10 July 2016

“ပါသနီငါးဖမ်းလှေဆိပ်မှလူကုန်ကူးခံရသည့်မြန်မာ၁၉ဦးကို MAT အဖွဲ့ကယ်တင်”



            
၂၀၁၆ - ခု - ဇူလိုင်လ - ၁၀ - ရက်

စိုင်းအောင်

         ထိုင်းနိုင်ငံအစွန်အဖျားမလေးရှားနယ်စပ်ပါသနီငါးဖမ်းလှေဆိပ်တွင်လူကုန်ကူး ခံနေရသည့် မြန်မာ အလုပ်သမား ၁၉ ဦးအား မြန်မာသံရုံးအလုပ်သမားကော်မတီဝင် MAT အဖွဲ့နှင့် ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေးအထူးရဲတပ်ဖွဲ့AHTDတို့ ပူးပေါင်း ၍ ယနေ့ ကယ်တင်နိုင်လိုက်သည်။

       ဘန်ကောက်မြို့မှ ကီလိုမီတာ ၁၀၀၀ ၀န်းကျင်တွင်ရှိသော ပါသနီမြို့ ထနောင် စပ်  ငါးဖမ်းလှေဆိပ်သို့  လူကုန်ကူးသည့်ဂိုဏ်း၂ဂိုဏ်းမှ ပို့ဆောင်ထားသည့် မြန်မာ ၁၉ဦးနှင့်အတူ ငါးဖမ်းလှေတွင် အလုပ်မလုပ်ချင်သူ များကို ဘတ်ငွေ နှစ်သောင်းခွဲ   ဖြင့် ရွေးခိုင်းသည့်  အသက်  ၃၀နှစ် အရွယ်မရီရီချို ဆိုသည့် ပွဲစားမကိုပါဖမ်းဆီး   နိုင်ခဲ့သည်။

        လွတ်မြောက်လာသူများထဲတွင် မွန်ပြည်နယ် သံဖြူဇရပ်မြို့က အသက် ၁၃   နှစ်အရွယ်ရှိ ကိုရှိုင်း ဆို သည့် ကလေးတစ်ဦးပါရှိပြီး အသက်အကြီးဆုံးမှာ အသက် ၃၄နှစ်အရွယ် လူငယ်များဖြစ်ကြသည်။

      မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်မှ ဗမာလူငယ် ၆ ဦးနှင့်အခြားဒေသမှ၃ဦး ထားဝယ်လူမျိုး၂ဦး ရခိုင်ပြည်နယ်မှ ၈ဦး ဖြစ်ကြပါသည်။  

       ပွဲစား ကိုစန်းဦး ဆိုသူက သံဖြူဇရပ်မြို့နယ်၊ကျုံကဒတ်ကျေးရွာသို့ ကိုယ်တိုင် လာ ရောက်ခေါ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းမွန်ပြည်နယ် ကျိုက္ခမီနယ်မြေ ရဲစခန်းမှူးနှင့် ထားဝယ်လူကုန်ကူးမှုတား ဆီးနှိမ်နင်းရေး တပ်ဖွဲ့စိပ်မှ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ဒါရိုက်တာ ဦးကျော် သောင်း ထံသို့ ဆက်သွယ်၍ အကူညီတောင်းခံလာခဲ့ကြပါသည်။ 

        သတင်းအချက်အလက်များကို ကျက္ခမီနယ်မြေ  ရဲစခန်းမှူး၊ ထားဝယ်လူကုန် တားတို့ဖြင့် ဇူလိုင်လ ၈ ရက်နှင့် ၉ ရက်နေ့တို့တွင်  အချက်အလက်များ စုဆောင်းခဲ့ ကြသည်။

