22 July 2016

“NLD အစိုးရ MOU စနစ်နဲ့ ထိုင်းငါးဖမ်းလှေကို မြန်မာအမျိုးသမီးအလုပ်သမားစေလွှတ်ပြီလား”



   




          

                   “ယနေထုတ် NEWS WATCH ဂျာနယ်သတင်း”
 
     (“ထိုင်းငါးဖမ်းလှေပေါ်တွင်ခြေထောက်ကျိုးပြီး၊ လက်ပြတ်ခဲ့သည့် မြန်မာအလုပ်သမား လျှော်ကြေးငွေ ဘတ်ခြောက်သိန်းခွဲရရှိ”)  
       ထိုင်းနိုင်ငံရှိငါးဖမ်းစက်လှေပေါ်တွင်သွားရောက်အလုပ်လုပ်ကိုင်ခဲ့ပြီး၊
 ခြေထောက်ကျိုးလက်ပြတ်ခဲ့ရသည့် မြန်မာအလုပ်သမားတဦးသည် လျှော်ကြေး
ငွေအဖြစ် ဘတ်ငွေ ခြောက်သိန်းခွဲ (မြန်မာငွေ သိန်းနှစ်ရာ) ရရှိခဲ့ကြောင်းသိရ သည်။


     အဆိုပါ အလုပ်သမားမှာဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ (၃)ရပ်ကွက် တွင် နေထိုင်သူ မပြုံးဝင်းဖြစ်ပြီး  သူမ သည် ၂၀၁၅ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်ခဲ့ရာ ခန္ဓာကိုယ်နေရာအနှံ့တွင် ဒဏ်ရာများရရှိခဲ့ကာ ညာ ဘက်လက်ကောက်ဝတ်မှ ပြတ်၍  ညာဘက်ပေါင်  ၃ပိုင်းကျိုးခဲ့ခြင်းဖြစ်သည်။ 
 

       “ထိုင်းသူဌေးက ပထမတော့ လျှော်ကြေးနည်းနည်းပဲပေးတယ်။ ထိုင်းနိုင်ငံ က မြန်မာသံရုံးအရာရှိရယ်။ မြန်မာ ဘက်ကပို့ပေးတဲ့ ကုမ္ပဏီရယ်၊ ညှိနှိုင်းပေးေ တာ့ မှ ဒီလ ၁၅ ရက်မှာ လျှော်ကြေး ဘတ်ခြောက်သိန်းခွဲရတာ၊ လျှော် ကြေးရ တဲ့ဖြစ်စဉ်တွေမှာတော့ အများဆုံးလို့ ပြောလို့ရတယ်” ဟု မပြုံးဝင်းက News Watch သို့ပြောသည်။


          မပြုံးဝင်သည် တရားဝင် စေလွှတ်ခဲ့သည့် May Wint ပြည်ပအလုပ် အကိုင်ဝန်ဆောင်မှု ကုမ္ပဏီကလည်း ဂရုဏာ ကြေးငါးသိန်းနှင့် မပြုံးဝင်း၏   မောင်နှမ ၂ ယောက်တို့အား မလေးရှားသို့ အခမဲ့ပို့ပေး၍ရရှိသည့် လစာထဲမှ တ၀က် ကို မပြုံးဝင်းအား ပေးနေကြောင်း နှင့် မြောင်းမြမြို့ကို အခြေစိုက်၍ အလုပ်သမားရှာဖွေသည့် ရုံးခွဲတခု ဖွင့်ပေးကာ ကူညီလျှက်ရှိကြောင်း၊ May Wint ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီမှ မန်နေဂျင်းဒါရိုက်တာ ဦးနေ၀င်း က ပြောကြားသည်။ …….နောင်လေး

                   “အဆိပ်မင်ထည့်ပြီးတိုင်းပြည်နဲ့လူထုကိုသတ်တဲ့လူသတ်သမားကလောင်မဖြစ်ဖို့လို
တယ်”
           
