22 November 2016

“သူတို့ကိုကောင်းမွန်စွာအိမ်ပြန်ခွင့်ပြုပါ”

၂၀၁၆ ခု နိုဝင်ဘာလ ၂၃ ရက်နေ့ထုတ် မြန်မာပို့စ် သတင်းဂျာနယ်ပါ ဆောင်းပါးကို အွန်လိုင်းပရိတ်သတ်
များအတွက် ကူးယူဖေါ်ပြပါတယ်။


                                       
        ထိုင်းနိုင်ငံတောင်းပိုင်း အပန်းဖြေစခန်း ဖူးခက်ပင်လယ်ကမ်းခြေအနီးဖယ်ယော့ငါးဖမ်းလှေဆိပ်က အခန်း တစ်ခု မှာပိတ်လှောင်ထားတဲ့ မြန်မာအလုပ်သမား ၃၂ ယောက်ကို၂၀၁၆ ခုနှစ် ဇန်န၀ါရီလ၂၉ ရက်    နေ့က ကယ်ထုတ်ခဲ့တယ်။ ခုသူတို့အမှုမပြတ်သေး။ အန်ကယ် သားတို့ ရနောင်းကယ်ဆယ်ရေးစခန်းထဲ မှာနေရတာဆယ်လ ရှိပြီ။ တရားရုံးမှာ သားတို့ကပွဲစားအိမ်မှာ တံခါးပိတ်ထားတယ်လို့ထွက်ဆိုတယ်။ 

    အဲဒါကို ပွဲစားမက အခန်းတံခါး ပိတ်မထားပါဘူး။ အချိန်ပြည့်တံခါးဖွင့်ထားတယ်လို့ ထွက်ဆိုနေတယ်။ သားတို့ဘက်က သက်သေထွက်ဆိုပေးမယ့်လူလိုနေတယ်။ သားတို့အလုပ်လည်းမလုပ်ရ၊ တစ်ပြားမှလည်း မရပဲတစ်နှစ်ပြည့်တော့မယ်။ ကူညီပေးပါဦး။ 


         ၂၀၁၆ ခု ဇူလိုင်လ ၁၀ ရက်နေ့က မလေးရှားနယ်စပ် ပါသနီငါးဖမ်းလှေဆိပ်က ကယ်ထုတ်ခဲ့တဲ့ အလုပ် သမား ၁၉ယောက်။ ဆုံခါကယ် ဆယ်ရေးစခန်းထဲရောက်နေတဲ့ ရခိုင်အလုပ်သမားတစ်ယောက် ဖုန်းဆက်လာ ပြန်တယ်။ ဦးလေး၊ ကျနော်တို့အမှုမပြီးသေးဘူးလား၊ ၅လရှိပြီ၊ အိမ်ပြန်ချင်ပြီ၊ကူညီပေးပါအုံး။

     မလေးရှားနယ်စပ် ကတန်မြို့ ငါးဖမ်းလှေဆိပ်မှာ လူသတ်လူကုန်ကူး၊ပြည့်တန်ဆာ ဂိုဏ်းခေါင်းဆောင် ထိုင်း ဇနီးမောင်နှံနှစ်ဦးနဲ့ မြန်မာအလုပ်သမားတွေကို သတ်ပေးတဲ့ထိုင်းလူသတ်သမားတွေကို လက်ရဖမ်း မိအောင် ကူညီပေးခဲ့တဲ့ ပဲခူးက ကိုကျော်သူ။ သူက… ဦးလေးကျနော်တစ်နှစ်ကျော်သွားပြီ၊အမှုလည်းပြီးပြီ၊  
၂နှစ်ကျော် လုပ်ခဲ့တဲ့လုပ်အားခရမယ်လို့ပြောခဲ့လို့အမှုရင်ဆိုင်ခဲ့တယ်။ ခု တစ်ပြားမှလည်းမပေးဘူး။ 

