16 July 2016

“ဘန်ကောက် အလုပ်သမားသံအရာရှိက ဒုက္ခိတအလုပ်သမားဖုန်းကဒ်ကိုသိမ်းထား၍MATအဖွဲ့နှင့်မတွေ့ခဲ့ရ”



                       
၂၀၁၆  ဇူလိုင်လ ၁၇
မင်းဆန်း

                ကိုယ်လက်အင်္ဂါများပျက်စီးဆုံးရှုံးသွားခဲ့သည့်လူစဉ်မမီတော့သည့်MOUအလုပ်သမားမပြုံးဝင်းနစ်နာ ကြေးရရှိပြီး နောက်တွေ့ဆုံ
ရန်ဖုန်းဆက်စဉ် ဖုန်းဆင်းမ်ကဒ်ကို အလုပ်သမားသံအရာရှိက ဖြုတ်သိမ်းလိုက်သဖြင့် မတွေ့ခဲ့ရကြောင်း MAT အဖွဲ့ကပြောသည်။

      မေ၀င့်အေဂျင်စီဖြင့် ထိုင်းနိုင်ငံအရှေ့ဘက် ဒေချားဖန်းနစ်ငါးဖမ်းပိုက်ကွန်စက်ရုံသို့ လာခဲ့သော ဧရာဝ တီတိုင်း မြောင်မြမြို့ မှ အသက် ၃၅ နှစ်အရွယ် မပြုံးဝင်းဆိုသူသည် ၃၀.၁.၂၀၁၆ နေ့ ညနေ ၃နာရီခွဲကျော်ခန့်တွင်ပိုက်ရစ်သည့်စက်ထဲသို့ခန္ဓာကိုယ်  တစ်ခုလုံးပါသွားခဲ့သည်။

          ဘယ်ဘက်နံရိုးတစ်ချောင်းကျိုးကျခဲ့သည်။ ညာဘက်ပေါင်းရိုးကျိုးသွားသဖြင့် စတီးရိုးထည့်ထားရသည်။ ဘယ်ဘက်ပေါင် တွင်လည်း ဒဏ်ရာအပြင်းအထန်ရရှိသွားသဖြင့် ၁၈ ချက်တိတိချုပ်ခဲ့ရသည်။ ညာဘက်လက်ကောက်ဝတ် မှပြတ်ထွက်သွားခဲ့ သည်။ ဘယ်ဘက်မှာလည်း  ၃ပိုင်းကျိုး၍ အကြောသေ သွားကာ လုံးဝလှုပ်မရခဲ့တော့ပေ။ ဘယ်ဘက်မျက်လုံးမှာလည်းနောက်  ဘက်ကို ချိုင့်ဝင်သွားပြီး မျက်ကြောသေသွားခဲ့သည်။ ဦးခေါင်းပေါက်သွား၍ သွေးယိုစိမ်းမှုဖြစ်သွားခဲ့သည်။ လက်ရှိအချိန်တွင် မပြုံးဝင်း သည်  မည်သည့်အလုပ်မှ အလုပ်လုပ်ကိုင်၍ မရတော့ပဲ ဒုက္ခိတ ဖြစ်သွားခဲ့ပြီးဖြစ်ပါသည်။

   မပြုံဝင်း ထိခိုက်နစ်နာမှုအတွက်ဆေးရုံဘတ်ကဒ်လုပ်ထားသဖြင့် အခမဲ့ကုသခွင့်ရရှိခဲ့သည်။ မပြုံးဝင်းအား ဒဏ်ရာရသည့်   နေ့မှစ၍ ၂၀၁၆ ခု ဇွန်လကုန်အထိ တစ်လလျှင် ၂၅ ရက်ဖိုးအတွက် (ဘတ်ငွေ ၆,၀၀၀မှ ၇,၀၀၀) အထိပေးပါသည်။ ထို့အပြင် အကူငွေဟုဆိုကာ ဘတ်ငွေ ၃၀,၀၀၀ တစ်ကြိမ်နှင့် ဘတ်ငွေ  ၁၀,၀၀၀ တစ်ကြိမ်ပေးပါသည်။  တွန်းကုလားထိုင် တစ်လုံးလည်း ၀ယ်ပေးပါသည်။ ခင်ပွန်းဖြစ်သူ ရဲလင်းနောင်အား တစ်လစာ ထောက်ပံ့ပေးခဲ့ပါသည်။