          MAT အဖွဲ့ဒါရိုက်တာ ဦးကျော်သောင်း က “အလုပ်သမား ဆယ်ဦးမှာ ပန်းေ ရာင်ဘတ်ကဒ် လုပ်ထား ကြပြီးပါပြီ။ ထိုင်းနိုင်ငံ ငါးဖမ်းလှေဆိပ်တိုင်း မှာမြန်မာတွေ လူကုန်ကူးခံနေရတာပါ။ ဒီလူတွေကို ဘယ်လို ကယ် တင်မလဲဆိုတဲ့ အစီအမံ တစ်ခု ကို NLD အစိုးရအနေနဲ့ ပရောဂျက် တစ်ခုသီးသန့်လုပ်သင့်ပါတယ်။ ပြည်တွင်း ကမြန် မာတွေက နေ့တိုင်လူကုန်ကူးခံပြီးထွက်လာနေကြတာ၊ ဘတ်လုပ်ပေးတာနဲ့ တရား ၀င် MOU အလုပ်သမားတင်ပို့တာနဲ့ လူကုန်ကူးတာနဲ့ တခြားစီပါ။ အဓိက ကမြန်မာ   နိုင်ငံထဲမှာ လယ်ယာစိုက်ပျိုးရေးနဲ့ မွေး မြူရေးလုပ်ငန်းကို ပထမဦးဆုံး အကောင် အထည်ဖေါ်ကြရပါမယ်။ စက်ရုံအလုပ်ရုံတွေဖြစ်ဖို့က အခြားသော အခြေခံ အလက် အလက်တွေအမြောက်အများလုပ်ကြရအုံးမှာပါ” ဟုပြောသည်။
 
          မြန်မာသံရုံးအလုပ်သမားကူညီစောင့်ရှောက်ရေးကော်မတီဝင် MAT အဖွဲ့ သည် ထိုင်းအစိုးလူကုန်ကူးမှု အထူးစုံစမ်းရေးဌာန DSI,ထိုင်းဘုရင့်ကွန်မင်ဒိုတပ်ဖွဲ့၊ ထိုင်းအစိုးရလူကုန်ကူးမှုတိုက်ဖျက်ရေး အထူးရဲတပ်ဖွဲ့ AHTD တို့နှင့်အတူ ၂၀၁၆ ခုနှစ် အတွင်းယခုအကြိမ်အထိ လူကုန်ကူးမှုတိုက်ဖျက်ခြင်း အကြိမ် ၂၀ အောင်မြင်မှု တွင်  လူကုန်ကူးခံရသူပေါင်း ၃၀၂ ဦးကို ကယ်တင်နိုင်ခဲ့ပြီဖြစ်သည်။ 

      
   MAT အဖွဲ့၏ ရုံးတာဝန်ခံ၊နိုင်ငံခြားဆက်ဆံရေး ကိုစိုင်းအေး က “ကျနော်တို့က အချက်အလက် အခိုင် အမာနဲ့ အချိန်ကုန်ခံငွေကုန်ခံပြီး တင်ပြပေမယ့် ထိုင်းအစိုးရ ဘက်က အရေးမယူပေးတာတွေရှိပါတယ်။ နောက် ထပ် အချက်အလက်စုဆောင်းေ န တာတွေ၊ စဉ်ဆက်မပြတ်စောင့်ကြည့် စုံစမ်း နေရတာတွေအများကြီး ရှိပါသေး တယ်။MATအဖွဲ့ကသာမန်အဖွဲ့အစည်းကလေးသာဖြစ်တယ်။ ငွေရေးကြေးရေးအခက်
အခဲရှိလို့ ဒီနှစ်မှာ အလုပ် ကိုချုံ့ပြီးလုပ်ပါတယ်ဆိုမှ ၂၀၁၅ ခု တစ်နှစ်လုံးကယ်တင်   နိုင်တဲ့ စါရင်းထက်များနေတာကိုကြည့်ရင် မြန်မာတွေ ဘယ်လောက်အထိ လူကုန် ကူးခံနေရတယ်ဆိုတာ သဘောပေါက်ကြမှာပါ” ဟု မချိတင်ကဲ ပြောသည်။