ကျနော်သူငယ်ချင်း တွေ အကုန်လုံးတော့ပြန်သွားပြီ။ ဘယ်လိုလုပ်ရင်ကောင်းမလဲဦးလေး လုပ်ပါအုံးတဲ့။
    ဦးလေး။ သမီး ဒီကယ်ဆယ်ရေးစခန်းထဲရောက်တော့ ဒီအထဲမှာရောက်နေတာ တစ်နှစ်ပြည့်ပြီ၊ ဘယ်တော့ ပြန်ရမလဲမသိသေးပဲ ဒီအတိုင်း အနာဂတ်မဲ့နေသူတွေရှိတယ်။ သမီးတော့ ပုလင်းကွဲနဲ့ လက်ကိုခြစ်လိုက်တော့ သွေးတွေထွက်သွားတယ်။  နင်တို့ ငါ့ကို ချက်ခြင်းပြန်ပို့မလား၊ မပို့ဘူးလား။ ကိုယ့်ကိုယ်သတ်သေပြစ်မယ်လို့ ပြောမှ သမီးကို ပြန်ပို့တယ်။ အင်ဒိုငါးဖမ်းလှေသို့ရောင်းစားခံရဆဲ ကယ်ထုတ်ခဲ့တဲ့ မြန်မာအမျိုးသမီးငယ် တစ်ဦး ပြန်ခါနီးပြောဆို သွားခဲ့တဲ့အသံ။

           ဦးလေး။ သမီးတို့ကို ကူညီတာဆို။ ခု သမီးတို့ မိဘတွေကို ပိုက်ဆံလည်းမပို့ရဘူး။ တစ်ပြားမှ လည်း မရဘူး။ သမီးတို့ကို သက်သက်ဒုက္ခပေးတာလား။ သမီးတို့ကို လာခေါ်ထုတ်ပါအုံးတဲ့။ ပြည့်တန်ဆာ အလုပ်ရုံ ကယ်ထုတ်ထားပြီး ကယ်ဆယ်ရေးစခန်းထဲရောက်နေတဲ့ လိင်အလုပ်သမလေးအပြစ်တင်သံ။ 

         ကယ်ဆယ်ရေးစခန်းက လူကုန်ကူးခံခဲ့ရသူတွေရဲ့ ရင်ထဲကသောကအသံလှိုင်းတွေဟာ အလွန်ထိ ခိုက် နာကျင်ရပါတယ်။ မိမိတို့ကလည်း တစ်စုံတစ်ခု ၀င်ရောက်စွက်ဖက်ခြင်းမပြုနိုင် ဒါကြောင့် သူတို့ကို ဒုက္ခပေး သလိုများဖြစ်နေသလားလို့ တွေးရင်းစိတ်ဆင်းရဲကြရပြန်ပါ တယ်။ ပေါ့စေချင်လို့ ကြောင်းရုပ်ထိုး တာ ဆေးအ တွက်ကြောင့်လေးသွားတယ်ဆိုတာ ထိုင်းနိုင်ငံက လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ငန်းပါ။ လူကုန်ကူးခံရတဲ့သူတွေကို ကယ်ထုတ်တဲ့ တဒင်္ဂသာ ကျေနပ်ရပြီး နောက်ပိုင်း ကဏ္ဍတွေအားလုံးက စိတ်မချမ်း မြေ့စရာတွေချည်းပဲဖြစ်ပါတယ်။

                                 “အပူကာလက်နှီးစုတ်ကယ်ဆယ်ရေးလုပ်သားဘ၀”