    


          ထိုအချိန်မှစ၍ ဘန်ကောက်အခြေစိုက်ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ ဆက်သွယ်အကူညီတောင်း ခံခဲ့ပါသည်။ MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က ထိုက်တန်သည့်နစ်နာကြေးရရှိစေရန်အတွက်လုပ်ထုံးလုပ်နည်းများအတိုင်း   အချက်အလက်များကို စဉ်ဆက်မပြတ်စုဆောင်၍ လူနာ ရောဂါကောင်းသည်အထိ စောင့်ကြည့် နေခဲ့သည်။ 

          ၂၈.၅.၂၀၁၆ နေ့က ဒေးရှားဖန်းနစ်ငါးဖမ်းပိုက်ကွန်စက်ရုံသို့ အလုပ်သမားခေါ်စာ Demand Letter စစ်ဆေးရန်ရောက်  ရှိလာသော အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင် က  ကိုရဲလင်းနောင် ကို လစဉ်အထောက်အပံ့ပေးရမည်။ နစ်နာကြေးပေး စဉ် သူကိုယ်တိုင်လာခဲ့မည်။ MCC သူဌေးမ က သံအမတ်ကြီးရှေ့မှာပေး လျှော်မည်ဟုကတိစကားပြောဆိုခဲ့ပါသည်။ ဦးမိုးအောင်ခိုင်က ဘတ်ငွေ၂,၀၀၀၊ ထူးသစ်ဇေ အေဂျင်စီမှ အန်တီနွယ်က ၂,၀၀၀ ဘတ် ထောက်ပံ့ပေးသွားခဲ့ကြပါသည်။

         ၆.၇.၂၀၁၆ နေ့က MCC သူဌေးမ နှင့်ကိုကာရံဆိုသူတို့သည်အလုပ်ရုံမှသူဌေးနဲ့အတူမပြုံးဝင်း၊ ကိုရဲလင်းနောင် နှင့်
ကိုနိုင်လင်းအောင် တို့အားတွေ့ဆုံ၍ မပြုံးဝင်း ကိုယ်လက်အင်္ဂါ ထိခိုက်ပျက်စီးဆုံးရှုံးမှုများအတွက် ဘတ်ငွေ ၂၃၀,၀၀၀  ပေးမည်     ပြောဆိုခဲ့ကြပါသည်။   

        ကာယကံရှင်တို့က ဘ၀တစ်ခုလုံးဆုံးရှုံးပျက်စီးသွားခဲ့ပြီဖြစ်သဖြင့်ဘတ်ငွေဆယ်သိန်းပေးပါရန်တောင်းခံခဲ့သည်။ မပေးနိုင် ဟု အလုပ်ရုံမှငြင်းဆန်ခဲ့ပါသည်။ သို့ဖြစ်၍ စက်ရုံနှင့်မဆိုင်တော့ပဲ ရေခမီးခများပေးရမည်ဟု သူဌေးကပြောဆိုခဲ့ပါသည်။


      
           အလုပ်သမားများက ၇.၇.၂၀၁၆  နေ့ တွင် အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင် ထံသို့ ဖုန်းဆက်ရာ ဆာဝတီကန်ရုံး ကိုတိုင်ကြားရန်ပြောပါသည်။ စကားမတတ်ရင် တတ်အောင်လုပ်ပြီးသွားဟုရင့်သီးစွာပြောဆိုပါသည်။  သို့ဖြစ်၍ နေပြည်တော် အရေးပေါ်ဖုန်း +၆၇၄၃၀၁၈၄ နှင့် +၆၇၄၃၀၂၈၄ တို့အားဆက်သွယ်တင်ပြခဲ့ရာ သံရုံးကိုစာပို့ပေးမည်ဟု ပြောပါသည်။ အလုပ်သမားများက မြန်မာသံအမတ်ကြီး  ဦးဝင်းမောင်ထံသို့ ဖုန်းဆက်အကူညီတောင်းခံပါသည်။
 
