၂၀၁၆ - ခု
- ဇူလိုင်လ - ၁၁ - ရက်
သန့်ဇင်ထက်
ဘန်ကောက်မြို့အနောက်ဘက်
ကီလိုမီတာ ၁၄၀ ခန့်အကွာတွင်ရှိသာလှဘူရီနယ်မြေတွင်ရှိသော Big Food
Group Co,Ltd ကြက်သား အလုပ်ရုံတွင်အလုပ်လုပ်သည့် အလုပ်သမားတစ်ဦးနှင့် ကလေးငယ် တစ်ဦး သေဆုံးပြီး
MOU အလုပ်သမားတစ်ဦး အပြင်အထန်ဒဏ်ရာရရှိသွားသည့်ကိစ္စကို MAT အဖွဲ့က သွားရောက် ကူညီပေးခဲ့သည်။


ဖြစ်စဉ်မှာ အလုပ်ရုံသည် အလုပ်သမားများအပေါ်တွင်
အလုပ်သမားအခွင့်အရေးအပြည့်အ၀ရရှိသည် ဟု ဆိုပါသည်။
သို့ရာတွင် အလုပ်သမားများကို ၀ဏလုပ်နေသည့် ကုလားလူမျိုးတစ်ဦးကေ
ခါင်းပုံဖြတ်နေ
သည်ဟုဆိုသည်။ သေဆုံးသွားသည့် အောင်မျိုးနိုင် ၏ ဇနီးက ပြီးခဲ့သည့်လက လုပ်အားခအားတောင်းခံရာ
မိဘ လာတောင်းမှ ပေးမည်ဟုဆိုကာ ၎င်းက ယူထားသည်ဟုဆိုသည်။ မြန်မာသံရုံးအလုပ်သမားကူညီစောင့်
ရှောက်ရေးကော်မတီဝင် MAT အဖွဲ့မှ ကိုသန့်ဇင်ထက် ကိုလည်း ခင်ဗျားတို့ ဘယ်သူခေါ်လို့လာသလဲ၊ လူနာ ကိုဆေးရုံတင်ထားကြောင်း၊ သေဆုံးသူမိဘများနှင့် ညှိနှိုင်းပေးမည်ဖြစ်ကြောင်း ရဲကင်းရှေ့တွင် မောက်မာစွာ
ပြောဆိုခဲ့သည်။
MAT အဖွဲ့ဝင်များသည် လှဘူရီမြို့နယ်ရဲတပ်ဖွဲ့စခန်းသို့သွားရောက်၍ သေမှုသေခင်းစာရွက်စာတမ်း
များ၊ သေဆုံးမှုဆေးစာရွက်များရရှိအောင် အလျှင်အမြန် ဆောင်ရွက်ခဲ့ပြီး ဝှေ့ပါဒို ဘုန်းကြီးကျောင်းတွင်
မြို့ရွာအုပ်ချုပ်ရေးမှူး၊ ကျောင်းရှိသံဃာများနှင့်ကြက်ရုံအလုပ်သမားများ ကမွန်းလွဲ
၃နာရီအချိန်တွင် မီသဂြိုဟ်
ခဲ့ကြသည်။
ထို့နောက် တိုက်မိသည့် ကားပိုင်ရှင် သူဌေး နှင့် သေဆုံးသူတို့၏ မိသားစုများ သေမှုသေခင်းနစ်နာ
ကြေးအတွက် ညှိနှိုင်းကြရာ ကာပိုင်ရှင်က တစ်ဦးကို
ဘတ်ငွေ ငါးသောင်း ပေးလျှော်မည်ဟု ပြောဆိုခဲ့သည်။ ထိုငွေကို သေဆုံးသူမိသားစုများက လက်မခံပဲ
MAT အဖွဲ့ကို ကူညီဆောင်ရွက်ပေးရန် အကူညီတောင်းခံခဲ့သ ဖြင့် ဇူလိုင်လ ၁၃ ရက်နေ့တွင်
မြို့နယ်ရဲစခန်းတွင် ထပ်မံဆွေးနွေးကြမည်ဖြစ်သည်။
MAT အဖွဲ့
ဒါရိုက်တာ ဦးကျော်သောင်း က “ဒီအလုပ်ရုံမှာ လေ့လာခဲ့သလောက်ဆိုရင် အလုပ်ရုံက မှန်မှန်ကန်
ကန် ရှိပေမယ့် အေဂျင်စီတွေနဲ့ ပွဲစားတွေ အရှုပ်အရှင်းနဲနဲရှိတယ်လို သိခဲ့ရတယ်။ ဘာပဲဖြစ်ဖြစ်
လေဘာအာရှ အေဂျင်စီဟာ ကားတိုက်ခံရပြီး ခြေထောက်ကျိုးသွားတဲ့ MOU အလုပ်သမားကို ရသင့်ရထိုက်တဲ့
နစ်နာကြေး တွေရရှိအောင် ကူညီဆောင်ရွက်ပေးဖို့လိုပါတယ်။ ကျနော်တို့MAT အဖွဲ့ အဓိက လုပ်ကိုင်နေတာက
အကာ အကွယ်မဲ့နေတဲ့ ခေါင်းပုံဖြတ်ခံနေရတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ကိုယ်စွမ်းရှိသရွှေ့
ဘာအဖိုးအ ခမှ မမျှော်လင့်ပဲ ကူညီပေးနေကြသူတွေသာဖြစ်ပါတယ်” ဟုပြောသည်။