သတင်းအပြည့်အစုံကို နက်ဖြန် လျှော်ကြေးငွေ ကာယကံရှင် လက်ထဲရောက်မှ ရေးပါ
တော့မယ်။ ခု ၀မ်းသာလွန်းလို့ ရေးတာပါ။ မိတ်ဆွေ ပုံတွေကို ကြည့်ရှုပါ......

ဧရာဝတီတိုင်း၊ မြောင်းမြမြို့ က ဦးရွှေ+ဒေါ်မြင့်ရီတို့ရဲ့ သမီး အသက် ၃၅နှစ် အရွယ် မပြုံးဝင်း ဆိုတဲ့ ကလေး ၂ယောက်မိခင် ဟာ မေ၀င့် ကုမ္ပဏီနဲ့ ထိုင်းနိုင်ငံ အရှေ့ဘက်အစွန်နီးမှာရှိတဲ့ (ကမ္ဘောဒီယားနယ်စပ်) ခေါင်ကဲန်ငါးဖမ်း ပိုက်ကွန် စက်ရုံမှာ အလုပ်လုပ်ကိုင်ရင်း ကိုယ်လက်အင်္ဂါတွေ ပျက်စီးဆုံးရှုံးပြီး ဒုက္ခိတ ဘ၀ ကိုရောက်သွားတယ်။
MAT အဖွဲ့က မပြုံးဝင်း ဒဏ်ရာ ရကတည်းက သတင်းအချက်အလက်တွေ စုဆောင်းထားတယ်။ လိုအပ်တဲ့အကြံတွေကို အလုပ်သမားတွေကို ပေးတယ်။
ဒီလိုနဲ့ သူတို့ ရောဂါပျောက်တဲ့အခါ နစ်နာကြေးရဖို့ အလုပ်ရုံ၊ သက်ဆိုင်ရာ အေဂျင်စီ နဲ့ အလုပ်သမားသံအရာရှိတို့နဲ့ မပြုံးဝင်းတို့ ညှိနှိုင်းကြပါတယ်။
အလုပ်ရုံက ၆.၇.၂၀၁၆ နေ့က ဘတ်ငွေ၂၃၀,၀၀၀ ပဲပေးပါတယ်။ အလုပ်သမား
သံအရာရှိ ဦးမိုးအောင်ခိုင်က ငါးသိန်းရအောင် လုပ်ပေးမယ်၊ ထိုင်းဥပဒေအတိုင်း ဖြစ် စေရမယ်၊ ဆ၀ါဒီကန်ကိုသွားလို့အားပေးစကားပြောဆိုခဲ့ပါတယ်။ ဦးကျော်သောင်း က ဘတ် ၇သိန်း တိတိ တောင်းခံထားခဲ့ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ..............
(၁) မပြုံးဝင်မှာ ညာလက် ပြတ်သွားပြီ၊ ဘယ်လက်က လှုပ်မရပဲ သေသွားပြီး၊ ညာပေါင်မှာလည်းစတီးရိုးထည့်ထားရပြီ၊ ကုလားထိုင်ပေါ်မှာပဲ တစ်သက်လုံး အမြဲ ထိုင်နေရတော့မယ့် ဒုက္ခိတဖြစ်သွားခဲ့ပါပြီ။.....ဒါ့အပြင် အမြင်အာရုံလည်းအားနည်း သွားခဲ့ပြီး ဘယ်မျက်လုံးလည်း ချိုင့်ဝင်သွားခဲ့ပါတယ်။ ရုပ်လည်းပျက်သွားပြီ။
(၂) မပြုံးဝင်းမှာ ခင်ပွန်းဖြစ်သူ ကိုရဲလင်းနောင်၊ အသက် ၁၄ နှစ်အရွယ် ၈တန်းသမီး
မသဇင်နွယ် နဲ့ အသက် ၁၀ နှစ်အရွယ် ၄တန်းကျောင်းသား မောင်သူရအောင် တို့ ကို
မြေတောင်မြှောက်ပေးရပါဦးမယ်။
မနေ့ညနေက မေ၀င်အေဂျင်စီနဲ့ အတူတူအလုပ်သမားတင်သွင်းတဲ့ MCC ကိုယ်စားလှယ်က ဘတ်ငွေ ၆သိန်းပေးမယ်လို ပြောဆိုခဲ့ပါတယ်။
ဒီနေ့ မပြုံးဝင်း၊ အလုပ်ရုံ နဲ့ ပွဲစားအေဂျင်စီနဲ့ ညှိနှိုင်းကြတယ်။ စုစုပေါင်းဘတ်ငွေ ၆သိန်းခွဲ တိတိပေးချေမယ်လို့သဘောတူကြပါတယ်။ ဒီဒုက္ခိတတွေအိမ်အပြန် စိတ်ကူး ယဉ်ကောင်းကြအုံးမှာပေါ့။
ဒီလိုရအောင်ကူညီပေးသူ ဦးကျော်သောင်း ဟာ ............ဘာကောင်မှမဟုတ်။ ထိုင်းအစိုးရဖမ်းဖို့ စောင့်ကြည့်နေတယ်လို့ခြိမ်းခြောက်ခံနေရသော၊ ပေါက်တတ်ကရ လုပ်နေတာလို့ မလိုသူတွေကွယ်ရာမှာ အပြောခံရသောသူပါ။
ဦးကျော်သောင်း က စေတနာကလေးထည့်ပြီး စိတ်ဆင်းရဲခံ၊ ဖုန်းခအကုန်ခံ အချိန်ကုန်ခံပေးလိုက်တယ်။ ခုတော့ ဒုက္ခိတတို့ အိမ်အပြန်လှတော့မယ်။
သူတို့ဘ၀ နောင်ရေးအတွက် အေးရတော့မယ်။ အော် မေတ္တာ...... စေတနာ၊ တကယ်အောင်မြင်စွမ်းပါလား။ ။
ကိုယ်လုပ်တဲ့အလုပ်ကို စေတနာလေးထားလိုက်ပါ။ လူတွေအပေါ်မှာမေတ္တာထား လိုက်ပါ။ ခေတ်ပြောင်းသွားခဲ့ပါပြီ။ အတွေးအခေါ်လေးတွေ လိုက်ပြောင်းကြည့်ကြပါ လားလို့ ပြောချင်တယ်။ လောကသာယာဖို့အတွက်ပါနှော်။
ကိုအောင်ဆန်းဦး
MAT ရုံးချုပ်အဖွဲ့မှူး
ဘန်ကောက်
၁၅.၇.၂၀၁၆