16 December 2014

“၀ှက်ဖဲ”


ပြိုင်ဘက် အိမ်ကတော့
အပြင်ဘိတစ်ဖူးစုံ ကိန်းစုံနဲ့ ချိုးလိုက်ပြီ။

သူ့ရဲ့ အပြင်ပန်း ဖဲနှစ်စုံက ကြောချမ်းစရာ။
အောလိုက်တဲ့ငွေကလည်း ပိုင်ဆိုင်သမျှ စည်းစိမ်အားလုံး။
ဟန်ပန်က မထီတရီ…………မေးကိုပါပွတ်ထားသေးတယ်။

ဟူး………………………..
သူ့ မှောက်ဖဲက ရှစ်ဆိုတာ လုံးဝသိထားတယ်။
ကိုယ့်ဖဲက အပြင်မှာ တစ်ဖူးစုံနဲ့ ကုလားမစုံ။
မှောက်ဖဲက တစ်ဖူး။



အင်း……………..
လှန်နိုင်တဲ့အားရှိနေတယ်။ ခံနိုင်တဲ့အားနည်းနေတယ်။
ကိုယ်နိုင်လို့ ထပြန်နိုင်တဲ့ အခင်းအကျင်းကနည်းနေတယ်။
သူ့အနားမှာ လက်ရဲဇက်ရဲ လူမိုက်တွေတစ်အုပ်ကြီးနဲ့ပါလား။
မှောက်ဖဲအသာနဲ့ နိုင်မှာတော့ ကိန်းသေပဲ။
ကစားသူရဲ့အား၊ ဖဲကစားသူသာနိုင်တာမို့
နိုင်မှာတော့သေချာတယ်။
ဖဲဝိုင်းက ထပြန်ဖို့ ဘယ်သူလာကူမလဲ…………………..
ဖဲနိုင်ပေမယ့် နိုင်တဲ့ငွေ အိမ်ကိုသယ်ခွင့်ရပါ့လား။
အောကြစတမ်းဆိုရင်……………….
.ကော့တောင်(လိပ်ကျွန်း)လူသတ်မှုတရားခွင် အတွင်း ခံစားရေးဖွဲ့သည်။
ကျော်သောင်း