            ခဏကြာသည့်အခါ ဦးမိုးအောင်ခိုင်က “မင်းတို့နေပြည်တော် ဆက်ဆက် သံအမတ်ကို ဆက်ဆက် နောက်ဆုံးတော့ ငါ့ဆီက ပြေးမလွတ်ဘူးမဟုတ်လား။ AACကခိုင်ကြီးတို့MATက ကျော်သောင်းတို့မြှောက်ပေးတိုင်းသွားမလုပ်နဲ့ဒီကောင်တွေက
 ပေါက်တတ်ကရလျှောက်လုပ်နေတာ။ ဒီကောင် ၂ကောင်ကို ထိုင်းအစိုးရလည်းကြည့်မရတော့ဘူး။ သံအမတ်ကြီးကလည်းကြည့် မရတော့ဘူး။ ဒီကောင်တွေကြောင့်အခြားအလုပ်သမားတွေပါ အကုန်ဒုက္ခရောက်နေကြပြီ။ ဒီကောင်တွေပြောတာကို သွားမယုံနဲ့၊ ငါကဥပဒေအတိုင်းလုပ်နေတာ။  ငါက တရားဝင်ပြောနေတာ” ဟုပြောဆိုခဲ့ပါသည်။

         ၁၅.၇.၂၀၁၆ နေ့က ဒေးရှားဖန်းနစ် အလုပ်ရုံနှင့်MCC ပွဲစားတို့ အလုပ်သမားနှင့်ထပ်မံညှိနှိုင်းကြရာဘတ်ငွေ ခြောက် သိန်းခွဲဖြင့် အဆုံးအဖြတ်ပေးခဲ့ကြပါသည်။ ယခုငွေအထဲတွင်လက်တုတပ်ရန်နှင့် ကိုရဲလင်းနောင် စောင့်ရှောက်ခများကိုမူ သီးခြား မပေးတော့ပါ။ 

       အလုပ်သမားများသည် ၁၆.၇.၂၀၁၆ နေ့ ညနေ ၄နာရီခန့်တွင် အလုပ်သမားသံအရာရှိရုံးခန်းသို့ ရောက်ရှိလာခဲ့ပြီးနောက်
လိုက်ပါလာသည့် စက်ရုံကိုယ်စားလှယ်က နစ်နာကြေးဘတ်ငွေ ၆သိန်းခွဲကို ပေးချေပါသည်။ အလုပ်သမားများက ဦးကျော်သောင်း ကိုတွေ့ဖူးခဲ့ချင်ကြောင်း မေတ္တာရပ်ခံသဖြင့် MAT အဖွဲ့သားများက မှတ်တမ်းဓါတ်ပုံရိုက်ကူးကြရန် သွားခဲ့ကြပါ သည်။ သို့ရာတွင် ဦးမိုးအောင်ခိုင် ကအလုပ်သမားများ၏ ဆင်းမ်ကဒ်များကို ဖြုတ်သိမ်းလိုက်သဖြင့် ဆက်သွယ်မရဖြစ်သွားသဖြင့် MAT အဖွဲ့သားများပြန်လာခဲ့ကြရပါသည်။ MAT အဖွဲ့သားများ မိမိနေရာသို့ရောက်သည့်အခါ  မပြုံးဝင်း ၏ခင်ပွန်းဖြစ်သူ ကိုရဲလင်းနောင်က “ဦးမိုးအောင်ခိုင် ဖုန်းဆင်းကဒ် သိမ်းထားလို့ မတွေ့ခဲ့ရတာပါ။ မိဘလို့ ကူညီပေးခဲ့တဲ့ ဆရာနဲ့ မတွေ့ခဲ့ရလို့ အလွန် စိတ်မကောင်းဖြစ်ရပါတယ်။ ကျနော်တို့ကို ခွင့်လွှတ်ပါ” ဟု အိမ်ပြန်ကားပေါ်မှ ပြောဆိုသွားခဲ့ကြပါသည်။

        သံရုံးအနီးသို့ရောက်သည့်အခါ အလုပ်သမားများ၏ လက်ကိုင်ဖုန်း ၂လုံးစလုံးကို ဆက်သွယ်မရတော့သဖြင့် ဖြစ်ရိုးဖြစ်စဉ် အတိုင်း ပွဲစားများက ဖုန်းပိတ်ခိုင်းလိုက်သည်ဟု MAT အဖွဲ့က ယူဆခဲ့ကြပါသည်။ စိတ်မကောင်းစွာဖြင့် ပြန်လာခဲ့ကြပြီး   MAT   ရုံးသို့ပြန်လည်ရောက်ရှိပြီး နာရီဝက်ခန့်အကြာတွင် အလုပ်သမားများက ဖုန်းဆက်လာပြီး ပြန်ပြောပြသည့်အခါမှ အလုပ်သမား သံအရာရှိယုတ်မာမှုကို သိရှိခဲ့ရသည်။ 


