14 February 2017

“ထိုင်းရောက်အလုပ်သမားတွေအတွက် အမေစု တစ်ခုခုပြောပါတော့”



       
                        

         ကျနော်တို့လေးစားမြတ်နိုးတဲ့ အမေဒေါ်အောင်ဆန်းစုကြည် ဆိုတာ၊ မြန်မာနိုင်ငံ ဒီမို ကရေစီရရှိရေးအတွက်၊ နှစ်ပေါင်း ၃၀နီးပါး စစ်အာဏာရှင်တွေရဲ့ နှိပ်ကွက်မှုပေါင်း စုံအောက် မှာ သားကိုပစ်၊ လင်ကိုပယ်ပြီး ဘ၀ တစ်ခုလုံးကိုပေးဆပ်ခဲ့သူ။ လက်ရှိ ၇၃နှစ်ဘ၀နေ၀င်ချိန် အရွယ်၊ သူမတမလွန်ဘ၀အတွက် တရားဘာဝနာ ကုသိုလ်ရေးတွေ မပြတ်ပွားများ လုပ်ကိုင် ရမယ့်အရွယ်ဖြစ်နေပေမယ့်၊ သူ့အနာဂတ်အတွက် မစဉ်းစားဘူး။  

          စုတ်ပြတ် နုံချာတဲ့ မြန်မာနိုင်ငံအတွက် မမောနိုင်မပန်းနိုင် ပင်ပန်းကြီးစွာနဲ့ အလုပ် လုပ်နေတာကိုအားလုံး မြင်နေကြရတယ်။ 


         မြန်မာနိုင်ငံကိုချစ်လှချီရဲ့လို့နုတ်ကမချ တဖွဖွပြောပြီး ကိုယ်ကျိုးအတွက် တိုင်းပြည်ကို   ရောင်းစားသွားလို့ ထားစရာမကုန်အောင်ချမ်းသာသွားခဲ့ကြပြီး၊  စည်းစိမ်ယစ်နေကြတဲ့ အဘ   တွေနဲ့ နှိင်းဆရင်၊ အားနာလိုက်တာဗျာ။

         မြန်မာနိုင်ငံမှာ အရပ်သားပါလီမန်နဲ့ စစ်တပ်ကအုပ်ချုပ်နေတဲ့ အစိုးရ ၂ရပ်ဖြစ်နေတယ် လို့ နိုင်ငံရေးလေ့ လာသုံးသပ်သူတွေက ပြောဆိုသတ်မှတ်နေကြတယ်။

     တိုင်းပြည်ကို NLD အစိုးရအုပ်ချုပ်ခွင့်ရခဲ့တာတစ်နှစ်ပြည့်တော့မယ်။ မောင်းနှင်မယ့်ခေါင်း   ဆောင်ကောင်းရထားပေမယ့် ရထားတွဲပျက်ကြီးနဲ့ မရွေ့နိုင်ဘူးလို့ တကမ္ဘာလုံးကပြောနေကြ ပြီ။

        အလုံးစုံ ယိုယွင်းပျက်စီးနေတဲ့တိုင်းပြည်၊ ကိုယ်ကျင့်တရားနဲ့ သယံဇာတတွေ အခွံနီးပါးပဲ ကျန်တော့တဲ့တိုင်းပြည်။ ပညာမတတ်ကြတော့တဲ့တိုင်းပြည်၊ ထမင်းမ၀၊ အလုပ်မရှိတဲတိုင်ြး ပည်။ လုပ်စရာတွေ ဖြည့်ဆည်းစရာတွေချည်းပါပဲ။

          နိုင်ငံ့အရေး ကြက်ဥအရောင် တိမ်တောင်သဖွယ်မင်းရေးကြွယ်တာကို မပြောလိုတော့ေ ပမယ့် လက်ရှိ ထိုင်းရောက်အလုပ်သမားအခြေအနေကိုတော့ ပြောမှဖြစ်ပါမယ်။