        ထိုင်းနိုင်ငံ၏လူကုန်ကူးမှုတိုက်ဖျက်ရေးလုပ်ထုံးလုပ်နည်းအရ လူကုန်ကူးခံရ သူများပြန်လည်လွတ်မြောက် လာခဲ့ပြီး အမှုရင်ဆိုင်ကြသည့်အခါ လူကုန်ကူးခံခဲ့ရသူ များသည် ကယ်ဆယ်ရေးစခန်းထဲတွင် (အကျယ်ချုပ်) သဘော အနည်းဆုံး ၆လမှ တစ်နှစ်အထိ အခကြေးငွေ တစ်ပြားတစ်ချပ်မှမရပဲ အချိန်ကုန်တတ်ကြသည်။ 

   ထိုသို့တရားရင်ဆိုင်နေရချိန်တွင် လူကုန်ကူးခံရသူများကိုကျွန်ပြု၍ ခိုင်းစေခဲ့သည့် ထိုင်းလုပ်ငန်းရှင်များ၊ ငါးဖမ်းလှေပိုင်ရှင်များနှင့် လှေသူကြီးများမှာ အပြင်တွင် လွတ် လပ်စွာ နေထိုင်အလုပ်လုပ်ကိုင်ခွင့် ရှိနေကြ ရသည်။ နှစ်ပေါင်းများစွာ လူကုန်ကူးခံခဲ့ ရသည့် မြန်မာအလုပ်သမားများ ကယ်ဆယ်ရေးစခန်း(အကျယ်ချုပ်) မှ ပြန်လည် ပို့ဆောင်ခံရသည့်အခါ လုပ်အားခရရှိသွားသည်ဟူ၍ မကြားဖူးချေ။ 

         MAT အဖွဲ့သည် NLD အစိုးရသစ် တက်လာပြီးနောက်ပိုင်း မေလ ၁၇ ရက်နေ့ က ဘန်ကောက်မြို့တောင် ဘက် ကီလိုမီတာ ၈၀၀ ကျော်အကွာတွင်ရှိသော ခနုန် ငါးဖမ်းလှေဆိပ်တွင် ၁နှစ်ကျော်မှ၃နှစ်ကျော်အထိလုပ် အားခ တစ်စုံတစ်ရာမရရှိပဲ   ကျေးကျွန်သဖွယ် အလုပ်လုပ်နေခဲ့ကြရသည့် မြန်မာအလုပ်သမား ၁၃ ဦးကိုကယ် တင်နိုင်ခဲ့သည်။ http://www.goldenworkers.asia/2016/05/nld.html
 
        အဆိုပါဒီလှေပိုင်ရှင် သူဌေး၏ ငါးဖမ်းလှေ ၁၀စီးပေါ်တွင် ၁၈နှစ်အောက် ကလေးအလုပ်သမားအပါအ၀င် မြန်မာပေါင်း ၈၀ ဦးခန့် တို့သည် ၁နှစ်ကျော်မှ ၈နှစ်ခန့်အထိ လူကုန်ကူးခံနေရကြောင်း ပြန်လည်လွတ်မြောက် လာသူများထံ မှပေးထားခဲ့သည့်အချက်အလက်များ၊ ဓါတ်ပုံများဖြင့် MAT အဖွဲ့က နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ထံသို့လိပ်မူ၍  ၂၀၁၆ ခု မေလ ၁၉ ရက်နေ့ကပေးပို့ခဲ့ပါသည်။ 

    အဆိုပါစာအား မိတ္တူကို နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံခြားရေးဝန်ကြီး၊ လူကုန်ကူး မှုတားဆီးနှိမ်နင်းရေးတပ်ဖွဲ့၊အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဝန်ကြီး၊ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးနှင့်မြန်မာသံရုံးအလုပ်သမားကူညီစောင့်ေ ရှာက်ရေးကော်မတီအတွင်းရေးမှူး တို့ထံသို့ပေးပို့ခဲ့ပါသည်။

        သို့ရာတွင် အဆိုပါ လူကုန်ကူးခံနေရသည့် မြန်မာ ၈၀ဦး အားကယ်တင်နိုင်ေ ရးအတွက် ဆက်သွယ်ဆောင်ရွက်မှု တစ်စုံတစ်ရာမရှိသေးပေ။