18 July 2016

"နစ်နာကြေးမရမီနောက်ဆုံးအချိန်အထိ ဥပဒေ စကားကိုသာ တွင်တွင်ပြောဆိုနေသည့် အလုပ်သမားသံအရာရှိ ဦးမိုးအောင်ခိုင် နှင့် ကိုရဲလင်းနောင် တို့ ဘာတွေပြောကြသလဲ"

         လုပ်ငန်းစဉ် အဆင့်ဆင့်ပြောင်းလဲလာသည့် ပြောင်လဲမှုဖြစ်စဉ် အသံဖိုင်တို့ကို   နားဆင်သူများ သိရှိကြစေရန် တင်ပြသည့်နောက်ဆုံးအသံဖိုင်ဖြစ်ပါသည်။

       ဤအသံဖိုင်တွင် အလုပ်သမား ၃သန်းတို့ အားကိုးထိုက်သော အလုပ်သမားသံ အရာရှိ၏ စေတနာနှင့် ဥပဒေ ကျွမ်းကျင်မှုကို ကြားရပါမယ်။  ဒါ့အပြင်အလုပ်သမား အရေးလုပ်သူများကို စော်ကားထားသည့်အသံကိုပါ ကြားရမည်ဖြစ်ပါသည်။

      ဘတ်ငွေ၂၃၀,၀၀၀ မှ  ဘတ်ငွေ ၅၀၀,၀၀၀ မှ ဘတ်ငွေ ၆သိန်းခွဲအထိ တစ်ဆင့်
ပြီးတစ်ဆင့် မည်သို့လုပ်ဆောင်နေသည်ကို မြှောက်ပေးနေသည်ဟု သံကြီး တမန်ကြီးတွေက ယူဆနေပါသည်။

  သံရုံးနှင့်အလုပ်သမားသံအရာရှိတို့ လက်မှတ်ထိုးမှရမည်ဆိုသည်မှာ မှန်ပါသည်။
အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသားများ အခွန်ငွေများကို လစာငွေအဖြစ် ထုတ် စားနေကြသူများဖြစ်ပါသည်။
  

    ၂၅.၆.၂၀၁၆ နေ့က သံရုံးတွင်း အစည်းဝေးတွင် ကိုယ့်နိုင်ငံသားများအတွက် လုပ် မပေးချင်ရင်အစိုးရမလုပ်နဲ့ပေါ့လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊နိုင်ငံခြားရေးဝန်ကြီး
ဒေါ်အောင်ဆန်းစုကြည် က အလုပ်သမားကူညီရေးအဖွဲ့ ၁၃ ဖွဲ့နှင့် ခရီစဉ်အတွင်း လိုက်ပါလာသည့် ပြည်ထောင်စုဝန်ကြီးများရှေ့တွင် ပြောဆိုခဲ့ပါသည်။

           ဇါတ်သိမ်းပိုင်း အသံဖိုင်နှင့် ၀မ်းမြောက်ဖွယ်ရာ ဓါတ်ပုံကို ညနေပိုင်းတွင် ဆက်လက်တင်ပြပေးပါမည်။