10 November 2016

"အော် ပြောမကုန်၊ လိမ်ကောင်းပါတဲ့ ...MOU....MOU....."



ထိုင်းနိုင်ငံသို့ သွားရောက် လုပ်​ကိုင်မည့်​ မြန်​မာနိုင်​ငံသားများ ​အလုပ်​အကိုင်​ရှာ​ဖွေ​ရေးအေဂျင်​စီအချို့နှင့်​ ပွဲစားအချို့၏ မမှန်​မကန်​လုပ်​ရပ်​​ကြောင့်​ မြ၀တီမြို့တွင်​​ သောင်​တင်​နေ


ထိုင်းနိုင်​ငံသို့ အလုပ်​သွားလုပ်​မည့်​ မြန်မာနိုင်​ငံသားများမှာ ​အလုပ်​အကိုင်​ရှာ​ဖွေ​ရေးအေဂျင်​စီအချို့နှင့်​ လူပွဲစားအချို့၏ မမှန်​မကန် ​လုပ်​ရပ်​​ကြောင့်​ မြ၀တီမြို့တွင် မကြာခဏ ​​သောင်​တင်​နေပြီး ရွာပြန်​စရိတ်​ပင်​ မရှိသည့်​ အခက်​အခဲများနှင့်​ ကြုံခဲ့ရသူများရှိ​ကြောင်း သိရသည်​။
ပြည်ပအလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီ တစ်ခုနှင့် စာချုပ်ချုပ်ဆိုခဲ့သော မကွေးတိုင်း နတ်မောက်မြို့နယ်မှ  ကိုကျော်လတ်အပါအ၀င် အလုပ်သမား ၁၄ ဦးသည် မြ၀တီမြို့သို့ ​ရောက်​ရှိလာ​ပြီး မဲဆောက်​ဘက်​သို့ ပို့​ဆောင်​ခြင်း ခံရ​သော်​လည်း ထိုင်းနိုင်​ငံသို့  တရားဝင်​ထွက်​ခွာခွင့်​ မရဘဲ မြ၀တီမြို့တွင်​ ​သောင်တင်နေ   ကြောင်း၊ အဆိုပါ အလုပ်​သမား ၁၄ ဦးသည်​ လွန်ခဲ့သည့် ငါးလခန့်က ရန်ကုန်မြို့မှ ပွဲစားဖြစ်သူ သူရရှိန် ထံ ကျပ်ငါးသိန်းခွဲ ပေးခဲ့ရပြီး မြောက်ဒဂုံတွင် ထိုင်းနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် အဆိုပါကုမ္ပဏီနှင့် စာချုပ်ချုပ် ဆိုကာ ကိုသူရရှိန်ကိုယ်​တိုင်​ မြ၀တီသို့ ပို့ပေးခဲ့ကြောင်း သိရသည်။
မြ၀တီမြို့မှတစ်ဆင့် တစ်ဖက်နိုင်​ငံရှိ မစုလှိုင်ထံသို့ ပို့​ဆောင်ပေးခဲ့ကာ မစုလှိုင်ဆိုသူက ဘတ်​​ငွေ  ၆၅၀၀ ထပ်မံတောင်းယူရာ အလုပ်သမားများမှာ မပေးနိုင်သဖြင့် ၎င်းတို့ထံမှ ပတ်စ်ပို့စာအုပ်များ သိမ်းဆည်းယူ သွား​ကြောင်း ကို​ကျော်​လတ်​က ​ပြောကြားသည်​။
      ထိုင်းနိုင်​ငံသို့ မထွက်​ခွာရသည့်​အပြင်​ မြ၀တီမြို့သို့ ပြန်​လာရပြီး ပတ်​စ်​ပို့စာအုပ်များကို မစုလှိုင်​က သိမ်းထားသဖြင့်​ အခက်​အခဲ ဖြစ်နေစဉ် ၈၈ ပွင့်​လင်းအဖွဲ့ (မြ၀တီမြို့) နှင့် အထက်​တန်း​ရှေ့​နေ ဦးမျိုးအောင်​နှင့်​ မီဒီယာအဖွဲ့သားများက ပြည်​ပအလုပ်​အကိုင်​ရုံး ​ကျောက်လုံးကြီးစခန်းသို့ သွားရောက်​ကာ ​ကုမ္ပဏီတာဝန်​ခံ ကိုစူပါဆိုသူနှင့်​​ တွေ့ဆုံမေးမြန်းရာ ကိုစူပါက “အလုပ်သမားများထံမှ ပတ်စ်ပို့စာအုပ်များ ကိုသိမ်းယူထားသည့် မစုလှိုင်ဆိုသူကို လုံးဝမသိ​ပါဘူး။ တစ်ဖက်နိုင်ငံတွင် အလုပ်ရှိရန် မိမိတို့ကုမ္ပဏီမှ ငါးသိန်းခွဲယူထားတဲ့အတွက်​ မစုလှိုင်လည်း ဘတ်ငွေ ၆၅၀၀ ကို တောင်းယူခွင့် မရှိဘူး” ဟု ​ပြောကြား သည်​။
၎င်း​ကိုစူပါဆိုသူက ရန်ကုန်မြို့ရှိ ကုမ္ပဏီသို့ ဆက်သွယ်ပြီးလျှင် သောင်တင်နေသော အလုပ်သမား ၁၄ ဦး အနက်​မှ ကုမ္ပဏီသို့ စာရင်းသွင်းထားသူ ခုနစ်ဦးအား လာမည့် ကြာသပတေးနေ့ (နိုဝင်ဘာ ၁၀ ရက်) တွင်​ တစ်ဖက်နိုင်ငံရှိ အလုပ်ခွင်သို့ ရောက်​အောင် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း တာဝန်ယူ ပြောကြားသည်​။
        အလုပ်သမား ၁၄ ဦးထဲမှ ကိုကျော်လတ်က “ကျွန်တော်တို့က အလုပ်ရမယ်ဆိုလို့ ပွဲစား သူရရှိန်ကို   ငွေငါးသိန်းခွဲပေးခဲ့ပြီး စာချုပ်လည်း ချုပ်ခဲ့ပြီးပါပြီ။ အခု မြ၀တီမှာ ၁၅ ရက် သောင်တင်နေပြီး ကိုယ့်စရိတ် နဲ့ကိုယ် စားသောက်နေရတယ်။ ဟိုနေ့သွားရမယ် ဒီနေ့သွားရမယ်နဲ့ တချို့ဆိုရင် ရက် ၄၀ ကျော်နေကြသူေ တွေ တာင် ရှိပါတယ်။ ငွေကို အတိုးနဲ့ချေးပြီး ပွဲစားကို ငါးသိန်းခွဲ ပေးခဲ့ရတာပါ။ 
  အခု မြ၀တီမှာ သောင်တင်နေတယ်။ ဒါကို ကျွန်တော်တို့ တိုင်ကြားတာကြောင့် ၈၈ ပွင့်လင်းအဖွဲ့က အစ် ကိုတွေက ကူညီပေးလို့ အဆင်ပြေသွားတာပါ။ ကုမ္ပဏီတွေအနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုတွေကို မှန်မှန်ကန်ကန် လုပ်ကိုင်ကြဖို့လိုအပ်ပါတယ်။ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ ပုံစံမျိုးတော့ မလုပ်စေချင်ဘူး”ဟု ပြောကြားသည်။
Writer: 
ကိုရွှေသိန်း (မြ၀တီ)