ဒီသတင်းမှာ…သတင်းအင်္ဂါရပ်တွေ မပြောတော့ပါဘူး။  လွဲတာတွေကိုပဲထောက်ပြပါ မယ်။

(၁) ခေါင်းစဉ်တင်ထားသလို အလုပ်သမားဟာ ငါးဖမ်းလှေမှာခြေထောက်ကျိုးတာမ ဟုတ်ပါ။ ထိုင်းနိုင်ငံအရှေ့ ပိုင်း ကမ္ဘောဒီယားနယ်စပ်အနီးမှာရှိရှိတဲ့ ခေါင်ကဲန် အရပ် က ဒေချားဖန်းနစ် ငါးဖမ်းပိုက်ကွန် စက်ရုံမှာ ပိုက်ရက် လုပ်တဲ့ စက်ထဲကို လူဝင်ပါ သွားတဲ့ဖြစ်စဉ်ပါ။ ခေါင်းစဉ်အတိုင်းဆိုရင် ထိုင်းငါးဖမ်းလှေကို မြန်မာမိန်းကလေး
အ လုပ်သမားကို MOU စနစ်နဲ့ ပို့နေကြပြီလားလို့ထင်မှတ်စရာဖြစ်နေပါတယ်။ အေ  တာ့် ကိုဆိုးဆိုးဝါးဝါးကြီးလွဲနေပါတယ်။

(၂)  နစ်နာကြေး ကျပ်ငွေ သိန်း ၂၀၀ မဟုတ်ပါ။ အလုပ်သမားတွေရရှိသွားတဲ့ ဘတ်ငွေ ခြောက်သိန်းခွဲကို ရန်ကုန်မှာ ကျပ်ငွေလဲတဲ့အခါ ၂၁၈ သိန်း ၄သောင်း ရရှိပါတယ်။

         အလုပ်သမားနစ်နာကြေးရရှိအောင် မေ၀င့် ကုမ္ပဏီဒါရိုက်တာ ဦးနေ၀င်း ဒဏ်ရာရသည်မှ လျှော်ကြေးရသည် အထိ မလာခဲ့ဖူးပါ။ အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင်က အဆိုပါ အလုပ်ရုံသို့ အလုပ်သမားခေါ်စာစစ်ဖို့ အသွား MAT အဖွဲ့ ဦးကျော်သောင်း က မပြုံးဝင်း ၏သတင်းအချက်အလက် များကိုပေးပို့၍ ကြည့်ရှုခဲ့ဖို့ ပန်ကြား ခဲ့၍ ခရီးကြုံ ၀င်ကြည့်ခဲ့ခြင်းသာဖြစ်ပါတယ်။ အီးမေးပို့တဲ့နေ့ကို ကွန်ပြူတာ မှာငြင်းဆန်လို့မရပါ။ ဦးမိုးအောင်ခိုင် မည်သို့မည်ပုံ ဆက်ဆံခဲ့တယ်ဆိုတာ အဲဒီအ လုပ်သမားတွေကိုအနီးကပ်ကူညီပေးခဲ့တဲ့ နိုင်လင်းအောင် ကို ဆက်သွယ်မေးမြန်းနိုင် ပါတယ်။ သူ့ဆီမှာ ဖြစ်စဉ်အစကနေအဆုံးအထိ ဖမ်းထားတဲ့ အသံဖိုင်တွေရှိပါတယ်။
(၃) မပြုံးဝင်း ရဲ့မောင်နှမ ၂ဦးကိုမလေးရှားသို့ ပို့ဆောင်ခြင်း၊ အလုပ်သမားရှာဖွေ သည့်ရုံးခွဲ ဖွင့်လှစ်ပေးခြင်း ဟူသည်မှာလည်း သတင်းထောက်ရေးထားသည်မှာ အကောင်အထည်ဖေါ်ပြီးသည့်အနေအထားဖြစ်နေပါတယ်။

