13 November 2016

“MOU အလုပ်သမား၂၃ဦးအားတာဝန်ယူမည့်အေဂျင်စီမရှိဖြစ်နေ”



                           
၂၀၁၆ ခု နိုဝင်ဘာ ၁၃ ရက်
ရွှေလုပ်သား

         ရန်ကုန်နှင့်မြ၀တီတို့တွင် အလုပ်သမားညွန်ကြားရေးဦးစီဌာနနှင့် တစ်စုံတစ်ရာ စာချုပ်ချုပ်ဆိုခြင်း၊ စမတ် ကဒ်ထုတ်ပေးခြင်းမရှိခဲ့ပဲ ထိုင်းနိုင်ငံသို့ပို့ဆောင်ခံခဲ့ရသည့် MOU ဖြင့်လာသည်ဆိုသည့် အလုပ်သမား၂၃ဦးအား တာဝန်ခံဖြေရှင်းမည့် အေဂျင်စီမရှိပဲ အခက်အခဲကြုံနေရကြောင်းသိရှိရသည်။

          မန္တလေးတိုင်းနှင့်မကွေးတိုင်းတို့မှ အလုပ်သမား(ကျား၁၂ဦး+မ၁၁ဦး) တို့အား ရန်ကုန်လှိုင်သာယာ ကျန်စစ်သား အိမ်ယာတွင်နေထိုင်သည့်၊ အေဂျင်စီပွဲစားဆိုသူ ဦးထွန်းထွန်း နှင့် ကိုသက်ထွေး ဆိုသည့် ပွဲစား၂ဦးတို့သည် အလုပ်သမားများထံမှ အနည်းဆုံးကျပ်ငွေ လေးသိန်းခွဲမှ ငါးသိန်းခွဲအထိယူဆောင်၍ အလုပ်သမားများကိုစာချုပ်ချုပ်ဆိုခြင်း၊ စမတ်ကဒ်လုပ်ပေးခြင်းမရှိခဲ့ပါ။


 အောင်မင်္ဂလာအဝေးပြေးကားဂိတ်မှ ရွှေရတနာကားဖြင့် မြ၀တီသို့ပွဲစားမပါပဲအလုပ်သမားများလာခဲ့ကြရပါသည်။ အလုပ်သမားများကို ဦးလှကြည် နှင့် ကိုမောင်စိုး ဆိုသည့် မြ၀တီပွဲစား ၂ဦးတို့က ပါဖက်အေဂျင်စီအမည်ပါ အင်းဂျီတစ်ထည်အား ကျပ်ငွေ၂၅၀၀ စီပေး၍ အလုပ်သမားကိုဝယ်ဝတ်ခိုင်းပါသည်။ ထို့နောက် မဲဆောက်သို့ ၁၇.၆.၂၀၁၆ နေ့က ပို့ဆောင်ပေး ခဲ့ပါသည်။ ထိုင်းနိုင်ငံနောင်ပိကျေးရွာရှိ OS INTER FOOD နာနတ်သီးစက်ရုံသို့ပို့ဆောင် ပေးခဲ့ပါသည်။


        မူလက အလုပ်သမား ၃၀ဦးတိတိလာခဲ့ကြပါသည်။ ၁.၇.၂၀၁၆ နေ့က ငဖဲမြို့နယ်၊ ကန်ပေါက်ရွာ မှဦးဝင်းဌေး ဆိုသူမှာ ဆေးမအောင်သဖြင့် အလုပ်သမားစုပေါင်း၍ စရိတ်အကုန်အကျခံကာအိမ်ပြန်သည့် အလုပ်သမားများဖြင့်ပြန်လိုက်သွားခဲ့ပါသည်။ ၂၈.၁၀.၂၀၁၆ နေ့က (မ၄ဦး+ကျား၂ဦး)အလုပ်သမား ၆ယောက် တို့မှာ တစ်ဦးလျှင် ပတ်စပို့ဖိုးဘတ်ငွေ ၁၁,၀၀၀ စီပေးချေ၍ ဦးလှကြည်နှင့် ဦးမောင်စိုး တို့က မဟာချိုင်မြို့သို့ ပို့ပေးခဲ့ပါသည်။

မကွေးတိုင်းမှ အလုပ်သမ မသင်ဇာဦး က“သမီးတို့ရောက်ကတည်းက အလုပ်ပုံမှန်ဆင်းရ တယ်ဆိုတာမရှိပါ။ ၉လပိုင်းက ၁၅ ရက်စာ၊ ၁၀ လပိုင်းက ၁၅ ရက်စာလုပ်အားခလည်းမရပါ။ ဒီလတစ်လလုံး တစ်ရက်မှ အလုပ် မဆင်းရသေးပါ။ ပြီးခဲ့တဲ့ ၃ရက်က မြ၀တီက ပွဲစား ဦးလှကြည်နဲ့ ဦးမောင်စိုး ဆိုသူတို့ရောက်လာပြီးတော့လည်း အိမ်ပြန်ကြမလား ဆိုတာပဲမေးတယ်။ ဒီနေ့ နေပြည်တော် အလုပ်သမားဝန်ကြီးဌာန  ဖုန်း ၆၇၄ ၃၀၁၈၄ နဲ့ ၆၇၄၃၀၂၈၄  တို့ကို ဖုန်းဆက်ပါတယ်။ ဖုန်းဝင်ပေမယ့်မကိုင်ပါ။ ပွဲစားတွေလည်း ဖုန်းမကိုင်ကြတော့ပါ” ဟုပြောသည်။ 

