09 July 2016

“ဂျယ်လီအလုပ်ရုံအလုပ်သမားပြဿ နာ ပြန်ပို့ခံရခြင်းဖြင့်အဆုံးသတ်”

    
၂၀၁၆ ခု ဇူလိုင်လ ၉  ရက်
     မြတ်ညို (အလွတ်သတင်းထောက်)

            ဘန်ကောက်မြို့အနောက်ဘက်  ကီလိုမီတာ  ၁၀၀ အကွာတွင်ရှိသော လှပူရီခရိုင်၊ ကျုံဘိန်းမြို့နယ်၊ နော်ဘိုရွာအနီး ဂျယ် လီအလုပ်ရုံတွင် ပြဿ    နာတက်နေသည့် MOU  အလုပ်သမား သုံးရာကျော်ကိစ္စမှာ ခြိမ်း ခြောက်၊ ဖိအားပေးမှုဖြင့် နယ်စပ်သို့ပြန်လည်ပို့ဆောင်ခြင်းခံခဲ့ရသည်။

        ယမန်နေ့က အေဂျင်စီပွဲစားများနှင့် အလုပ်သမားသံအရာရှိ ဦးအောင်ကိုသန်း တို့ သွားရောက်ဖြေရှင်းကြ ရာ ပြေလည်မှုမရရှိခဲ့ပေ။ အလုပ်ရုံအနီးတွင် ဆောက်လုပ်ထားသည့် ၁၅x၁၀ ပေးအကျယ်ရှိသည့် အခန်းတစ် ခန်းတွင် ၄ ယောက်နေစေပြီး တစ်ဦးလျှင် အခန်းခ ၈၀၀ ဘတ်နုန်းအပြင် ရေမီးအတွက် ၁၅၀ ဘတ်ဖြတ် တောက်မည်ကို အလုပ်သမားသံအရာရှိက လက်ခံပေးရန် အလုပ်သမားများကိုတိုက်တွန်းသည်။

အလုပ်သမားခေါင်းဆောင်တစ်ဦးက “ ကျနော်တို့က အစိုးရချင်း GtoG ပို့တာကို ယုံလို့လာတာပါ။ စာချုပ်ချုပ် စဉ်က အခန်းခ ရေခမီးမ မပေးရဘူးလို့ပြောခဲ့ပေမယ့် အခုဘာကြောင့် ပေးစေရသလဲ၊ အယင်တုန်း ကပေးနေ ခဲ့ပေမယ့် အခု အလုပ်သမားသံအရာရှိကိုယ်တိုင်လာရောက်ဖြေရှင်းတဲ့အခါ ဘာကြောင့်ပေးရသလဲလို့ မေးတဲ့ အခါ ဦးအောင်ကိုသန်း က အလုပ်ရုံအပေါ်မှာမူတည်တယ်လို့ဖြေပါတယ်။ အလုပ်သမားတွေရဲ့ခံနေရတဲ့ အဖြစ် အပျက်တွေအတွက် ဘာတစ်ခုမှလိုက်လျှော့တာမရှိပဲ စစ်သားတွေ၊ ပုလိပ်တွေ အများကြီးနဲ့ အုပ်စုခွဲပြီး ကား ပေါ် တင်နေတယ်” ဟုပြောသည်။

             အလုပ်သမားများပေးပို့လာသည့် အသံဖိုင်များအရ  အလုပ်သမားသံအရာရှိ ဦးအောင်ကိုသန်း နှင့် အေဂျင်စီပွဲစားအပေါင်းတို့က အလုပ်သမားများအား MAT နှင့် AAC တို့အား အကူညီတောင်းရကောင်းလား၊ သူတို့ လာရှင်းနိုင်သလား၊ မင်းတို့ သူတို့မြှောက်တိုင်းမမြောက်နဲ့၊ တရားဝင်တာက သူတို့သာဖြစ်ကြောင်း၊ ကြိမ် ဖန်များစွာ ပြောဆိုသည့် အသံဖိုင်များကို MAT ရုံးအဖွဲ့က လက်ခံရရှိခဲ့ပါသည်။ ယခုပြဿ     နာအား မြန်မာအလုပ် သမားဝန်ကြီးဌာနမှ နိုင်ငံပိုင်သတင်းစာများတွင်ကြောညာထားသည့် နေပြည်တော် Complaints Center အရေး ပေါ်ဖုန်းများဖြစ်သည့် +၆၇၄ ၃၀၁၈၄ နှင့် +၆၇၄ ၃၀၂၈၄ တို့အား ပြီးခဲ့သည့် ညဥ့် ၁၀  နာရီခန့်တွင် ဆက်သွယ် တိုင်ကြားရာ MOU စနစ်နှင့် အေဂျင်စီအမည်များကိုမှ တပ်အပ်သေချာ မသိသူဖြစ်နေခြင်းမှာ အထူးစိတ်ညစ် စရာဖြစ်သည်။