     ဇူလိုင် ၁၉ ရက်နေ့ကမှ နေရပ်ရင်းကို ရောက်ရှိသွားခဲ့တဲ့ မပြုံးဝင်းနဲ့ခင်ပွန်း ရဲလင်းနောင် တို့ဇူလိုင်လ ၁၉ ရက်နေ့ကမှ မြောင်းမြမြို့သို့ ရောက်ရှိသွားခဲ့ကြတာပါ။   သတင်းမှာရေးထားတာ က ၃ရက်အတွင်းမှာ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အလုပ်အကိုင်   ရှာဖွေရေးရုံးခန်းဖွင့်ပေးထားသလိုရေးထားတယ်။ ပိုဆိုးတာက မပြုံးဝင်းတို့ မောင်   နှစ်မ ၂ဦး ၃ရက်အတွင်းကာလအတွင်းမှာ မလေးရှားမှ လုပ်အားခ တ၀က်ခံစားနေ ရသလိုလို ခပ်တည်တည်နဲ့ ဖြီးထားတာဟာ  News Watch သတင်းဂျာနယ်ရော သတင်းထောက်တို့အတွက်ပါ အရှက်မရှိတဲ့ ရေးသားဖေါ်ပြချက်တွေသာဖြစ်ပါတယ်။

     မပြုံးဝင်းကို  (မေ၀င့် ကုမ္ပဏီနဲ့ ဘန်ကောက် အလုပ်သမားသံအရာရှိတို့) ကူညီေ ကြာင်း ပြောဆိုပေးရန် စည်းရုံးခြင်းသာဖြစ်ပါလိမ့်မည်။ အဆိပ်ရည်ထည့်ထားတဲ့ ကလောင်နဲ့ရေးနတဲ့ ဂျာနယ်နဲ့ သတင်းထောက်တွေလို့ ဆိုထိုက်ပါတယ်။ အားလုံး လွဲမှားနေလို့ဖြစ်ပါတယ်။

            ဒီလို သတင်းလိမ်ရေးသားပြီး နိုင်ငံတော်အစိုးရနဲ့ တိုင်းသူပြည်သားတွေကို လိမ်လည်ဖို့အတွက်မေ၀င့် ကုမ္ပဏီ ဒါရိုက်တာ ဦးနေ၀င်း၊ ပွဲစားများအဖွဲ့ချုပ် MOEAF အထွေထွေအတွင်းရေးမှူး ဦးကျော်ထင်ကျော် နဲ့ ထရိတ်တိုင်း သတင်းထောက်ေ ဟာင်း တစ်ဦးတို့ သွားရောက်ကြောင်း MAT အဖွဲ့က ဓါတ်ပုံလက်ခံရရှိခဲ့ပါတယ်။ ဓါတ်ပုံမရရှိခဲ့ပေမယ့်အခြား၂ဦးပါ ပါတယ်ဆိုတာ အကြမ်းဖျင်သိခဲ့ရပါတယ်။


   “လိမ်ရေးတဲ့ကလောင်တွေကြောင့် တိုင်းပြည်လဲမွဲအစိုးရလည်း သိက္ခာကျခဲ့ရ တာ ကို NLDအစိုးရသတိပြုပါ”    

       ယနေ့ခေတ်ဟာ သတင်းနည်းပညာခေတ်ဆိုတာ အထူးပြောဖို့မလိုပါ။ ကလောင်ကို ကလောင်နဲ့ တိုက်ရမယ်ဆိုတဲ့ စစ်အာဏာရှင်တွေချမှတ်ခဲ့တဲ့ စစ်အာ ဏာရှင်စီမံကိန်းကြီးအောက်မှာ ဖေကံကောင်း၊ မောင်ဖေငယ်၊ တက္ကသိုလ် မြတ်သူ၊
 အောင်မင်း၊ ပေါက်စ၊ မောင်စေတနာ၊ ဆားမင်းဆွေ၊ ငါးမင်းဆွေ စတဲ့ကလောင် အမည်တွေနဲ့စစ်အစိုးရ ခေတ်မြန်မာ့အလင်းသတင်းစာနဲ့ ကြေးမုံသတင်းစာတို့မှာ “ပြောပြန်ရင်လည်း အောင်မင်းလွန်ရာကျမယ်” တို့ “တပြည်သူမရွှေထားသို့မဟုတ် တိုင်းပြည်အန္တရာယ်”တို့လို၊ ဆောင်းပါးတွေကို အာဏာရှင်အလိုကျ ရေးခဲ့ကြတာ သတင်းစာဖတ်ကြတဲ့မြန်မာလူမျိုးတွေအားလုံး မှတ်မိကြမှာပါ။