                                        “မပြောမပြီးမတီးမမြည်”
         နိုင်ငံရပ်ခြား တိုင်းတစ်ပါးမှာတရားဝင်နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့်ဆိုတာ အလွန်အရေး  ကြီးပါတယ်။ မြန်မာအစိုးရအဆက်ဆက်တို့ဟာ ဒီအလုပ်သမားတွေအပေါ်မှာ ကာကွယ်စောင့်   ရှောက်ဖို့ ဘာစီမံကိန်းမှ မချမှတ်နိုင်ခဲ့ပါဘူး။ အာဏာရှင်စနစ်ပီပီ၊ အုပ်ချုပ်ခံလူတန်းစားတွေ အတွက် ဘာလုပ်ပေးသင့်လဲဆိုတာ မစဉ်းစားခဲ့ကြပါဘူး။ လုပ်ကိုင်ခွင့်နဲ့ဂွင်ဖန်တီးပြီးငွေရ    အောင်သာရှာခဲ့ကြတာပါ။
            အာဏာရှင်အစိုးရလက်ထက်က မြန်မာအလုပ်သမားဝန်ကြီးဌာနဟာ အေဂျင်စီပွဲစားတွေနဲ့ပေါင်း
ပြီး တရားဝင်လူကုန်ကူးမှုလုပ်ငန်းကြီးကို MOU လို့အမည်တပ်၊ အုန်းသီးတွေနှမ်းတွေနဲ့ဖြူးပြီး ၎င်းတို့ ကြီးပွားချမ်းသာအောင် ပေါင်းလုပ်စားခဲ့ကြတယ်။ တရားမ၀င် အသက်အာမခံရောင်း စားခဲ့ကြတယ်။ ထိုင်းနဲ့ မလေးရှားနိုင်ငံတို့ကထုတ်တဲ့ ဆင်းမ်ကဒ်ကို မြောက်ဒဂုံပင်လုံခန်းမနဲ့   မြ၀တီကျောက်လုံးကြီးစခန်းမှာ ရောင်းချပြီး စီးပွားရှာခဲ့ကြတယ်။ 

       ဒီမတရားမှုတွေကို စာရွက်စာတမ်းအထောက်အထားအပြည့်အစုံ၊ သက်သေအပြည့်အစုံ နဲ့ ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT နဲ့ ရန်ကုန်ကအ ဂျင်စီတစ်ခုတို့ပူးပေါင်းဖေါ်ထုတ်ပြီး မြောက်ဒဂုံရဲစခန်းမှာအမှုဖွင့်ထားတယ်။ ဒီအမှုက ရဲစခန်းမှာ   ၃လနဲ့၊ မြို့နယ်ဥပဒေအရာရှိရုံးမှာတစ်လကျော်သွားခဲ့ပြီး၊ ခုထိ တရားရုံးကိုမရောက်သေးဘူး။ ရလဒ်အနေနဲ့ကတော့ ပူးပေါင်းဆောင်ရွက်တဲ့ လူထိပ်မိုးကုမ္ပဏီကိုတော့ ၃နှစ်ပိတ်ပင်တဲ့ အမိန့် ထုတ်လိုက်ပြီဖြစ်ပါတယ်။ NLD ခေတ်ရဲ့မှန်ကန်တဲ့တရားစီရင်ရေးကိုစမ်းသပ်မှုတစ်ခုပါပဲ။

  
           “ဘာမြုပ်ကွက်တွေရှိလဲ”

          လက်ရှိ ထိုင်းနိုင်ငံမှာ မြို့နယ်ကျော်ခွင့်မရှိတဲ့ ပန်းရောင်ဘတ်ကဒ်ကိုင်ဆောင်ထားတဲ့ အလုပ်သမား  ၉သိန်းနီးပါးအပြင်  ၄နှစ်ဗီဇာကုန်ထားတဲ့ မြန်မာအလုပ် သမား ၆သိန်းကျော် ကို မြန်မာအစိုးရက၂၀၁၆ ခုနှစ် စက်တင်ဘာလကတည်းက Certificate Identity…CI လုပ်ပေးမယ်ဆိုလို့ မြန်မာအလုပ်သမားတွေဝမ်းမြောက် ခဲ့ကြပါတယ်။