      ထိုင်း၊မလေးရှား၊အင်ဒိုနီးရှား၊ တရုတ် နိုင်ငံတို့မှာ လူကုန်ကူးခံနေရသူတွေ အမြောက်အမြားကို ကယ်ထုတ် ဖူးတဲ့ စာရေးသူတို့ အလုပ်သမားအဖွဲ့ဆီကို လူကုန်ကူးခံရသူတွေမကြာမကြာဖုန်း ဆက်ပြီး အကူ ညီတောင်းခံကြတာရှိပါတယ်။ လူကုန်ကူးခံရသူတွေရဲ့မိသားစုတွေ၊ အနီးအနားမှာလူကုန်ကူးမှုဖြစ် စဉ်တွေကို သတင်းပို့သူတွေ အပြင် ထိုင်းနဲ့မြန်မာအစိုးရတို့ကလည်း ကူညီဖေါ်ထုတ်ဖို့ အခါအားလျှော်စွာ အကူညီတောင်းခံမှု၊ ပူးပေါင်း ဆောင်ရွက်မှုတွေရှိပါတယ်။ ဒါကြောင့် တစ်နှစ်ကိုအနည်းဆုံးလူကုန်ကူး ခံရသူပေါင်းနှစ်ရာကျော်ကနေ သုံးရာ ကျော်အထိ ကူညီကယ်ထုတ်ရလေ့ရှိပါတယ်။ အစိုးရလည်းမဟုတ်၊ အင်ဂျီအိုလည်းမဟုတ်တဲ့ သာမန်အသင်း အဖွဲ့ငယ်တစ်ခုအနေနဲ့ ဒီလောက်ပမာဏထိ ကယ်ထုတ်ဖို့ဆိုတာ အလွန်ပင်ပန်းခက်ခဲပါတယ်။ 

        ပထမဦးဆုံး သတင်းအချက်အလက်ခိုင်မာအောင်တည်ဆောက်ရမှုဟာ အခက်အခဲဆုံးနဲ့ အန္တရာယ် အများဆုံးဖြစ်ပါတယ်။ ဒုတိယက ထိုင်းနဲ့ မြန်မာအစိုးရတို့ရဲ့တရားဝင်ဆက်သွယ်မှု အထောက်အထားကို   မြန်မာ ထိုင်း အင်္ဂလိပ်ပြန်ဆိုရတယ်။ သေချာပြီ၊ ခိုင်မာပြီ၊ ဖမ်းဆီးကယ်ထုတ် နှိမ်နင်းပေးမယ့်ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့တွေက အဆင်သင့်ဖြစ်ပြီဆိုမှ ကျနော်တို့သွား ရောက်ကယ်ထုတ်ကြရတာ   ဖြစ်ပါတယ်။
      
       စာရေးသူတို့ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့MATဆိုတာဘယ်အစိုးရဘယ်အဖွဲ့အစည်းကမှ   စရိတ်စက ထောက်ပံ့ထားတာမရှိသလို ၀န်ထမ်းလစာနဲ့ လုပ်ကိုင်နေကြသူတွေလည်းမဟုတ်ကြပါဘူး။ မိမိ အလုပ်ကို မိမိလုပ်ကိုင်ကြပြီး လူကုန်ကူးခံရတဲ့မြန်မာတွေနဲ့ ကယ်သူမဲ့တဲ့မြန်မာအလုပ်သမားတွေကို ဆယ်စုနှစ် ကျော်ကြာ ကူညီလာကြသူတွေဖြစ်ပါတယ်။ 

         တစ်ခါတစ်လေမှာတော့ခရီးစရိတ်ကူညီကြသူတွေလည်းရှိခဲ့ဖူးပေ မယ့်ထိုင်းနိုင်ငံအနှံ့ လူကုန်ကူးခံ ရသူတွေနဲ့ အလုပ်သမားအခွင့်အရေး ချိုးဖေါက်ခံရသူတွေကိုသွားရောက် ကယ် ထုတ်ရတဲ့ စရိတ်စကဟူ သမျှ ကိုယ့်စရိတ်ဖြစ်ပါတယ်။ 

                     “ပွက်ပွက်ဆူတဲ့ရေနွေးအိုးထဲကဆယ်ယူပြီးစွက်စွက်ဆူနေတဲ့ ဆီပူအိုးထဲသို့”