        ယခုဖြစ်စဉ်တွင်အလုပ်သမားများက ဘ၀ချိန်ခွင်အေဂျင်စီ၊ နှင့် ပါဖက်အေဂျင်စီဟုပြောကြပါသည်။ သို့ရာတွင် စမတ်ကဒ်မရှိသဖြင့် MAT အဖွဲ့က မည်သည့်အေဂျင်စီမှ အလုပ်သမားများဖြစ်ကြောင်းအတည် မပြုလိုပါ။ အလုပ်သမားများလက်ထဲတွင် ပတ်စပို့မရှိသဖြင့် မည်သည့်ဗီဇာအမျိုးအစားဖြင့် ထိုင်းနိုင်ငံအတွင်း သို့ ၀င်ရောက်လာမှန်းအလုပ်သမားများမသိရှိနိုင်ပါ။

 ထင်သာမြင်သာရှိသည့်ကိစ္စရပ်မှာ အလုပ်သမားများသည် ကျပ်ငွေလေးငါးသိန်းအကုန်ကျခံပြီးထိုင်းနိုင်ငံ အထဲသို့ေ ရာက်လာပါသည်။ မည်သည့်စာချုပ်မှချုပ်ဆိုခဲ့ရခြင်းမရှိခြင်း၊ စမတ်ကဒ်မပြုလုပ်ခဲ့ရခြင်းတို့မှာ MOU ကိုအကြောင်းပြ၍ မသိနားမလည်သည့်အလုပ်သမားများကိုလိမ်လည်၍ တရားဝင်လူကုန်ကူးခြင်း   ဖြစ်ပါသည်။ 

    ထိုင်းနိုင်ငံထဲတွင် တစ်ခါ ပတ်စပို့ကို ဘတ်ငွေ ၁၁,၀၀၀(ကျပ်ငွေ သုံးသိန်းခွဲခန့်) ဖြင့်ရွေးရပါသည်။ အဆိုး ဆုံးမှာ ၎င်းတို့ပတ်စပို့ဖြင့် အလုပ်လုပ်ကိုင်ခွင့်ဝတ်ပါမစ် လုပ်၍ရ/မရဆိုခြင်းကိုလည်း တပ်အပ်သေချာမပြောနိုင်ပါ။
               မြန်မာအစိုးရကMOU ဖြင့် ပြည်ပထွက်ခွာ အလုပ်သမားများကို ကျပ်ငွေ တစ်သိန်းခွဲစီ သတ်မှတ်ထားပါသည်။ မည်သည့်အလုပ်လုပ်ရမည်ကို ရန်ကုန် မြောက်ဒဂုံပင်လုံခန်းမ နှင့်   မြ၀တီကျောက် လုံးကြီးစခန်းတို့တွင် စာချုပ်ချုပ်ဆိုပြီး မြန်မာနှင့် ထိုင်းကုမ္ပဏီ တို့ စာချုပ်ဆိုသည့်လိပ်စာပါ စမတ်ကဒ် ကိုပြုလုပ်ရပါသည်။ ယခုဖြစ်စဉ်တွင် MOU လုပ်ထုံးလုပ်နည်းဖြင့် ညီညွတ် သည်ကို မတွေ့ရှိရပါ။ 

          ဤလုပ်ရပ်ကို မြန်မာအစိုးရ အလုပ်သမားဝန်ကြီး ဌာနက စုံစမ်းဖေါ်ထုတ်၍အလျှင် အမြန်အရေး ယူဆောင်ရွက်သင့်ပါသည်။ 

ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က “ MOU အလုပ်သမားပြဿနာ ဇစ်မြစ်တွေကို အလုပ်သမားဝန်ကြီးဌာနကိုရော့   နိုင်ငံတော် အတိုင်ပင်ခံ   ဒေါ်အောင်ဆန်းစုကြည် ကိုရော စာနဲ့ရော စကားနဲ့ပါ တင်ပြခဲ့တာများပါပြီ။ လုပ်ထုံးလုပ်နည်း လွဲချော်နေ တာကိုအချက်အလက်တွေနဲ့ထောက်ပြတယ်။ကျနော်တို့တင်ပြတဲ့အဓိကရည်ရွယ်ချက်က  ပြည်ပကိုထွက်ခွာ
လာတဲ့ အလုပ်သမားတွေ မတရားခံနေရတာတွေ လျှော့နည်းစေချင်လို့ပါ။ ဒါပေမယ့် ကျနော် တို့ဖြစ်စေ ချင်တဲ့ အနေအထားမျိုးဘက်ကို အစိုးရဘက်က ဆံတစ်မျှင်မျှ မရွှေ့လာတာကြောင့် MOU အလုပ်သမား ကိစ္စဆိုရင် ကျနော် တို့ မပတ်သက်ချင်တော့လောက်အောင်စိတ်ပျက်လာတယ်” ဟု ပြောသည်။



         ယခုတင်ပြပါ အလုပ်သမား ၂၃ဦးတို့၏ မိသားစုများ ရန်ကုန် အခြေစိုက် အလုပ်သမား အရေးေ ဆာင် ရွက်သူများ၏ အကူညီဖြင့်  ယမန်နေ့က နေပြည်တော် လူကုန် ကူးမှုတား ဆီးနှိမ်နင်းရေးတပ်ဖွဲ့၊ ရန်ကုန်လူကုန် ကူးမှုတပ်ဖွဲ့နှင့် အလုပ်သမားညွန်ကြားရေးဦးစီး ဌာနတို့သို့ စိစစ်အရေးယူပေးပါရန် တိုင်ကြားထားကြောင်းသိရှိ ရသည်။