုပ်သမား ၃၀ဦးတို့ကို မြ၀တီနှင့်ထိုင်းနိုင်ငံတို့သို့ လိုက်လံပို့ဆောင်ပေးခြင်းမရှိခဲ့ပါ။ အလုပ်သမား များသည် မိမိတို့အစီအစဉ်ဖြင့် အောင်မင်္ဂလာအဝေးပြေးကားဂိတ်မှ ရွှေရတနာကားဖြင့် မြ၀တီသို့ လာခဲ့ကြ ရပါသည်။ မြ၀တီသို့ရောက်သည့်အခါမှ မြ၀တီမှ ပွဲစား ဦးလှကြည့်နှင့် ယွန်နဒီဦးဘန်ကောက် ကုမ္ပဏီ လိပ်စာကဒ် ကိုင်ဆောင်သူ မောင်စိုး ဆိုသူတို့က OS နာနတ်သီးအလုပ်ရုံသို့ပို့ဆောင်ပေးခဲ့ခြင်းဖြစ်ပါသည်။

          ထိုင်းနိုင်ငံအတွင်း မသမာမှုအမြဲပေါ်ပေါက်ခြင်းတို့ကြောင့် အလုပ်သမားအရေးဆောင်ရွက်သူများ က အမည်ပေးထားသည့် MOU သင်းချိုင်းကုန်များဖြစ်ကြသော စီဒီပြားအလုပ်ရုံ၊ ကြက်သား အအေးခန်း၊ နာနတ် သီးစက်ရုံများတို့အား နိုင်ငံတော်အစိုးရက အလုပ်သမားတင်ပို့ခွင့်ကို အမြဲတမ်းပိတ်ပင်ထားသင့်ပါ သည်။ အဘယ်ကြောင့်ဆိုသော် (၁) ထိုအလုပ်ရုံများမှ တာဝန်ခံများသည် လူကုန်ကူးဂိုဏ်းသားများဖြစ်ခြင်း၊ (၂)အလုပ် ပုံမှန်မရှိခြင်း (၃) သုညဒီဂရီအောက် ရေခဲမှတ်တွင်အလုပ်လုပ်ရသည့် ကြက်သားအအေးခန်း ဒဏ်ကို တော်ရုံ ကျမ္မာရေးခံနိုင်စွမ်းဖြင့် ရေရှည်မခံနိုင်ခြင်း၊(၄) အလုပ်ရုံကိုအကြောင်းပြ၍ အလုပ်ကြပ်ဝဏ များနှင့် မြန်မာလူပို့ ပွဲစားများ အလုပ်သမားအသွင်းအထုတ်လုပ်စားကြခြင်းတို့ရှိနေခြင်းကြောင့်ဖြစ်ပါသည်။



          MAT ဒါရိုက်တာ ဦးကျော်သောင်း က၂၀၁၆ ခု ဇွန်လ ၂၆ ရက်နေ့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလဒေါ်အောင်ဆန်းစုကြည် နှင့် ဘန်ကောက်မြန်မာသံရုံးတွင် စကားပြောဆိုခွင့်ရရှိခဲ့စဉ်က အချက် ၃ချက် တင်ပြခဲ့ပါသည်။

 (၁) ဂျပန်အင်ဂျီအိုအဖွဲ့တစ်ခုက နိုင်ငံတကာအဆင့်မီ နိုင်ငံသားစိစစ်ရေးကဒ် အခမဲ့လုပ်ပေးရေးအစီအစဉ်၊ (၂) လူပွဲစားများနှင့်အကျင့်ပျက် ၀န်ထမ်းတို့၏ ယုတ်မာမှုများမှ ကင်းလွတ်စေရေးနှင့် အလုပ်သမားလူတန်း စားများ အသက်သာဆုံးနည်းလမ်းဖြစ်သည့် (ရပ်ကျေး + အလည+ဘဏ်= MOU ) အကောင်အထည်   ဖေါ်သင့်ကြောင်း နှင့် (၃) လေးသန်းထက်မနည်းသော မြန်မာအလုပ်သမားများအကို ကူညီစောင့်ရှောက်   နိုင်ရန်အတွက် (လူကုန်တားရဲ၊ လူကယ်ပြန်၊ အလည၊ ရှေ့နေ)တို့နှင့်အတူ အလုပ်သမားအရေးကျွမ်း ကျင်သူများနှင့် ပူးပေါင်၍ ထိုင်းနိုင်ငံတွင် အနည်းဆုံး၎ရုံးခန့် လာရောက်ဖွင့်လှစ်ပါရန် နှင့် လိုအပ်သည့်ငွေ   များအတွက်လည်း ၂၀၁၃ ခုနှစ်က အိမ်ပြန်ပို့စရိတ်ဟုဆိုကာ  မြန်မာအလုပ်သမားများထံမှ ထိုင်းအလုပ် သမား ၀န်ကြီးဌာနမှကောက်ခံထားသည့် ငွေများကို ပြန်လည်တောင်းခံ၍ အသုံးပြုသင့်ကြောင်းတို့ကို တင်ပြခဲ့ပါသည်။ အဆိုပါအချက်အလက်များကို အထောက်အထားစာရွက်များဖြင့် အမေစုသို့ မှာတမ်းချွေ
 ခေါင်းစဉ်ဖြင့်လည်းပေးအပ်ခဲ့ပါသည်။ သို့ရာတွင် ၅လကြာသည့် တိုင်အောင်မည်သည့်အစီအမံမှအကောင် အထည်မပေါ်လာသေးသဖြင့်၊ စောင့်မျှော်ရ မောလှပါပြီဟု ဦးကျော်သောင်းက ပြောပါသည်။