   
       အလုပ်သမားခေါင်းဆောင်များက ယနေ့ထပ်မံဆက်သည့်အခါ စနေနေ့ဖြစ်နေသဖြင့် အထက်ကိုတင်ပြပေးမည်ဖြစ်ကြောင်း ပြန်ပြောပါသည်။ သို့ဖြစ်၍ ယနေ့ နံနက်ပိုင်းက ရန်ကုန် အရေးပေါ်ဖုန်းဖြစ်သော + ၁၆၅ ၀၀၈၉ နှင့် +၁၆၅ ၀၁၈၇ တို့ကို ဆက်သွယ်ရာတွင်လည်း ဖုန်းဝင်သော်လည်း ပိတ်ချသွားခဲ့သည်။

MAT ဒါရိုက်တာ ဦးကျော်သောင်း က “MOU အလုပ်သမားတင်ပို့တဲ့ G to G အမည်ခံ ပွဲစားတွေနဲ့ပေါင်းစားကြ အကျိုးစီးပွားကြီးဖြစ်တယ်။ ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ကို အလုပ်သမားသံအရာရှိတွေနဲ့  အလုပ်သမား ၀န်ကြီးဌာနတို့လိုလားဟန်မပေါ်ဘူး။ လုပ်ငန်းခွင့်ထိခိုက်ဒဏ်ရာရသူတွေဆေးကုသမှု၊ နစ်နာမှု ဖြတ်တောက် ထားမှုတွေအတွက် အလုပ်သမားသံအရာရှိဟာ ဘာမှ မဆောင်ရွက်ပေးနိုင်ခဲ့ဘူး။ ဦးအောင်ကိုသန်း ဟာ အစိုးရ ချင်းသဘော တူထားတဲ့ MOU စည်းကမ်းချက်ပါ အခန်းခ၊ ရေခ၊မီးခ မပေးရဘူးဆိုတာကို ဆန့်ကျင်ပြီး အလုပ်ရုံ အလိုကျ သဘောတူခိုင်းတယ်။ ဒါမျိုးမဖြစ်သင့်ဘူး၊ NLD အစိုးရသစ်လက်ထက်မှာ ရွှေပြောင်းအလုပ်သမားတွေ ရဲ့ ပကတိအနေ အထားအမှန်တွေကိုသိဖို့လိုပါပြီ။” ဟုပြောသည်။

          နေပြည်တော် အလုပ်သမားဒုညွန်မှူး ဒေါ်မေသူညို အား အခြေအနေကိုတင်ပြနေသည့် အလုပ်သမား ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုနိုင်ဝင်းထွန် အား  စစ်သားတစ်ဦးက လက်မောင်းကို တစ်ကြိမ်ရိုက်နှက်ခဲ့သည် ဟုဆို သည်။

    ယခု သတင်းအပြီးသတ်ချိန် ည ၇နာရီ  ၃၀ မိနစ်အချိန်တွင် စစ်တပ်ကား၊ရဲကားအမြောက်အမြား တို့ရောက် ရှိ လာခဲ့ပြီး ၂ထပ်ကားကြီး၃စီး(  ၁၈၀ဦး)ခန့် ကိုတင်ဆောင်၍ မဲဆောက်ဘက်သို့ ထွက်ခွာသွားခဲ့ပြီဖြစ်ကြောင်း အလုပ်သမားများကပြောသည်။ နောက်ကျန်ရှိသည့် အလုပ်သမားများ ကို အလုပ်ရုံတွင်ထားမည်လား၊ ပြန်ပို့ မည်လားကိုမူ မသိရသေးချေ။

            ဇွန်လ  ၂၅ ရက်နေ့က ဘန်ကောက်မြန်မာသံရုံးအစည်းဝေးခန်းမတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် အလုပ်သမားများဆိုင်ရာ အစည်းဝေးထဲတွင် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသား များအဖွဲ့MAT ဒါရိုက်တာ ဦးကျော်သောင်း က ပြည်ပသို့အလုပ်သမားတင်ပို့သည့် MOU စနစ်အား G toG အစစ်အမှန်ဖြစ်ရေးအတွက် ကြားခံပွဲစားမလိုအပ်ပဲ ရပ်ကြေးအုပ်ချုပ်ရေး၊ အလုပ်သမားဝန်ကြီးဌာ၊ နှင့် ဘဏ် တစ်ခုခုတို့ ပူးပေါင်း၍  အစီအစဉ်သစ်ချမှတ်ဆောင်ရွက်သင့်ကြောင်းတင်ပြခဲ့ပါသည်။

           နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် က အလုပ်သမား အရေးဆောင်ရွက်သူများအခကြေးငွေယူဆောင်၍ မလုပ်ကိုင်သင့်ကြောင်း၊ ဥပဒေအရအရေးယူမည်ဖြစ် ကြောင်း ပြောဆိုခဲ့သလို အလုပ်သမားများ၏ ပြဿ     နာများအား အချက်အလက်အထောက်အထား  အခိုင် အမာဖြင့် သံရုံးသို့လာရောက်အကူညီတောင်းခံနိုင်ကြောင်း အတတ်နိုင်ဆုံးဖြေရှင်းပေးမည်ဖြစ်ကြောင်း ကတိပေးပြောဆိုခဲ့သည်။