10 December 2014

ဝင်းဇော်ထွန်းနှင့်ဇော်လင်းတို့ နှစ်ဦး စွဲဆိုခံထားရသည့်ပုဒ်မများ


ထိုင်းနိုင်ငံတောင်ပိုင်း၊စူရပ်ဌာနီခရိုင် ၊ကော့တောင်ကျွန်း ၊အ၈င်္လိပ်(၂)ဦးဖြစ်သော David နှင့် Hannah
 အသတ်ခံရမှု့တွင် မြန်မာရွေ့ပြာင်းအလုပ်သမား(၂)ဦး ကို တရားခံအဖြစ် စွဲဆိုခံထား ရပြီး၊ (၈/၁၂/၂၀၁၄) နေ့ကော့စမွေတရားရုံးတော်တွင် အောက်ပါပုဒ်မများဖြင့် တရားရုံးသို
တင်လာပါ သည်။

အမှု့အမည်-- အစိုးရရှေ့နေ
Vs (၁) မောင်ဇော်လင်း
(၂) ဝေဖြိုး (ခ) ၀င်းဇော်ထွန်း

ပုဒ်မများ- 

 (၁) လူသတ်မှု့Mueder ရာဇသတ်ကြီးပုဒ်မ- 302
(၂) မုဒိမ်းမှု့ Rape ။ ။ - 376
(၃) လုယက်/ခိုးယူမှု့ Of Theft ။ ။ - 382
(၄) ထောင်ဒဏ်ထိုင်သင့်သောပြစ်မှု့ကို ကျူးလွန်ပြီး ထိန်ချန်မှု့ ။ ။ - 120
(၅) ရာဇ၀တ်မကင်းသောပူးပေါင်းကြံစည်မှု့ ။ ။ - 120(A)
(၆) ထိုင်းနိုင်ငံအတွင်း တရားမ၀င်ဝင်ရောက်လာမှု့ လ၀က- 13(1)
(ရ) တရားမ၀င် ၀င်ရောက်လာပြီး ဆက်လက်နေထိုင်မှု့ ။ ။


ပုဒ်မ အမှတ်စဉ်(၃) မှာ တယ်လီဖုန်း (၁၅၀၀၀)ဘတ် တန် နှင့် မျက်မှန် (၁၀၀၀)ဘတ်တန်ကိုခိုးယူ သည်ဟု (၂)တရားခံ ဝေဖြို့း တဦးတည်းအပေါ်တွင် စွဲဆိုထားပါသည်။



အမှတ်စဉ်(၆) နှင့် (ရ) မှာ လ၀ကဥပဒေဖြစ်ပြီး -တပေါင်းတည်း ယူခဲ့ပါလျှင် ပုဒ်မ(၆) ခုနှင့်စွဲဆိုသည်။
မြန်မာရာဇသတ်ကြီးဥပဒေနှင့်ကြည့်လျှင်- ပုဒ်မ(၃၀၂) -သေဒဏ်/ ပုဒ်မ(၃၇၆)-တသက်တကျွန်း
ပုဒ်မ(၃၈၂)-ထောင်ဒဏ်(၁၀)နှစ်/ ပုဒ်မ(၁၂၀)-ကျူးလွန်းလွန်ပြစ်ဒဏ်၏လေးပုံ / ထိုင်းလ၀ကဥပဒေ မှာ(၂)နှစ်ထက်မပိုသော ထောင်ဒဏ်/ ကျခံနိုင်သော အမှု့များဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှ စွပ်စွဲသူများအနေဖြင့် (၇၂) ရက် /(ရမန်ခြောက်ပတ်) အချိန်ယူပြီး ပြင်ဆင်စွဲဆိုလာ
သောအမှု့ဖြစ်ပါတယ်။ 8/12/2014 နေ့ ကော့စမွေတရားခွင်တွင် ပုဒ်မများကိုရှင်းလင်းပြပြီး
စွပ်စွဲခံရသူများက ငြင်းဆိုခဲ့ကြသည့်အတွက် နောက်ရက်ချိန်းကို(25/2/2015) နေ့သို့ ချိန်းဆိုပေး
ခဲ့ပါတယ်။ 


 ညနေပိုင်းရုံးပြန်တက်ချိန်တွင် နောက်ရက်ချိန်းကို (26/12/2014) နေ့သို့ ပြောင်းလဲပြင်ဆင်ပြီး ရက်ချိန်း သတ်မှတ်လိုက်ပါတယ်။ ထို့ကြောင့် ပြင်ဆင်ချိန် (၁၈)ရက်သာရှိပါတယ်။ ပြင်ဆင်ချိန်(၇၂)ရက်ရသော ထိုင်းအစိုးရ၏ စွပ်စွဲလာသောအမှု့။ ပြင်ဆင်ချိန်(၁၈)ရသာရသော စွပ်စွဲခံရသူများဘက်မှ ဖြေရှင်းမှု့။ ကိုတွေ့ရပါတယ်။

ထိုပြင် (26/12/2014) နေ့မတိုင်မှီ သက်သေ/အထောက်အထားများကိုရုံးတော်သို့တင်ရမည်ဖြစ်
ပြီး တရားလို နှင့်တရားခံများ အပြန်အလှန်ကြည့်ရှု့နိုင်ကြောင်းတရားသူကြီးမှ ပြောကြားခဲ့ရာ
ထိုင်းရှေ့နေများကောင်စီက အမှု့လိုက်ပါဆောင်ရွက်ပေးနေသောရှေ့နေကပင် ဤကဲ့သို့အမှု့မျိုး
မိမိ တခါမျှ မကြုံခဲ့ဖူးကြောင်းပြောကြားခဲ့ပါတယ်။


မည်သို့ပင်ဆိုစေ ထိုင်းနိုင်ငံ၏ဥပဒေကိုလေးစားပါ၏/ ထိုင်းနိုင်ငံ၏ဥပဒေသည်မှန်ကန်စွာဆောင် ရွက်ပေးနိုင်လိမ့်မည်ဟု ယုံကြည်စွုာဖြင့် အကျဉ်းထောင်ထဲတွင်ရှိနေကြသောမြန်မာအလုပ်သမား(၂)ဦး လွတ်မြောက်ရေးအတွက် အဖြစ်မှန်ကိုသိရှိနေကြသူများအမြန်ဆုံးကူညီဆောင်ရွက်ပေးကြစေလိုပါတယ်