02 July 2016

“DSI နဲ့MAT လူုကုန်ကူးမှုတိုက်ဖျက်ရေးပူးပေါင်းဆောင်ရွက်ရန်ပြင်ဆင်”



                              
၂၀၁၆ ဇူလိုင် ၁
ကိုတီး

        ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအထူးထောက်လှမ်းရေးအဖွဲ့ DSI နှင့်   မြန်မာသံရုံးအလုပ်သမား ကူညီစောင့်ရှောက်ရေးကော်မတီဝင် MAT တို့လူကုန်ကူး မှုပူးပေါင်းဆောင်ရွက်ကြရန်ညှိနှိုင်းခဲ့ကြသည်။

      ဇွန်လ ၃၀ ရက်နေ့က အမေရိကန်အစိုးရနိုင်ငံခြားရေးဝန်ကြီးဌာနမှ ထုတ်ပြန် သည့် လူကုန်ကူးမှုအစီရင်ခံ စာအရ အဆိုးဝါးဆုံးအဆင့် TIER 3 မှ စောင့်ကြည့် အဆင့် TIER 2 သို့လျော့ချခံရသဖြင့် ၀မ်းမြောက်ကြောင်း၊ ထိုသို့ သတ်မှတ်ခြင်းခံရ   အောင် အထောက်အပံ့ဖြစ်စေခဲ့သည့် လူကုန်ကူးမှုတို့ကို ပူးပေါင်းဆောင်ရွက်ခဲ့ကြ သည့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MATကိုလည်း အထူးကျေးဇူးတင်   ကြောင်း  Department of Special Investigation , Ministry of Justice . Anti-Human Trafficking Center မှ ထိပ်တန်း အရာရှိကြီးဖြစ်သူ Mr.Komvich Padhanarath ကပြောသည်။

         ထိုင်းငါးဖမ်းလှေတစ်စီးပေါ်တွင် လုပ်အားခမရပဲ ကျေးကျွန်သဖွယ် ခိုင်းစေခံခဲ့ ရရုံသာမက ဆေးလိပ်မီးဖြင့် အထိုးခံရ၊ သံတုတ်ဖြင့်အရိုက်ခံရ၊ ငါးမန်းဖြင့်အကိုက်ခံရ စသည်ဖြင့် နှိပ်စက်ညှဉ်းပန်းမှုမျိုးစုံခံခဲ့ရသည့် မြန်မာအလုပ်သမား ၃ဦးတို့ နစ်နာဆုံး ရှုံးမှုများအတွက် လုပ်ငန်းအကောင်အထည်ဖေါ်ဆောင်ရန် ညှိနှိုင်းကြစဉ် ထိုသို့ ပြော ဆိုခဲ့ခြင်းဖြစ်သည်။

       MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က“ထိုင်းနိုင်ငံရဲ့ငါးဖမ်းလှေတွေပေါ်မှာ၊ ပင်လယ်အစားအစာထုတ် လုပ်တဲ့အလုပ်ရုံတွေမှာ၊ ပြည့်တန်ဆာအလုပ်ရုံတွေမှာ၊ တိရိစ္ဆာန်မွေးမြူရေးလုပ်ငန်းတွေမှာမြန်မာတွေအမြောက် အမြား လူကုန်ကူးခံနေရပါ တယ်။ တိုင်းပြည်တွင်းမှာ အလုပ်အကိုင်အခွင့်အလမ်းတွေပေါများမှနေရပ် စွန့်ခွာမှု   တွေလျှော့နည်းပပျောက်လာမှာဖြစ်ပါတယ်။ လက်ရှိ လူကုန်ကူးခံနေရသူတွေကို ဘယ်လို ကယ်ထုတ်နိုင်ကြ မလဲဆိုတာကို မြန်မာအစိုးရအနေနဲ့ အရေးပေါ်စီမံချက်ချ မှတ်အကောင် အထည်ဖေါ်ဖို့လိုအပ်ပါမယ်။ အယင် ပုံစံအတိုင်းဆက်သွားနေလို့ မဖြစ်တော့ဘူးဆိုတာကို သဘောပေါက်လက်ခံဖို့လိုပါတယ်။ ဆယ်စုနှစ်ကျော်ကြာ ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအဖွဲ့တွေနဲ့ ကျနော်တို့တည်ဆောက်ထားနိုင်တဲ့ ယုံကြည်မှု၊လက်တွဲ ဆောင်ရွက်မှုတွေနဲ့အတွေ့အကြုံတွေကို မြန်မာအစိုးရသစ်အနေ နဲ့ အင်အားစုတစ်ရပ်အနေနဲ့ ပူးပေါင်းဆောင် တတ်ဖို့လိုအပ်ပါမယ်”ဟုပြောသည်။

       မြန်မာနိုင်ငံတွင် အလုပ်အကိုင်အခွင့်အလမ်းများရှားပါး သထက်ရှားပါးလာနေ   ခြင်းများ တို့ကြောင့် နှစ်ပေါင်း ၃၀ ခန့်အတွင်း နေရပ်ရင်းကိုစွန့်ခွာ၍ အိမ်နီးချင်းနိုင် ငံများသို့အလုပ်လာလုပ်နေခဲ့ကြရသည်။ မြန်မာအများစု လူကုန်ကူးခံနေရသည့်နိုင်ငံ မှာ တရုတ်နိုင်ငံဖြစ်ပြီး ဒုတိယအများဆုံးနိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်ကြောင်း မြန်မာအစိုး ရထုတ်ပြန်ချက်များအရသိရသည်။