15 July 2016

“အလုပ်သမားတစ်ဦးတည်းပေမယ့်အခွင့်အရေးချိုးဖေါက်ခံမှုကအများသား”



                   
 ၂၀၁၆ ခု ဇူလိုင်လ ၁၅
မြတ်ညို (အလွတ်သတင်းထောက်)

      တိုးတက်ချမ်းသာအေဂျင်စီဖြင့် ထိုင်းနိုင်ငံသို့ အလုပ်လာလုပ်ခဲ့သည့်အလုပ်သမားတစ်ဦး အလုပ်သမားအခွင့်အရေးချိုးဖေါက်ခံမှုများစွာကို ခံနေရသဖြင့် ယနေ့တွင် အလုပ်သမားသံအရာရှိ ထံသို့ ကိုယ်တိုင်လာရောက်၍ အကူညီတောင်းခံ ခဲ့သည်။
 
       အသက် ၂၀ အရွယ် မျိုးသွင်ဦးသည်   နေပြည်တော် တပ်ကုန်းမှ အဖ ဦးသိန်း+ အမိ   ဒေါ်ဝင်းသန္တာတို့၏  သားဖြစ်ပါသည်။ သူသည် တိုးတက်ချမ်းသာ အေဂျင်စီသို့ ကျပ်ငွေ ၅သိန်း တစ်စုတည်းပေးခဲ့ရပြီးစရိတ်စက များစုစုပေါင်း ကျပ်ငွေ ၅၇၀,၀၀၀ ကုန်ကျခံ၍ ထိုင်းသို့ အခြားအလုပ်သမား ၁၀၀ ဦးနှင့်အတူ ၂၅.၁၀.၂၀၁ နေ့က ရန်ကုန်တွင်စာချုပ်ချုပ်ပြီး လာခဲ့သည်ဟုဆိုသည်။ 

         စာချုပ်ချုပ်ဆို စဉ်က ဆောက်လုပ်ရေးဖြင့်ချုပ်သည်။ ထိုင်းရောက်သည့်အခါ သံထည်များ ထမ်းရသည့်အလုပ်ကိုလုပ်ရသည်။ ၇လကျော်ခန့်ဆက်တိုက်အလုပ်လုပ် ခဲ့သည်။ ရက်ပေါင်းကြေး၅ ရက်နှင့်လုပ်အားခ ၅ ရက်နှင့် နေ့တစ်ဝက်= ၁၀ ရက်နှင့်   နေ့တစ်ဝက်အတွက်လုပ်အားခ၁,၁၀၀ဘတ်ပေးလိုက်ပါသည်။၇လလုံးလုံးတစ်နေ့ကို  တစ်နာရီစီအပိုလုပ်ခဲ့ရသည်လုပ်အားခများကိုလည်း မရရှိခဲ့ကြောင်းပြောသည်။
 
       စက်ရုံထဲတွင် အလုပ်မလုပ်ခိုင်းတော့ပဲ၊ တစ်လကျော်နေခဲ့ရသည်။  ပုလိပ်ဖမ်း ခိုင်းမည်ဟုဆိုသဖြင့် ၂၃.၆.၂၀၁၆ နေ့က ပွဲစား ကျော်နိုင် ဆိုသူလာရောက်ခေါ်ေ ဆာင်ခဲ့ပြီး ဘန်ကောက်မြန်မာသံရုံးအနီး ပွဲစားများ အဖွဲ့ချုပ် MOEAF ရုံးတွင်ထားခဲ့ သည်ဟုဆိုသည်။ စားစရိတ်အဖြစ် ဘတ်ငွေ ၅၀၀ စီ သုံးကြိမ်ပေးပြီဟုသိရသည်။
မျိုးသွင်ဦးက“ကျနော့်ပတ်စပို့ကို ရှာမရလို့ပြောတယ်။ ကျနော့်ကို အလုပ်သမားသံအ ရာရှိ ဦးမိုးအောင်ခိုင် က ထောက်ခံစာနဲ့ အောက်လမ်းကပြန်ပို့မယ်။ အချိန်ပိုမရခဲ့တာ ကို ရန်ကုန်ရောက်တဲ့အခါ ဦးတိုးတက် ကရှင်းပေးလိုက်မယ်လို့ပြောတယ်။ ကျနော် ဘာနဲ့ပြန်မလဲ။ ကျနော့်ကို ကူညီပါအုံး”  ဟုဆိုသည်။ 

      မျိုးသွင်ဦး ထံမှ ပတ်စပို့ဖိုးဟုဆိုကာ ဘတ်ငွေ တစ်သောင်း ဖြတ်တောက်ထားပြီး   ဖြစ်သော်လည်း ယခုအခါပွဲစားက ပတ်စပို့ပျောက်သွားပြီဟုဆိုကာ အလုပ်သမားကို   မပေးအပ်ချေ။

             ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော်သောင်း က“ အလုပ်သမားကတစ်ယောက်တည်းဖြစ်ပေမယ့်၊ (၁) အလုပ်သ မား ပတ်စပို့ကို ဒီအလုပ်သမား ထိုင်းမှာနေစဉ် ကာလတလျှောက်လုံးကိုင်   ဆောင်ခွင့်မရရှိခဲ့ရုံသာမက ပြန်မယ့်အခါထိ မြင့်ခွင့်တောင်မရခဲ့ပဲ။ တရားမ၀င် လမ်းကြောင်း   ပြန်ပို့မယ်။ (၂) အချိန်ပို တစ်နေ့ ၁နာရီx၇လ=နာရီပေါင်း၂၁၀x ၅၆ ဘတ် = ၁၁,၇၆၀ ဘတ်+လုပ်အားခကျန်ငွေ၂,၂၀၀ = ၁၃,၉၆၀ ဘတ် x ငွေလဲနုန်း ၃၁ကျပ် =  ၄၃,၂၇၆၀ ကျပ်ဖြစ်တယ်။ (၃) အလုပ်ရုံ မှာတစ်လကျော်နဲ့ ပွဲစားအဖွဲ့ချုပ် ရုံး MOEAF  မှာ ဘာမှန်းမသိပဲ ၂၁ ရက်နေခဲ့ရတယ်။ အလုပ်မလုပ်ရပဲ၂လကျော် နစ်နာတယ်။ (၄) မြန်မာပြည်မှာ ကျပ်ငွေ ၅သိန်း တစ်ပုံတည်းပေးခဲ့ရတယ်။ ထိုင်းမှာ အခွင့် အရေးချိုးဖေါက်ခံရ တဲ့အလုပ်သမားကို ထိုင်းကအလုပ်သမားသံအရာရှိတို့က ရှင်းပေး ဖို့ကောင်းတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ပွဲစားတွေမှာ ကာကွယ်ဖို့ ပွဲစား အဖွဲ့ချုပ်MOEAFရှိတယ်။ သူတို့ငါးသိန်းမယူပါဘူး။ ပေါင်းချာရှိသလားဆိုပြီး ငြင်းတော့
မယ်။ အခြားဟာတွေလည်း ဒီအတိုင်းပျောက်သွားမယ်။ အလုပ်သမားတွေဘက်က ကာကွယ်ပေးမယ့်သူဗမာပြည်မှာမရှိသေးဘူး” ဟုပြောသည်။
  MOEAF ပွဲစားများအဖွဲ့ချုပ်သည် ပွဲစားများကို ကာကွယ်ရန်ဖွဲ့စည်းထားသည့်အဖွဲ့ဖြစ်ပါသည်။ နိုင်ငံတော်အစိုးရက ဘန်ကောက်သို့စေလွှတ်ထားသည့်  အလုပ်သမားသံအရာရှိတို့သည်၊ အလုပ်သမား နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ မတရားမှုတို့ကို တွေ့ရှိပါက မှန်မှန်ကန်ကန် ရပ်တည်ဖြေရှင်းပေးသင့်ကြောင်း MAT အဖွဲ့က ထောက်ပြသည်။ 

        G to G ဟူ၍ အမည်ခံထားသည့် MOU စနစ်တွင် အလုပ်သမားများထံမှ ပွဲစား က အမြတ်အစွန်းကို အကန့်အသတ်မရှိ ယူနိုင်အောင်ခွင့်ပြုထားပါသည်။ MOU အလုပ်သမားများ နေ့စဉ်ပြဿနာတက်နေသော်လည်း မြန်မာအစိုးရ အလုပ်သမား ၀န်ကြီးဌာနသည် ကောင်းစွာမထိန်းကျောင်းနိုင်တော့ပါ။ MAT နှင့် AAC ကဲ့သို့သော သာမန်အလုပ်သမားအဖွဲ့အစည်းများမှာလည်း MOU ပြဿနာများကို သတင်းအချက် အလက်များစုဆောင်းရယူ၍ နိုင်ငံတော်လူကြီးများထံသို့ပေးပို့တင်ပြခြင်းနှင့် သတင်း မီဒီယာများမှတစ်ဆင့် လူအများသိရှိအောင်သာ ဆောင်ကျဉ်းနိုင်ပါသည်။

         ထိုင်းနိုင်ငံ နေ့စဉ် MOU ပြဿနာတက်နေသော်လည်း မြန်မာအလုပ်သမား ၀န်ကြီးဌာနအနေဖြင့် ပြည်ပသို့ အလုပ်သမားတင်ပို့သည်မူဝါဒကို သုံးသပ်သင့်သည်။ ထို့အပြင် မမှန်မကန်သည့် အေဂျင်စီများကို ကာကွယ်ပေးနေကြသည့် အလုပ်သမား ၀န်ကြီးဌာနမှ အရာရှိကြီးများကိုလည်း စိစစ်ဖေါ်ထုတ်သင့်သည်။ 

         လက်ရှိမူအတိုင်းသာ အလုပ်သမားများဆက်လက်ပို့ဆောင်နေပါက ပြဿနာ များမှာ နေ့စဉ်တက်နေအုံး မည်ဖြစ်ကြောင်း၊ ဆင်းရဲသားမြန်မာအလုပ်သမားများမှာ လည်း ဆက်လက်ဆုံးရှုံးနစ်နာနေဦးမည်ဖြစ်ကြောင်း အလုပ်သမားများအကျိုးကိုမျှော် ကိုး၍ ဦးကျော်သောင်း ကသုံးသပ်ပြောဆိုသည်။