        ငါးဖမ်းလှေပေါ်မှာ၊ ပင်လယ်အစားအစာထုတ်လုပ်တဲ့အလုပ်ရုံမှာ၊ စိုက်ပျိုးရေးခြံမှာ၊ ပြည့်တန်ဆာ အလုပ်ရုံတွေမှာ လူကုန်ကူးခံနေရသူတွေကိုကယ်ထုတ်ရတဲ့ တဒင်္ဂကာလမှာလှောင်အိမ်ထဲကငှက် ကလေး ကိုကယ်ထုတ် ရသလို ကျေနပ်ကြည်နူးကြရပါတယ်။ မိသားစုရင်ခွင်နေအိပ်ကို ပြန်ကြရတော့မယ်ဆိုတဲ့ သူတို့ရဲ့ယုံကြည် မျှော်လင့်ချက်ရောင်ခြည်နဲ့  ရွှင်ပြနေတဲ့မျက်လုံးအရောင်တွေကိုအောက်မှာ ကျနော်တို့ ပင်ပန်းခဲ့သမျှ စွန့်စားခဲ့ရ သမျှတွေနဲ့ ကုန်ကျခဲ့သမျှငွေကြေးတွေဆိုတာ အားလုံးမေ့သွားခဲ့ကြတယ်။ မိမိတို့ တစ်ဖွဲ့လုံး အချိန်ကုန်ခဲ့သမျှ ပင်ပန်းကျိုးနပ်ပြီလို့ ပီတိတွေဖြစ်ကြရတယ်။ 

        ကယ်ထုတ်လာသမျှ လူတွေကို ဖိနပ်၊ အင်းကျီတစ်စုံစီဝယ်ပေးကြတယ်။သူတို့ကိုထမင်းဟင်းကောင်း
 ကောင်းနဲ့ အချိုရည် ဆေးလိပ်တို့ကို ၀ယ်ပေးကြပါတယ်။ သူတို့ ကယ်ဆယ်ရေးစခန်းထဲကိုရောက်တဲ့အခါနဲ့ နယ်စပ်ကိုပြန်ရောက်တဲ့အခါ ဆက်သွယ်ဖို့ ဖုန်းနံပါတ်ပေးကြတယ်။ ဓါတ်ပုံမှတ်တမ်းကြတယ်။ ပြီးတာနဲ့ သူတို့ ကို နီးစပ်ရာ ရဲစခန်းထဲမှာ ထားရစ်ခဲ့ကြရပါတော့တယ်။

       သံရုံးနဲ့ပူးပေါင်း လုပ်ဆောင်ကြတဲ့ကိစ္စရပ်တွေဆိုလို့ရှိရင်သံအမတ်၊ သံမှူးတို့ကိုအောင်မြင်စွာ ကယ် တင်နိုင်ကြောင်း ၀မ်းမြောက်ဝမ်းသာသတင်းပို့ကြရတယ်။ ကယ်တင်တဲ့သူတွေအားလုံးကို သက်ဆိုင်ရာ နယ်မြေရဲစခန်း နဲ့ လူမှုဝန်ထမ်းဌာနတွေကို ဘာသာပြန်ဆိုပေးပြီးမှ ရုံးအခြေစိုက်ရာ ဘန်ကောက်ကို ပြန် လာခဲ့ကြရတယ်။  
 
                                     “အသဲမာသူမို့ဥပေက္ခာပြုကြသူမဟုတ်ရပါဘူး”   

       စာရေးသူတို့ အနေအထားဟာ လူကုန်ကူးခံရသူတွေကို သတင်းအချက်အလက်စုဆောင်းစဉ်ကာလနဲ့ ကယ်ထုတ်ပြီးတာနဲ့ (ကယ်ဆယ်ရေးစခန်းအတွင်းကိစ္စ၊ လုပ်အားခကိစ္စ၊ တရားရုံးကိစ္စတွေမှာ) လုံးဝ (လုံးဝ)  ပါဝင်ပါတ်သက်ခွင့်မရရှိတော့ပါ။ အခါအားလျှော်စွာ သူတို့တွေက ပြန်လည်ဆက်သွယ်လာမှ သူတို့အခြေအ နေတွေကိုသိရတာပါ။ အရေးတကြီးလိုအပ်လို့ရှိရင်တော့ မိသားစုတွေနဲ့ မြန်မာလူကုန်ကူး မှုတားဆီးနှိမ်နင်းရေး တပ်ဖွဲ့ကို သတင်းပေးပို့ပြီး အကူညီတောင်းရပါတယ်။ 

