05 November 2016

“လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာနစ်နာကြေးရရှိ”



                                          
၂၀၁၆   နိုဝင်ဘာ ၅   ရက်
မင်းဘခက်

     
ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT ၏ ကူညီဆောင်ရွက်မှုဖြင့် ဆန်စက်အလုပ်သမား တစ်ဦး ထိခိုက်ဒဏ်ရာရရှိမှုအတွက် နစ်နာကြေး ဘတ်ငွေ လေးသိန်းကျော် ယမန်နေ့က ရရှိခဲ့ပါ သည်။

         ထိုင်းနိုင်ငံ အူထောင် စူဖန်နယ်မြေတွင် ရှိသော ပူစီထိုင် ဆန်စက်တွင် အလုပ်လုပ်ကိုင် သူဖြစ်သော ပဲခူးတိုင်း ………မှ အသက် ၄၆ နှစ်အရွယ် ကိုကျော် ဆိုသူသည် ပြီးခဲ့သည့် ၂၀၁၅ ခု မတ်လ ၂၆ ရက်နေ့က  စက်အတွင်းသို့ ဘယ်ဘက်လက်ဝင်သွားသဖြင့် ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ 

         ဒဏ်ရာရရှိသည့် ကိုကျော် တွင် ပကာစာခွန်း(အာမခံ) မရှိပါ။ ပန်းရောင်ဘတ်ကဒ်တစ်ခုသာရှိ သော် လည်း MAT အဖွဲ့နှင့် ထိုင်းရှေ့နေအဖွဲ့တစ်ခု အကူညီဖြင့် လုပ်ငန်းခွင်ထိခိုက်မှုနစ်နာကြေးရရှိအောင်
 ဆောင်ရွက်ပေးခဲ့သဖြင့် နစ်နာကြေးငွေ ၄၂၅,၈၅၆.၆၀ ဘတ် တိတိရရှိခဲ့ပါသည်။

        MAT အဖွဲ့ ဒါရိုက်တာ ဦးကျော်သောင်း က “လုပ်ငန်းခွင်အ တွင်း မှာ ထိခိုက်ဒဏ်ရာရတဲ့ကိစ္စ၊ လုပ်ငန်း ခွင်အတွင်းမှာ သေဆုံး မှုကိစ္စ၊ လမ်းမှာကားတိုက်သေတဲ့ကိစ္စရပ်တွေအတွက် တန်ရာ တန်ေ ကြးရရှိမယ့် ဥပဒေက ထိုင်းမှာ မူလကတည်း ကရှိပြီး သားဖြစ်ပါ တယ်။ ၂၀၀၉ လောက်စပြီး ရွှေ့ပြောင်းအလုပ်သမားတွေဆီက ပကာစာခွန်း ပေးသွင်းရမယ်ဆိုတာကို အကြောင်းပြုပြီး အလုပ်သ မားတွေ ဆီကတော့ ဖြတ်တယ်။ အစိုးရကိုမသွင်းပဲကောက် စားနေ တဲ့ အလုပ်ရုံေ တွအများကြီး။ တာဝန်ခံခဲ့သူတွေ၊ တာဝန်ရှိကြသူတွေ ငြိမ်နေကြတယ်။ နစ်နာတာက မြန်မာအလုပ်သမားဖြစ်နေတယ်” ဟုပြော သည်။

        ယခုကဲ့သို့ သောထိခိုက်နစ်နာမှုများရရှိစေရေးအတွက် မြန်ဆန် လွယ်ကူစေရန် မြန်မာအစိုးရ အလုပ် သမားဝန်ကြီးဌာနအနေဖြင့် ထိုင်းနိုင်ငံတွင် အခြေစိုက်လျှက် အလုပ် သမားကူညီစောင့်ရှောက်ရေးကော် မတီရုံးများဖွဲ့စည်း၍ကူညီဆောင်ရွက် သင့်ကြောင်း..... ဇွန်လ၂၅ရက်နေ့က  နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်   
ထိုင်းနိုင်ငံသို့ ကြွရောက်ခဲ့စဉ်က မြန်မာသံရုံးတွင်းအစည်းဝေးတွင် MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က တင်ပြခဲ့ဖူးပါသည်။