        ဆဲဗင်းအလဲဗင်း7-ELEVEN နဲ့လည်း သံရုံးထဲမှာ အလုပ်သမားသံအရာရှိတို့နဲ့ လက်မှတ်ထိုးထားကြပြီ။ မြန်မာအလုပ်သမားဝန်ကြီးဌာနကလည်း တရားဝင်ထုတ်ပြန်ကြေညာပြီးဖြစ်တယ်။ စခန်းတွေမှာလည်း ပြင်ဆင်ထားကြပြီ ဖေဖေါ်ဝါရီလ လယ်ကိုရောက်သွားခဲ့ပြီ။ CI စခန်းမဖွင့်နိုင်သေး။ အမေစုက သူ့ဝန်ကြီးတွေလာဘ်မစားကြ ဘူးလို့ကြေညာထားတယ်။

        တာဝန်ရှိသူတွေအဝေမတည့်ကြတာလား။ သန်းချီရှိတဲ့အလုပ်သမားတွေနေထိုင်ခွင့် လုပ်ပေးခြင်းနဲ့ပတ်သက်ပြီး အရသာသိပြီးသူတွေခြေရှုတ်နေကြလေသလား။ ကျနော်တို့ မသိနို င်။ ထိုင်းတာဝန်ရှိသူတွေကတော့ မြန်မာအစိုးရဘက်က ဒီလိုကြာနေလို့ရှိရင် CI လုပ်ဖို့ ခွင့်ပြု ထားတာကိုပန်လည်ရုတ်သိမ်းပြီး၊ ထောရော 38/1 ထုတ်ပြီး ၂၀၁၁ ခုနှစ်တုန်းကလို မောထော စနစ်နဲ့ နယ်စပ်မှာလုပ်ပေးတော့မယ်လို့လည်းကြားနေရပြန်တယ်။

                                     “အလုပ်သမားတွေကိုသနားပါ”
           စစ်ဘေး၊ နိုင်ငံရေး၊ စီးပွားရေး၊ နာဂစ်၊ ဂီရိ လေဘေးတွေကြောင့် ထိုင်းနိုင်ငံထဲကို လုပ်ကိုင်စားသောက်ဖို့ ရောက်လာတဲ့လူတွေများကြတာကြောင့်  ထိုင်းရောက်အလုပ်သမား   တွေထဲမှာ ထက်ဝက်လောက်က မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်အထားပြနိုင်သူ မရှိနိုင်ဘူး။ 

 ဒါကြောင့်CIလုပ်ငန်းဟာဈေးလည်းသက်သာ၊ မြန်မာပြည်ကိုလည်းလွတ်လွတ်လပ်လပ်ပြန်လို့ရ
မယ်ဆိုတာကြောင့် မြန်မာအလုပ်သမာတွေဟာ မျှော်လင့်နေခဲ့ကြတယ်။

    ဇန်န၀ါရီက စတင်ပြီးတော့ နေထိုင်ခွင့်တွေ တဖြည်းဖြည်း ကုန်လာတာမို့ မြန်မာ အလုပ် သမားအများစုတို့ ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေကြတယ်။အချို့ကတော့ပွဲစားအကူညီနဲ့ နေရပ်ရင်း ကိုပြန်ပြီး ပတ်စပို့စာအုပ်ကြီးလုပ်ကြတယ်။ 

       ဖေါ်ဖေါ်ဝါရီလလယ်ထိ CI မလုပ်ပေးသေးတာကြောင့် ကျောင်းသားမိဘတွေဟာ သား သမီးတွေ စာမေးပွဲကြီးအတွက် သွားချင်ကြတာလည်းသွားမရကြတော့ဘူး။ ဧပြီလမှာလည်း သင်္ကြန်အလုပ်ပိတ်ရက် ပြန်ကြရတာ့မှာ မဟုတ်တော့ပါဘူး။ 

