16 February 2017

“အလွဲတွေကြားထဲက မြေဇာပင်ဖြစ်ကြရမယ့်မြန်မာအလုပ်သမားများ”



                  
၂၀၁၇ ခု ဖေဖေါ်ဝါရီလ ၁၆ ရက်
မောင်သန့်

     ထိုင်းနိုင်ငံအတွင်းအထောက်အထားမပြည့်စုံတဲ့ နိုင်ငံခြားတွေဟာ ထိုင်းရဲတပ်ဖွဲ့နဲ့ လ.၀.က တို့ထံမှ မိမိသဘောနဲ့ အဖမ်းခံပါက။

။ ထိုင်းနိုင်ငံအတွင်းမှာ အထောက်အထားမဲ့ ရက်ပေါင်း ၉၀ နေထိုင်မိပါက။ ထိုင်းနိုင်ငံအ တွင်း သို့တစ်နှစ်ပြန်မဝင်ရ။
။ ထိုင်းနိုင်ငံအတွင်းမှာ အထောက်အထားမဲ့ တစ်နှစ် နေထိုင်မိပါက။ ထိုင်းနိုင်ငံအတွင်းသို့ ၃ နှစ်အတွင်းပြန်မဝင်ရ။
၃။ ထိုင်းနိုင်ငံအတွင်းမှာ အထောက်အထားမဲ့၃ နှစ်နေထိုင်မိပါက။ ထိုင်းနိုင်ငံအတွင်းသို့၅ နှစ်အတွင်းပြန်မဝင်ရ။
၎။ ထိုင်းနိုင်ငံအတွင်းမှာ အထောက်အထားမဲ့ ၅ နှစ်နေထိုင်မိပါက။ ထိုင်းနိုင်ငံအတွင်းသို့ ၁၀ နှစ်ပြန်မဝင်ရပါ။

…………………………………………………………………………………………………………..
အဖမ်းခံတာမဟုတ်ပဲ၊ ရဲနှင့်လ၀ကတို့ကဖမ်းမိပါက။ 

 (၁) တစ်နှစ်အောက် အထောက်အထားမရှိပဲ နေသူဖြစ်ပါက ထောင် ၅နှစ်ချမှတ်ခံရပါမယ်။
(၂) ၁နှစ်အထက် အထောက်အထားမဲ့နေသူဖြစ်ပါက ထောင် ၁၀နှစ် ချမှတ်ခံရပါမယ်။  
၂၅-၁၀-၂၀၁၆ နှစ်နိုင်ငံ အစိုးအလုပ်သမားဝန်ကြီးအဆင့်အစည်းဝေးမှာ အထောက်အထား ကုန်ခါနီး အလုပ် သမားတွေကို ရက်ပေါင်း ၁၂၀ တိုးပေးဖို့ သဘောထားအတည်ပြုခဲ့ကြပေမယ့် ထိုင်းအစိုးရ အလုပ်သမားဝန်ကြီးဌာနက ၂၇-၁-၂၀၁၇ မှာမှ အတည်ပြုကြေညာခဲ့ပါတယ်။ 

ထိုင်းဘက်ကရော၊ မြန်မာသံရုံးဘက်ကပါ ဒီကိစ္စကို အလုပ်သမားတွေသိရှိအောင် မဆောင် ရွက်နိုင်ခဲ့နိုင်ကြတာကြောင့်အလုပ်သမားတွေ ရက်ပေါင်း ၉၀အလဟသကုန်သွားခဲ့ကြရတယ်။ 
        မြန်မာအလုပ်သမားများ ဘယ်သူ့ကိုအားကိုးအားထားပြုကြမလဲဆိုတာ အပူတပြင်းစဉ်းစား
ကြရပါတော့မည်။      ။