11 November 2016

“လက်နက်ပြ၍ အဓမ္မပြုကျင့်သည့် မြန်မာအလုပ်သမားတစ်ဦးကိုဖမ်းဆီးထား”




၂၀၁၆ ခု နိုဝင်ဘာ ၁၁
စိုင်းမင်းသန့်

         ဘန်ကောက်မြို့အနီး မဟာချိုင်မြို့…… အလုပ်ရုံတွင်အလုပ်လုပ်ကိုင်သည့် မြန်မာအလုပ်သမားအပျို တစ်ဦးအား မြန်မာအလုပ်သမားတစ်ဦးက လက်နက်ဖြင့်ခြိမ်းခြောက်၍ အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့ခြင်းေ ကြာင့် MAT အဖွဲ့နှင့်မဟာချိုင်ရဲတို့ ပူးပေါင်း၍ တရားခံဟုယူဆရသူကို ယမန်နေ့ညက ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။

       အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးငယ်မှာ အသက်၁၈ နှစ်ခန့်သာရှိသေးပြီး ဦးလေးနှင့်အဒေါ်ဖြစ်သူတို့   ဖြင့်နေထိုင်သူဖြစ်ပါသည်။ နိုဝင်ဘာလ ၇ရက်နေ့ညက သူမ အလုပ်ကပြန်အလာတွင် အဓမ္မပြုကျင့် သည့် အမျိုးသားကနောက်ထပ်အမျိုးသားအဖေါ်တစ်ဦးနှင့်အတူ  ခြောက်လုံးပြူးကိုပြ၍ ဆိုင်ကယ်ပေါ်သို့ တင်ဆောင်သွားခဲ့ပြီး မဟာချိုင်အရပ်ရှိ အခန်းတစ်ခန်းတွင် တစ်ည အကြိမ်ကြိမ်အဓမ္မပြုကျင့်ခဲ့သည်ဟု ဆိုပါသည်။

       အဓမ္မပြုကျင့်ခံရသည့် အမျိုးသမီးငယ်က ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား များ အဖွဲ့ MAT သို့ယမန်နေ့ညဥ့် ၇နာရီခန့်က အကြောင်းကြားခဲ့သဖြင့် မဟချိုင်နယ်မြေ ရဲတပ်ဖွဲ့ဝင်များနှင့်  အဓမ္မပြုကျင့်သူ မြန်မာအလုပ်သမား အသက် ၂၆ နှစ်အရွယ်……ကို ဖမ်းဆီးရမိခဲ့သည်။ အားပေးကူညီ
ပေးခဲ့သူကိုမူဖမ်းဆီးမရရှိသေးပေ။

အဓမ္မပြုကျင့်ခံသည့် အမျိုးသမီးငယ်က “ ကျမနဲ့ ဖေးဘွတ်မှာ ခင်တာပါ။ သမီးရည်စားလည်းမဖြစ်ပါဘူး။ အဲဒါ အလုပ်ကပြန်လာတာစောင့်ပြီး အမျိုးသား ၂ ယောက် ဆိုင်ကယ်ပေါ် ညှပ်တင်သွားပြီး အခြားလူတွေ ကိုပြောရင် တစ်မျိုးလုံးကိုပါသတ်ပစ်မယ်၊ဒီမှာတွေ့လားဆိုပြီးခြောက်လုံးပြူးကိုပြပါတယ်” ဟုပြောသည်။

    MAT ရုံးအဖွဲ့မှူး ကိုအောင်ဆန်းဦး က“ကောင်မလေး လိင်ဆက်ဆံခံခဲ့ရတဲ့ ထမိန်တစ်ထည် သိမ်ဆည်း ရရှိတယ်။ အရိုးအသွား ၃ပေခန့်ရှည်တဲ့ ကင်ဒိုတစ်လက်ရတယ်။ ခြောက်လုံးပြူး ကျည်ဆံ ၅တောင့် သိမ်း ဆည်းရမိတယ်။ မိန်းကလေးပြောတဲ့ ခြောက်လုံးပြူးကိုတော့ ရဲတွေဆက်လက်ဖေါ်ထုတ်နေကြပါတယ်။ မိန်းကလေးကိုလည်း ဆေးရုံမှာ ဆေးစစ်ချက်ယူပြီးဖြစ်တာမို့ မကြာခင် တရားရုံးကိုပို့နိုင်ပါလိမ့်မယ်” ဟုပြောသည်။