    
      MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က“ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် က
တရားဝင်ကြေညာထားတာရှိပါတယ်။ ပြည်ပမှာရှိတဲ့ မြန်မာသံရုံးတွေဟာ ပြည်ပမှာရောက်နေတဲ့ မြန်မာနိုင်ငံသားများအတွက်

မိဘအိမ်သဖွယ်ဖြစ်ရမယ်။ တရားဝင်ဖြစ်စေ၊ တရားမ၀င်ဖြစ်စေ၊ ရာဇ၀တ်မှုကျူးလွန်ပြီး ထောင်ကျခံနေရတဲ့သူတွေဖြစ်ပါစေ၊
 ကူညီကာကွယ်စောင့်ရှောက်ဖို့ သံရုံးမှာတာဝန်ရှိတယ်။ ဒါတွေကို မလုပ်ချင်ရင် အစိုးရမလုပ်နဲ့ပေါ့လို့ သံရုံးအစည်းဝေးထဲမှာ ရှင်းရှင်းလင်းလင်းပြောထားတယ်။ ဒါပေမယ့် လက်ရှိအလုပ်သမားသံအရာရှိတွေဟာ ကျနော်တို့အလုပ်သမားအရေးဆောင်ရွက်
 သူတွေကိုပူးပေါင်း ဆောင်ရွက်ရမှန်းမသိရုံသာမက ရန်ပြုမူတာတွေကိုပါခံနေရပါတယ်။ အလုပ်သမားတွေကို ဘယ်လိုဆက် ဆံသလဲဆိုတာစဉ်းစားကြည့်ရင်သိသာပါတယ်။ လူထုနဲ့ ပူးပေါင်းဆောင်ရွက်ရကောင်းမှန်းမသိတဲ့ ဒီလိုအလုပ်သမားအရာရှိမျိုးနဲ့
သန်းချီရှိတဲ့ ထိုင်းရောက် အလုပ်သမားအရေးကိစ္စတွေကို ဘယ်နည်းနဲ့မှ ဖြေရှင်းလို့မရနိုင် ဘူးဆိုတာ NLD အစိုးရသစ်အနေနဲ့ သတိထား   စောင့်ကြည့်ဖို့လိုပါပြီ”ဟု ဦးကျော်သောင်း ကမှတ်ချက်ပြုသည်။


        ယခုဖြစ်စဉ်တွင် MAT အဖွဲ့၏ အတွေ့အကြုံများအရ ထိုင်းအလုပ်သမားဥပဒေကြောင်းအရ ရသင့်ရထိုက်သည့် အခွင့် အရေးများစွာ ဆုံးရှုံးခဲ့ပါသေးသည်။ MAT အဖွဲ့နှင့် အလုပ်သမားသံအရာရှိများကလည်း ပူးပေါင်းဆောင်ရွက် ဖြေရှင်း လိုမှုမရှိပေ။ သို့ဖြစ်၍ GtoG အမည်ခံပွဲစားများတင်ပို့နေသည့် လုပ်ငန်းတွင် ကြားဝင်ရခက်ခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ 

        သုံးသန်းထက်မနည်းသည့် ထိုင်းရောက်အလုပ်သမားများအား MOU စနစ်သို့ မဖြစ်မနေ တွန်းအားပေးနေသည်မှာ အလုပ် သမားများ၏ လွတ်လပ်ခွင့်နှင့် ဆန္ဒသဘောထားများအရမဟုတ်ပဲ အေဂျင်စီပွဲစားများအလိုကျသက်ဆိုင်ရာ အစိုးရက ရုပ်လုံးဖေါ်   နေခြင်းဖြစ်သည်။ သို့ဖြစ်၍ ထိုင်းရောက်အလုပ်သမားများ၏ တရားဝင်မှုဆိုင်ရာကိစ္စအား NLD အစိုးရအသစ်အနေဖြင့် အထူး
ဂရုပြုသင့်ကြောင်း MAT အဖွဲ့ကပြောသည်။