၂၀၁၇ ခု ဖေဖေါ်ဝါရီလ ၁၂ ရက်
မောင်မောင်မြတ်ညို
(အလွတ်သတင်းထောက်)
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မင်းပြင်ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့်
အစ်မဖြစ် သူတို့သည် အများသူငါ အသုံးပြုနေသည့်ကားလမ်းကို ခြံစည်းရိုးကာရံသဖြင့် မြို့နယ် အုပ်ချုပ်ရေးမှူး
ထံသို့ တိုင်ကြားထားကြောင်း ရွာသားများက ပြောသည်။

အဆိုပါလမ်းတွင် သံကူကွန်ကရစ် တံတားငယ်
၆စင်းနှင့်၊ ရေခေါင်းတစ်ခုအပြင် အမာခံကျောက် သားလမ်းအဖြစ် ၁မိုင်ကျော် ခင်းထားပြီးဖြစ် ပါသည်။
ရွာသူ/ရွာသားတို့၏ လုပ်အားပေးမှုများအတွက် မပါဝင်ပဲ၊ ကုန်ကျစရိတ်ပေါင်း ကျပ်ငွေ သိန်းနှစ်ေ ထာင်ကျော်ခန့်ကုန်ကျခဲ့ပြီဖြစ်ပါသည်။
သို့ဖြစ်၍ နွားလှည်း၊ ဆိုင်ကယ်နှင့် ကားများပါသွားလာနိုင် ပြီဖြစ်ပါသည်။

ဒေါ်ခင်သန်းကြည် နှင့် ၃.၂.၁၀၇ နေ့မှာ လမ်းလယ်မှ ခြံစည်းရိုးထိုးကာရံလိုက်ကြပါ သည်။
ထို့ ကြောင့် ချောင်းဖျားကျေးရွာဆရာတော် နှင့်ရွာလူကြီးတို့က ဦးဆောင်၍
မြို့နယ်အုပ်ချုပ်ရေးမှူးတို့ထံသို့ ၇.၂.၂၀၁၇ နေ့ကတင်ပြခဲ့ကြသော်လည်း အခြေအနေများ ထူးခြား မလာခဲ့ပါ။

ရွာသူကြီးတစ်ဦးက
“ ၁၃.၂.၂၀၁၇ ရက်နေ့မှာ
ကျနော်တို့ ရွာသူကြီးတွေကို မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကိုလာခဲ့ကြဖို့မှာခဲ့ပါတယ်။
ကျနော်တို့
ကျောက်ဖြူမြို့နယ်မှာ လယ်ယာမြေသိမ်းဆည်းမှုတွေ ပြဿ နာတွေအများကြီးပါ။ ခုဟာက
အများသူ ငါသုံးနေကြတဲ့လမ်းကို အုပ်ချုပ်ရေးမှူးဆိုပြီး ခြံစည်းရိုးကာတာဖြစ်တယ်။ ဒါမျိုး မလုပ် သင့်ဘူး” ဟုပြောသည်။