        လူကုန်ကူးခံခဲ့ရသူတွေဟာ မအိပ်မနေ ပင်ပင်ပန်းပန်း မနားမနေ ကျေးကျွန်သဖွယ်အလုပ်လုပ်ခဲ့ရ သမျှ လုပ်အားခတွေကို ရစေချင်တယ်။ ဒါပေမယ့် အမှုရင်ဆိုင်ပြီးနောက်မှ ပြန်ပို့သည်အထိ လူကုန်ကူးခံရ သူတွေ အတွက် တရားမျှတမှုရှိမရှိ ဆိုသည်ကို ကျနော်တို့ အကူညီပေးခွင့်မရရှိတော့သလို ထိုင်းနဲ့မြန်မာ အစိုးရတို့ ကလည်း ဂရုတစိုက်ပူးပေါင်းဆောင်ရွက်ကြတာမရှိသေးပါ။ 

        နစ်နာနဲ့မြန်မာကျွန်တွေအတွက် နိုင်ငံတော်အဆင့် က ကြိုးစားပေးသင့်ပါတယ်။ လက်ရှိအခြေ 

အနေမှာတော့ လူကုန်ကူးခံရသူတွေကို ကယ်ထုတ်ပြီးတဲ့နောက်မှာ ဒီအလုပ်သမားတွေ တရားမျှတတဲ့ တရားစီရင်မှုကိုခံကြရသလား၊ ကယ်ဆယ်ရေးစခန်းထဲမှာ အစားအသောက် အဆင်ပြေကြရဲ့လား၊ ဘာသာပြန်တွေက လူကုန်ကူးခံရသူတွေပြောတဲ့ ဖြစ်ရပ်အတိုင်း ဘာသာပြန်ပေးရဲ့လား။ ဒီအလုပ်သမား
 တွေ ရုံးတက်သက်သေလုပ်ရတာ ဘယ်တော့ပြီးမလဲ။ သက်သေစရိတ်ဘယ်လောက်ရနိုင်သလဲ၊ ကျွန်ပြုခံခဲ့ရတဲ့ လုပ်အားခတွေဘယ်လိုရအောင်လုပ်မလဲ၊ ဘယ်နေ့နယ်စပ်ကို ပြန်ပို့ခံရမလဲ ဆိုတာတွေကို မသိကြရတော့ပါ။
 
          မဲခေါင်မြစ်ဝှန်းဒေသ အစိုးရအဆင့်လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် ကတိက၀တ်ပြု စာချုပ်ဆို ထား ကြရုံသာမက ထိုင်းနဲ့မြန်မာတို့ဆိုတာလည်း ၆လတစ်ကြိမ် နိုင်ငံတော်အဆင့် လူကုန်ကူးမှုတားဆီး   နှိမ်နင်းရေး တပ်ဖွဲ့အချင်းချင်း အစည်းဝေးလုပ်လာခဲ့ကြတာ နှစ်အတန်ကြာခဲ့ပြီဖြစ်ပါတယ်။ ဒါပေမယ့် နစ်နာသူက မြန်မာ အလုပ်သမားတွေဖြစ်လေတော့ နစ်နာသူတွေအတွက် ရသင့်ရထိုက်တာရအောင် ကြိုးစားပမ်းစားလုပ်ဖို့က မြန်မာလူကုန်တားတပ်ဖွဲ့နဲ့ မြန်မာအစိုးရတို့မှာ အဓိကတာဝန်ယူလုပ်ကိုင် သင့် တယ် လို့ အကြံပြုလိုပါတယ်။ အိုင်အင်ဂျီအိုတွေကလည်းပူးပေါင်းဆောင်ရွက်ကြဖိုအလေးနက်ထားကြ ပါလို့ လည်းမေတ္တာရပ်ခံလိုပါတယ်။


