24 July 2016

“နာနတ်သီးစိုက်ပျိုးရေးခြံတွင်လူကုန်ကူးခံနေရသူ၎ဦးအား MAT အဖွဲ့ကယ်ထုတ်”



        
၂၀၁၆   ဇူလိုင်လ ၂၄ ရက်
အောင်ဘ 




      ဘန်ကောက်မြို့အနောက်ဘက် ကီလိုမီတာနှစ်ကျော်အကွာ၊ ကန်ချနဘူရီမြို့မှ ကီလိုမီတာ ၈၀ ခန့်အ ကွာ၊ ၀န်ဖေါ့၊ စီနုန်ခေါ် တောထဲတွင်ရှိသော နာနတ်သီးခြံတွင်   ရောင်းစားခံနေရသည့် မြန်မာ၎ဦးကို ယမန်နေ့က မြန်မာသံရုံးအလုပ်သမားကူညီ   စောင့်ရှောက်ရေးကော်မတီဝင် MAT အဖွဲ့နှင့် ဒေသခံအာဏာပိုင်များက ၀ိုင်းဝန်း ကယ်ထုတ်နိုင်ခဲ့ကြပါသည်။
 
         အသက် ငါးဆယ်ကျော်အရွယ်ရှိ ဒေါ်စမ်းနွဲ့ဆိုသူက  ၂၂.၇.၂၀၁၆ နေ့က ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ MAT သို့ ဖုန်းဆက်၍ အကူညီတောင်းခံခဲ့ပါသည်။ သို့ရာတွင် ဒေါ်စန်းနွဲ့ သည် ၎င်းတို့၏ ဓါတ်ပုံ များကိုမပို့ပေးတတ်ရုံသာမက မိမိရောက်ရှိနေသည့်နေရာကို တပ်အပ်သေချာမပြောပြ   နိုင်ပေ။ သို့ဖြစ်၍ MAT အဖွဲ့၏ လမ်းညွန်ချက်များအတိုင်း  နီးစပ်သည့် စိုက်ခင်း တစ် ခုမှ မြန်မာအလုပ်သမား တစ်ဦး၏ အကူညီကိုရယူ၍ ခက်ခဲပင်ပန်းစွာဖြင့် ရှာဖွေကယ် ထုတ်နိုင်ခဲ့ခြင်းဖြစ်ပါသည်။ တောနက်ထဲတွင် ရှာဖွေကြသူအားလုံးတို့ နံနက်စာထမင်း မစားခဲ့ကြရပေ။
 
          အမည်မဖေါ်လိုသည့်အလုပ်သမား၏ သတင်းပေးပို့ချက်များ၊ ဓါတ်ပုံများကိုရေး မှတ်၍ MAT အဖွဲ့က ဘန်ကောက်မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေး   ကော်မတီအတွင်းရေးမှူးထံသို့ အီးမေးပေးပို့ ဖုန်းဆက်၍ အကြောင်းကြားခဲ့သည်။ 

           သို့ဖြစ်၍ မြန်မာသံရုံးအလုပ်သမားကူ ညီစောင့်ရှောက်ရေးကော်မတီအတွင်း   ရေးမှူးက  နယ်မြေ Bureau of Immigration မှ အရာရှိကြီးများဖြစ်ကြသော Police Colonel Prasart Kemaprasit, Superintendent,Police Lieutenant Colonel Artorn  Wongjaikuea - Deputy Superintendent,Police Major Natthasitt Sirirangsankul – Inspector, Bureau of Immigration, Bureau of Immigration , Pol. Cap. Pittaya srimorgotmongkul, Vice brightness. Slough. Stewart. Kanchanaburi,Pol.Sen.Sgt.Maj.Sombhumi Plengphueng, Kanchanaburi  Immigrationတို့ကို MAT အဖွဲ့တွေ့ဆုံသည့် အခါတွင်လည်းကောင်း၊ ကယ်ထုတ်ပြီး   နာက်ပိုင်း ကျေးဇူးတင်ကြောင်းဆယ်သွယ် ပြောဆိုပေးပါသည်။
 
