29 November 2016

“လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရသည့်အလုပ်သမားနစ်နာကြေးဘတ်၂သိန်းရရှိ”



              
၂၀၁၆ ခု နိုဝင်ဘာလ ၂၉
မင်းဘခက်

            ဘန်ကောက်မြို့ ဖလန်းဆောင်နယ်မြေ၊ ဘန်းကဒီအရပ်တွင်ရှိသော သကြားမုန့်အလုပ်ရုံတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အလုပ်သမားတစ်ဦးအတွက် MAT အဖွဲ့၏ ကူညီဆောင်ရွက်ပေးမှု ကြောင့် နစ်နာကြေးဘတ်ငွေ၂သိန်းယနေ့ရရှိခဲ့သည်။

  ပဲခူးတိုင်း၊ သနပ်ပင်မြို့နယ်၊ ကျိုက်မဲကျေးရွာမှ အသက် ၂၃ နှစ်အရွယ် ကိုအောင်ကိုသက် ဆိုသူသည် ၅.၅.၂၀၁၄  နေ့က အချိန်ပိုအလုပ်လုပ်နေချိန်တွင် သကြားလုံး ထုပ်လုပ်သည့်စက်နှင့် လက်ညှပ်မိသွား သဖြင့် အောင်ကိုသက်၏ ညာဘက်လက်ဖမိုး လက်သန်း၊ လက်သူ ကြွယ်၊ လက်ခလယ် နှင့် လက်ညှိး စုစုပေါင်း၎ချောင်းအား ပျက်စီးသွားခဲ့ပါသည်။

ကိုအောင်ကိုသက် က ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့MAT သို့ ၃.၁၀. ၂၀၁၅ ရက်နေ့က အကူညီတောင်းခံလာခဲ့ရာ ဆေးဝါးကုသမှုအပိုင်းများ အားလုံးပြီးဆုံးသည် အထိ   စောင့်ခဲ့ရသည်။ 

အလုပ်သမားကူညီဆောင်ရွက်သည့် ရှေ့နေအဖွဲ့၏ အကူညီဖြင့် မဟာချိုင်တရားရုံးတွင် အမှုစွဲဆိုခဲ့ရာ ယနေ့တွင် အလုပ်ရှင်နှင့် အလုပ်သမား ၂ဦးသဘောတူညီချက်အရ ဘတ်ငွေ ၂သိန်းဖြင့်   ပြေလည် လက်ခံခဲ့ကြပါသည်။

     MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က “ ပကာစာခွန်း(ခေါ်) အာမခံ မရှိလည်းရပါတယ်။ ထိုင်းအလုပ် သမား ဥပဒေမှာ လုပ်ငန်း ခွင်ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုတွေအတွက်ရှိပြီးသားပါ။ ထိုင်းဥပဒေ ကိုနား လည်ပြီး လုပ်တတ် ဖို့သာလိုပါတယ်။ အဓိက စေတနာပါ၊   မြန်မာအလုပ်သမားတွေအနေနဲ့ ဘာလုပ်လုပ် သတိထားလုပ်ကြပါ။   မွေးရာပါ ကိုယ်လက်အင်္ဂါဆုံးရှုံးသွားမှုဟာ အစားထိုးမရတော့ဘူး၊ အကယ်၍ မလွဲသာလို့ထိခိုက်မှု၊ သေဆုံးမှုတွရှိခဲ့ရင်လည်း မြန်မာ  သံရုံးအပါအ၀င် နီးစပ်ရာအလုပ်သမားအဖွဲ့တွေကို အကူညီတောင်း ခံကြပါ” ဟုပြောသည်။