       အာဏာရှင်ခေတ်တလျှောက်လုံး မြန်မာနိုင်ငံတော်ကြီး မီးတွေလင်းလို့၊ လမ်းေ တွကောင်းလို့ စက်မှုဇုန်တွေက ကားတွေထုတ်၊ စက်ဘီးတွေထုတ်လို့ အဟုတ်ဖြစ်နေ သလိုရေးခဲ့တာတွေကို တိုင်းသူပြည်သားတွေ ဖတ်ခဲ့ကြရတယ်။ န၀တ၊ နအဖခေတ်   ကော်မတီတွေအကုန်လုံးမှာ ထောက်လှမ်းရေးအကြီးအကဲ ဦးခင်ညွန့် ဥက္ကဌလုပ်ပြီး စစ်အာဏာရှင် ကာလတလျှောက်လုံး နေစဉ်ရုပ်မြင်သံကြားသတင်းတွေမှာကပ်ကြေး ညှပ်ဖွင့်ပွဲ လုပ်နေတဲ့ပုံတွေ၊ လိုအပ်သည်များကို လမ်းညွန်မှာကြားတာတွေ လုပ်သွား တာ TV မင်းသားလို့တောင် ခေါ်ခဲ့ကြရသေးတယ်။

     ဦးခင်ညွန့်လက်ထက်က သမိုင်းအမှန် ပြုစုရေး၊ မိုးလုံးပြည့်မုသားဝါ၊ BBC မှိုင်းတို က်နေသည်။ RFA လိမ်နေ သည်၊VOA, DVB လူသတ်သမား။ အဲဒီလို စာအုပ်တွေ ထုတ်၊ နေ့စဉ်ထုတ် နိုင်ငံပိုင်သတင်းစာတွေနဲ့ ရေဒီယို ရုပ်မြင်သံကြားတွေကနေ့စဉ်   နေ့တိုင်း တိုင်းပြည်ကိုလိမ်လည်ခဲ့တယ်။ ၁၉၈၈ ခု စက်တင်ဘာ ၁၈ မှာ“သမိုင်း   ရေစီးလှိုင်းကြီးလေထန် ဖြစ်ရန်မှန်များ”ဆိုပြီး လံကြုတ်တ၀က် အမှန်တ၀က် ရော စွက်ပြီး စစ်အာဏာသိမ်းဖို့ တိုင်းပြည်ကို  မီဒီယာလက်နက်နဲ့ လှည့်ဖြားခဲ့တယ်။ 

          အကျိုးဆက်က ၁၉၆၂ ခုနှစ်ကနေ ၂၀၁၆ မတ်လကမှ ရာဇပုလ္လင်ထက်က ဆင်းသွားခဲ့ကြတဲ့ စစ်အာဏာရှင်တွေ အုပ်ချုပ်ခဲ့မှုတွေကို လူထုတွေ ပွင့်ပွင်းလင်း လင်း သိလာရတဲ့အခါမှာတော့။ အားလုံးသိကြတဲ့ အတိုင်းပဲ၊ သစ်တောတွေလည်း   ပြုန်း၊ တောင်တွေကချိုင့်ဝှမ်းဖြစ်၊ သယံဇာတတွေလုံး ဆုံးခဲ့ပြီ။ အသက်သွေးကြော ဧရာဝတီ ကိုတောင်လက်သိပ်ထိုးရောင်းစားခဲ့ပြီ။ မြေလွတ်မြေရိုင်း၊ တောမြင်သမျှ၊
 ဘောလုံးကွင်း၊ နွားစားကျက်ကအစ အာဏာရှင်တွေနဲ့ ခရိုနီတွေ ခပ်တည်တည်နဲ့ ကိုယ်ပိုင်လုပ်သွားခဲ့ကြပြီ။ နီးနီးနားနား ကျောက်မျက်ရံပုံငွေ ဒေါ်လာသန်း ၆၀ ကျော် ကိစ္စတောင် ၀ါးတားတားဖြစ်သွားခဲ့တယ်။