         လွတ်မြောက်လာကြသည့် ရန်ကုန်မြို့ကြည့်မြင်တိုင်မြို့နယ်မှ အသက်၅၅ နှစ် အရွယ် ဦးမြင့်ငွေ + အသက် ၅၄နှစ်အရွယ်ဒေါ်စမ်းနွဲ့ တို့ ဇနီးမောင်နှံသည် ၁နှစ်နှင့် ၂လခွဲကြာရောင်းစားခံနေခဲ့ရပါသည်။ ရေနံချောင်းမြို့မှ အသက် ၂၂ နှစ်အရွယ် ကိုစောပြည့်ထွန်း + နှင့် ပဲခူးတိုင်း ပြင်စည်မြို့မှ အသက်၂၁နှစ်အရွယ်မသင်းသင်းခိုင် တို့ရောင်းစားခံနေရသည်မှာ၂လသာကြာပါသေးသည်။၎င်းတို့အားတစ်ဦးလျှင်ဘတ်ငွ ၇,၀၀၀ နုန်းဖြင့် နာနတ်သီးစိုက်ပျိုးရေးခြံသို့လာရောက်ရောင်းစားခံခဲ့ရကြောင်း လွတ်မြောက်လာသူ များကထွက်ဆိုပါသည်။
     ဆက်သွယ်အကူညီတောင်းခံသူ ဒေါ်စမ်းနွဲ့က “ကျမတို့လင်မယား၂ယောက် ဒီမှာ     ရာင်းစားခံနေရတာ ၁နှစ်နဲ့ ၂လခွဲကြာခဲ့ပါပြီ။ တစ်နေ့ကို လုပ်အားခ ဘတ်၂၀၀ ဆိုပေမယ့်  ထမင်းစားဖို့ အသက်ဆက်ဖို့လောက်ပဲပေးထား တာပါ။ ပြန်ပါရစေ လို    ပြောတာ လုပ်အားခလည်းရှင်းမပေးဘူး။ နင်တို့ထွက်ပြေးကြလို့ပြောတယ်။ မလုပ်နို င်ဘူး ပြောတော့ ကျမကို သူဌေးက ရိုက်မလို့လုပ်တာ ကျမထွက်ပြေးလို့ မထိတာ။ ကျမ မြန်မာသံရုံးကိုဖုန်းဆက်ပါတယ်။ သံရုံးအဖွဲ့က ဦးကျော်သောင်း တို့ လာကူလို့ လွတ်လာတာပါ။ ရဲစခန်းမှာ လုပ်အားခအဖြစ် လင်မယား၂ ယောက်အတွက် ဘတ်ေ ငွ ၄၅,၀၀၀ ရှင်းပေးလိုက်ပါတယ်” ဟုပြောသည်။
 
MAT အဖွဲ့သည် ယမန်နေ့နက်နံက် ၆နာရီကတည်းက ဘန်ကောက်မြို့မှ စတင်ထွက် ခွာသွားခဲ့ကြသည်။ ဖုန်းလိုင်းမမိ၍ သတင်းပေးပို့သူကိုပင် ခက်ခက်ခဲခဲ ရှာဖွေခဲ့ရပါ သည်။ ကိုယ်ချင်းစာနာစိတ် အပြည့်ရှိသော သတင်းပးအလုပ်သမားသည်   ကားတစ်တန် ဆိုင်ကယ်တစ်တန်ဖြင့် တောလမ်းခရီးကို လိုက်လံပြသခဲ့ပါသည်။  MAT အဖွဲ့ သည် လူကုန်ကူးခံနေရသူများ၏ နေရာကိုအတိအကျသိရှိပြီးသောအခါမှ ဆယ်သွယ် ထားသည့် ကန်ချန ဘူရီခရိုင် စိုင်ယုတ် ၀န်ဖေါ့ အာဏာပိုင်များထံသို့ လာခဲ့ကြခြင်းဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် သတင်းပးသူ အန္တရာယ် ကင်းေ စလို၍ဖစ်ပါသည်။
 
          MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က“လူကုန်ကူးမှုဖြစ်စဉ်တွေကတော့မရိုး   နိုင်ဘူး။ ခုကယ်ထုတ်လာ တဲ့အလုပ်သမားတွေဟာ ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် လုံးဝပြတ်တဲ့နေရာမှာရောက်နေတယ်။ ဖုန်းကိုတောင် အမြင့်ကြီးပေါ်တက်ပြီးပြောရ တယ်။ သွားဖို့လာဖို့ ခက်ခဲဝေးလံတယ်။ ကယ်ထုတ်မယ့်သူမရှိရင် ပြန်မလွတ်နိုင် ဘူးလို့ပြောနိုင်တယ်။ အင်ဒိုငါးဖမ်းလှေကို ရောင်းစားခံရသူတွေလိုပဲ။ ထိုင်းလုပ်ငန်း ရှင် အတော်များများတို့ကလည်း  လူသားကျွန်ပြုလုပ်ငန်းနဲ့ အကျိုးအမြတ်ရှာချင်ကြ သူတွေအမြောက်အမြားရှိနေတယ်။ မြန်မာနိုင်ငံမှာလည်းအလုပ်အကိုင်အခွင့်လမ်း ကမရှိသေး။ လူကုန်ကူးဂိုဏ်းတွေကလည် ပိုပြီးစနစ်ကျလာတယ်။ နယ်စပ်ချင်းထိစပ် မှုကလည်းများတော့ မြန်မာအစိုးရအနေနဲ့ကလည်းပိုင်ပိုင်နိုင်နိုင်မတားဆီးနိုင်။ ရင်းေ လး စရာတွေချည်းပါပဲ” ဟုပြောသည်။


         နာနတ်စိုက်ပျိုးရေးခြံထဲတွင် တရားမ၀င်သစ်ခွဲစက်များ၊ တရားမ၀င်သစ်ခွဲသား များတွေ့ရှိခြင်း၊ တရားမ၀င်အလုပ်သမားများကို ခိုင်းစေခြင်းတို့ဖြင့် လုပ်ငန်းရှင်မှာ အမှု ရင်ဆိုင်ရမည်ဖြစ်ပါသည်။ ကယ်ထုတ်နိုင်ခဲ့သည့် လူကုန်ကူးခံမြန်မာ၎ဦးတို့မှာလည်း စိုင်ယုတ် ရဲစခန်းအချုပ်ခန်းထဲတွင် ကျန်ရစ်ခဲ့ကြရပါသည်။ 

       မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဝင် MAT အဖွဲ့ သည် ထိုင်းအစိုးလူကုန်ကူးမှု အထူးစုံစမ်းရေးဌာန DSI,ထိုင်းဘုရင့်ကွန်မင်ဒိုတပ်ဖွဲ့၊ ထိုင်း အစိုး ရလူကုန်ကူးမှုတိုက်ဖျက်ရေးအထူးရဲတပ်ဖွဲ့ AHTD,လ၀က တို့နှင့်အတူ ၂၀၁၆ ခုနှစ် အတွင်းယခုအကြိမ်အထိ လူကုန်ကူးမှုတိုက်ဖျက်ခြင်း ၂၁ကြိမ်အာင်မြင်မှု တွင်  လူကုန်ကူးခံရသူပေါင်း ၃၀ဦးကို ကယ်တင်နိုင်ခဲ့ပြီဖြစ်သည်။ 

          ထိုင်းနိုင်ငံ၊ငါးဖမ်းလှေ၊ပင်လယ်အစားအစာထုတ်လုပ်သည့်အလုပ်ရုံ၊ စိုက်ပျိုး   ရေး ၊မွေးမြူရေး၊ အိမ်ဖေါ်နှင့် ပြည့်တန်ဆာ အလုပ်ရုံများစွာတို့တွင် မြန်မာနိုင်ငံသား များစွာ လူကုန်ကူးခံနေရဆဲဖြစ်ပါသည်။