                       “ချက်ချင်းအကောင်အထည်ဖေါ်တဲ့ထိုင်းလူကုန်ကူးမှုတိုက်ဖျက်ရေး”

          ထိုင်းငါးဖမ်းလှေမှာလုပ်နေကြတဲ့ မြန်မာအလုပ်သမားတွေကြောင့် ထိုင်းနိုင်ငံဟာ တစ်နှစ်မှာ ပင်လယ် အစားအစာထုတ်လုပ်တဲ့လုပ်ငန်းက အမေရိကန်ဒေါ်လာ ၇ဘီလီယံကျော်အကျိုးအမြတ်ရှိပါတယ်။ ဒီ့အတွက် ဒီလုပ်ငန်းခွင်ထဲက အလုပ်သမားတွေရဲ့ နစ်နာမှုတွေကို ထိုင်းအစိုးရအနေနဲ့ အထူးဂရုစိုက် သင့်ပါတယ်။ မြန်မာ အလုပ်သမား သိန်းချီပြီး ဒီလုပ်ငန်းတွေမှာလုပ်နေကြတာကြောင့် မြန်မာအစိုးရအနေနဲ့ အခြေနေတွေကိုပိုမိုသိရှိ ဖို့ အထူးလိုအပ်နေပါတယ်။

         ထိုင်းအစိုးရ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့တို့ရဲ့ ဥပမာကောင်းနှစ်ခုကိုတင်ပြချင်တာကတော့ ပြီးခဲ့တဲ့ ၅လ လောက်က ကိုးရီးယားနိုင်ငံမှာ ဖြစ်ခဲ့တဲ့အဖြစ်အပျက်ပါ။ ထိုင်းခရီးသွားတစ်ယောက်ဟာ
ကိုးရီးယားနိုင်ငံ ကို ရောက်သွားတဲ့အခါ ထိုင်းမာဆပ်(အနှိပ်)လုပ်ငန်းကြေညာထားတာကိုတွေ့လို့ ၀င်ရောက် သွားခဲ့ပြီးအနှိပ်ခံပါတယ်။ အဲဒီအချိန်မှာအနှိပ်သည်မိန်းကလေးတွေက သူတို့ဟာလိမ်လည်ခံ   ကြောင်းရောင်းစားခံနေရကြောင်း၊လိင်ကျွန်ပြုခြင်းပါခံရကြောင်း၊ထိုင်းနိုင်ငံကို ပြန်ချင်ကြောင်းပြောပါတယ်။ 

    ဒါကြောင့်ထိုင်းခရီးသွားသူက ဟိုတယ်ပြန်ရောက်တဲ့အခါ ထိုင်းအစိုးရ လူကုန်ကူးမှုအထူးစုံစမ်းရေး DSI ကို ချက်ခြင်းအကြောင်းကြားပြီးအကူညီတောင်းခံခဲ့ပါတယ်။ ၃ ရက်အတွင်းမှာ ကိုးရီးယားနိုင်ငံအနှိပ်ခန်းမှာ   ရောင်း စားခံနေရတဲ့ ထိုင်းအမျိုးသမီးငယ်တွေကို ကယ်ထုတ်ခဲ့ပါတယ်။ နောက်ထပ်ဥပမာ တစ်ကတော့ အယင်နှစ်က အင်ဒိုနီရှားနိုင်ငံဘန်ဂျီနီးယားကျွန်းမှာ မြန်မာတွေနဲ့အတူ လူကုန်ကူးခံနေခဲ့ရတဲ့ ထိုင်းငါးဖမ်း လုပ်သားတွေ သတင်းကိုကြားသိသိချင်းကို ထိုင်းအစိုးရဟာ၂ကြိမ်တိုင်တိုင် သွားရောက်ပြီးတော့ ခေါ်ထုတ် လိုက်ပါတယ်။
  