                                    “ကျောက်ရိုင်းတုံးအလုပ်သမားများ”
          လေးငါးသန်းရှိတဲ့မြန်မာအလုပ်သမားတွေက ထိုင်းနိုင်ငံမှာအလုပ်လုပ်ပြီး မြန်မာနိုင်ငံ ကို လုပ်အားခငွေတွ ဘီလီယံနဲ့ချီပြီးပို့ဆောင်ပေးနေပါတယ်။ ဒီအလုပ်သမားတွေဟာ အာရှ ကျားတစ်ကောင်ဖြစ်နေတဲ့ ထိုင်းနိုင်ငံက နည်းပညာတွေကို ရရှိထားသူတွေအများကြီးပါပဲ။ ဒီလူတွေဟာ ဖွတ်ဖွတ်ညက်ညက်ကြေနေတဲ့ မြန်မာနိုင်ငံကို ထူထောင်ရေးလုပ်ငန်းတွေအ တွက် အကြီးဆုံးသော အရင်းအနှီးကြီးဖြစ်ပါတယ်။ 

      ပမာတင်စားရရင် ကျောက်ရိုင်းတွေပါ။ ကျောက်သွေးသမားကောင်းသွေးမှ တန်ဖိုးမြင့်တဲ့ ရတနာတွေဖြစ်လာမှာပါ။ ဒါပေမယ့် ဒီကျောက်ရိုင်းတုံး မြန်မာအလုပ်သမားတွေအတွက်   ကျောက်သွေးသမားကောင်းနဲ့တူတဲ့ အလုပ်သမားဝန်ကြီးဌာန ယခုအထိ မြန်မာနိုင်ငံမှာ မရှိသေးပါ။ ဒါကို အမေစု လက်ခံပေးပါ။

         တိုင်းပြည်အတွက် အရေးတကြီးလိုအပ်နေတဲ့ တန်ဖိုးမြင့်တဲ့  ပြည်ပရောက်အလုပ် သမားတွေအတွက်၊ လုပ်ငန်းအတွေ့အကြုံတွေရှိနေကြတဲ့၊ ပြည်ပ၀င်ငွေတွေ ရှာဖွေပေးနေကြ တဲ့ ဒီကျောက်ရိုင်းတွေအတွက်  (၁) တရားဝင်နေထိုင်ခွင့် စီမံကိန်းကို ရက်ပိုင်းအတွင်းအမြန် စီစဉ်ပေးပါ။ (၂) ဒီလူတွေအတွက် အလုပ်ကိုင်အခွင့်အလမ်းတွေဖန်တီးဖိုနဲ့ ဒီအလုပ်သမားေ တွ ကျွမ်းကျင်မှုတွေကို ဘယ်လိုပေါင်းစပ် အကောင်အထည်ဖ်ါမလဲဆိုတာ ၂၀၈ ခုနှစ်ေ လာက်မှာ အကောင်အထည်ဖေါ်နိုင်အောင်ပြင်ဆင်ပါလို့ တင်ပြလိုပါတယ်။ 

        ၂၀၁၆ ခုနှစ် ဇွန်လ ၂၅ ရက်နေ့က မကြာခင် CI ထုတ်ပေးမယ်လို့ အမေစု ကိုယ်တိုင် ဘန်ကောက်မြန်မာသံရုံးထဲမှာပြောခဲ့ပေမယ့် အလုပ်သမားဝန်ကြီးဌာနက ခုထိ CI စခန်း မဖွင့်ပေးနိုင်သေးတာကိုဖြင့် မေးကြည့်ပါအုံးလို့၊ အသိပေးလိုက်ရပါတယ်။

                                                    ကျော်သောင်း