         မြန်မာငါးသန်းလောက် ပြည်ပမှာ ကျေးကျွန်သဖွယ်အလုပ်သွားလုပ်နေခဲ့ကြ ရပြီ။ မြန်မာအမျိုးသမီးကောင်းတွေ တရုတ်နိုင်ငံကို တရုတ်မယား လုပ်ဖို့ နေ့တိုင်းေ ရာင်း စားခံနေခဲ့ရပြီ။ ထိုင်းငါးဖမ်းလှေတိုင်းမှာ မြန်မာတွေ လူကုန်ကူးခံခဲ့ကြရပြီ။

        “လူလိမ်အေဂျင်စီတွေကို နိုင်ငံတော်အစိုးရ အထူးသတိထားသင့်ပြီ”
       လူကုန်ကူးတဲ့သူတွေဝင်ရောက်လုပ်ကိုင်နေကြတဲ့  ပွဲစားများအဖွဲ့ချုပ် MOEAF ဟာ MOU လုပ်ငန်းစဉ်ကြောင့်  ထိုင်းတောင်ပိုင်းမှာဘောစကိုင်ပြုတ်စားခဲ့ရတာတွေ၊ ရဲစခန်းမှာ မိန်းကလေးတွေ အိပ်ခဲ့ရတာတွေကို ရန်ကုန်က ဟိုတယ်ကြီးတွေမှာ သတင်းစာလိမ်ပြီးရှင်းပြီး MOU လုပ်ငန်းစဉ်အောင်မြင်ကြောင်း MATအဖွဲ့က အစိုးရ ကို တိုက်ခိုက်နေကြောင်း၊ လူကုန်ကူးခံနေရသူတွေရဲမိသားစုတွေကိုခေါ်ပြီး
ဦးကျော်သောင်း  ကြောင့် ကယ်ဆယ်ရေးစခန်းထဲမှာ ကြန့်ကြာနေကြရကြောင်း ၀ါဒဖြန့်ချိခဲ့တယ်။

         အခုတစ်ခါ ငါးဖမ်းလှေမှာ လက်ကျိုးတာလို့ ထပ်လိမ်ပြန်တော့ လူထုရွေးချယ် တဲ့ NLD အစိုးရအနေနဲ့ နှစမရွှံပိတ် အငိုက်မမိအောင် ဒီလို ဂျာနယ်မျိုး ကလောင်မျိုး ရဲ့ အန္တရာယ်ကို ကာကွယ်နှိမ်နင်းမှသာလျှင် တိုင်းပြည်အနာဂတ်အတွက် ရင်အေးရ မှာဖြစ်ပါတယ်။       
 
စာရေးသူ၏ဆန္ဒ ။   ။ MOU စနစ်ကို ကျနော် မတိုက်ခိုက်ပါ။ လူကုန်ကူးသူ၊ လူလိမ်ပွဲ စားများ လုပ်ရပ်များကို ဖေါ်ထုတ်၊ ဒုက္ခရောက်ကြတဲ့ အလုပ်သမားတွေကို ဘာမှ မမျှော်ကိုးပဲ ကူညီနေခြင်သာဖြစ်ပါတယ်။  စာရေးသူ လိုလားတာက ကုသိုလ်လည်းရ ၀မ်းလည်းဝပြီး နိုင်ငံတော်အစိုးရလည်းသိက္ခာရှိမယ့် MOU စနစ်ကို ဖြစ်စေချင်သူပါ။
                                ကျော်သောင်း  ဘန်ကောက်