        လက်ရှိအချိန်မှာ မြန်မာနိုင်ငံဟာ အမေရိကန်နိုင်ငံက တစ်နှစ်တစ်ခါထုတ်ပြန်တဲ့ Tier 3 အဆင့် ၃ လူကုန် ကူးမှုအဆိုးဝါးဆုံးသတ်မှတ်ထားပါတယ်။ တရုတ်၊ မလေးရှားနဲ့ထိုင်းတို့မှာ မြန်မာတွေနေ့တိုင်း လူကုန်ကူးခံနေ ကြရတာပါ။ အရှေ့တောင်အာရှမှာ ဘင်္ဂလားဒေ့ခ်ျနိုငံသားပြီးလို့ရှိရင် လူကုန်ကူးအခံရ ဆုံးနိုင်ငံက မြန်မာနိုင်ငံ ဖြစ်ပါတယ်။ အဆိုးဆုံးအခြေအနေကိုကာကွယ်ဖို့၊ ကယ်ထုတ်ဖို့လုပ်ငန်းစဉ်ဟာ လည်း ကြီးမားပြီးကျယ်ပြန့်ပါတယ်။ 

        လူကုန်ကူးခံရသူတွေရဲ့ဆိုးဝါးတဲ့အနေအထားတွေကို မြန်မာနိုင်ငံသားတွေသိအောင် နယ်လှည့်ေ ဟာ ပြောနေတာလည်း လုပ်ငန်းစဉ်တရပ်အနေနဲ့ကောင်းပါတယ်။ သို့သော် ဟောပြောရုံနဲ့ မြန်မာတွေ လူကုန်ကူးမှု လျှော့နည်း မသွားတာကိုတော့ သတိပြုကြရပါမယ်။

      လူကုန်ကူးအခံရဆုံးနိုင်ငံတစ်ခုအနေနဲ့၊ ကျေးကျွန်သဖွယ်၊ တိရစ္ဆာန်သဖွယ်လုပ်နေရတဲ့ မြန်မာတွေကို 
ကယ်ထုတ်နိုင်ဖို့အတွက်ဆိုရင်၊ (၁) ပြည့်စုံတဲ့ငွေအင်အား၊ (၂) လုံလောက်တဲ့စွမ်းရည်ပြည့်တဲ့လူကုန် တားရဲအင်အား၊ (၃) လွတ်လပ်တဲ့စီမံခန့်ခွဲမှု၊(၄) ငါ့သားသမီး၊ ငါ့မိသားစု လူကုန်ကူးခံနေရပါလားဆိုတဲ့ အသိစိတ်ဓါတ်တွေ ရှိနေဖို့လိုအပ်ပါမယ်။  
   
          မြန်မာတွေလူကုန်ကူးမခံရဖို့အတွက်ဆိုရင်၊ ကျေးလက်နေ လူထုတွေ စိုက်ပျိုး၊မွေးမြူ ထုတ်လုပ်နိုင် တဲ့ နည်းလမ်း၊ ရင်းနှီးမြုပ်နှံမှုတွေ၊ ကိုယ့်တိုင်းပြည်မှာ အလုပ်လုပ်လို့ ထမင်းမ၀သမျှ ကာလပတ်လုံး ရရာ လမ်းက ပြည်ပကိုထွက်ခွာနေကြမှာဖြစ်ပါတယ်။ ငါ့ဝမ်းပူဆာမနေသာလို့ ကိုယ်တိုင်ထွက်ပေါက်ရှာနေ ကြမယ့် မြန်မာနိုင်ငံသားတွေကို ထမင်းဝနိုင်မယ့် အခွင့်အလမ်းတွေဖန်တီးမပေးနိုင်သေးသမျှ ကာလပတ် လုံး ဘယ်လောက် ဟောဟော ဘယ်လောက်ပြောပြောမြန်မာတွေလူကုန်ကူးမှုသားကောင်ဘ၀က မလွတ်မြောက်နိုင်သေးကြောင်း တင်ပြလိုက်ရပါတယ်။     
                        
                                            ကျော်သောင်း (ဘန်ကောက်)