18 July 2016

"အလုပ်သမားသံအရာရှိဆိုသူတို့၏ လုပ်ရပ်တို့ကို အလုပ်သမားများကပင် ဖေါ်ထုတ်သွားခဲ့ကြသည်"


 မပြုံးဝင်း နစ်နာကြေး ဘတ် ၆သိန်းခွဲကို လဲလှယ်ရာ ကျပ်ငွေ ၂၁၈သိန်းလေးသောင်း
ရရှိသွားသဖြင့် MAT အဖွဲ့အနေဖြင့် အထူးဝမ်းမြောက်ပါသည်။

           ဒုက္ခသည် အလုပ်သမားက နုတ်ဆက်ခဲ့ချင်သဖြင့်  ဦးကျော်သောင်း ကို ဖုန်း ဆက်ခေါ်ရာ  ၀တ္တရားနှောင့်ယှက်မှုဖြင့် ဖမ်းချုပ်လိုက်ရမလားဟု အလုပ်သမား
သံအရာရှိ ဦးမိုးအောင်ခိုင်က ပြောဆိုကြောင်း အလုပ်သမားပြောပြရာ လွန်စွာ အံ့သြ ရပါသည်။ ဘုရား ... ဘုရား... ဥပဒေ.. ဥပဒေ...  ဥပဒေ.............
 ........................................................................................................................
         ပြည်တော်ပြန် အလုပ်သမားများအား ကျေးဇူးတင်ထိုက်သည်မှာ အလုပ်သမား သံအရာရှိ ရုံးခန်း အောက်ထပ်တွင် ပွဲစားများအဖွဲ့ချုပ် MOEAF ဒါရိုက်တာ ကိုယ်စား လှယ်များ အတူတကွ အလုပ်လုပ်ကိုင်နေကြပုံကို မှတ်တမ်းဓါတ်ပုံရရှိခဲ့ခြင်းဖြစ်သည်။ 



          


         ၂၅.၆.၂၀၁၆ နေ့ ဘန်ကောက် မြန်မာသံရုံးတွင်း  အစည်းဝေး အလုပ်သမားအရေး   ဆောင်ရွက်သည်ဆိုသည့် အဖွဲ့အစည်းပေါင်း ၁၃.ခုတို့နှင့် တွေ့ဆုံကြစဉ် နိုင်ငံတော်အတိုင် ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်က အလုပ်သမားအရေးကူညီသူများ ၅၀ ရာနုန်းသာကူညီကြောင်း၊ အလုပ်သမားအရေးကူညီသူများက ဒုက္ခရောက်နေသည့် အလုပ်သမားများကို ကူညီရာတွင် အခကြေးငွေယူ၍ ကူညီကြသည်ဟု တိုင်ကြားကြကြောင်း၊ အကယ်၍ အခကြေးငွေယူ၍ ကူညီကြောင်ပေါ်လွင်ထင်ရှားပါက ဥပဒေအရ ပြင်းပြင်းထန်ထန်
အရေးယူမည်ဖြစ်ကြောင်းပြောဆိုခဲ့ပါသည်။ 

           အမေစု စေလွှတ်ထားသည့် အလုပ်သမားသံအရာရှိ၂ဦးနှင့် အလုပ်သမားများကို   ပြည်ပသို့တရားဝင်တင်ပို့ခွင့်ပြုထားသောပွဲစာများအဖွဲ့ချုပ် MOEAF တို့၏ နှစ်ပါးသွားကို ကြည့်ရှုခံစားနိုင်လိမ့်မည်ဟုယုံကြည်ပါသည်။  

                                                                       ရွှေလုပ်သား
............................................................................................