16 December 2014

လူကုန်ကူးခံနေရသော မြန်မာအလုပ်သမားများ၏ မိသားစုများခင်ဗျာ..........


ယခင်နှစ်များက ကျနော်တို့ MAT အဖွဲ့သည် လူကုန်ကူးမှုတိုက်ဖျက်ရေး လုပ်ငန်းကို စဉ်ဆက်မပြတ်လုပ်နေ ခဲ့ပါသည်။ ယခုနှစ်တွင်မူ စက်တင်ဘာလ ၁၅ ရက်နေ့ က ဖြစ်ပေါ်ခဲ့သော ကော့တောင်(လိပ်ကျွန်း)ဲ လူသတ်မှုအရေးပေါ်ကိစ္စ အတွက် အထူးအားစိုက်လုပ်ကိုင်ခဲ့ရပါသည်။

အမှန်တရားကို အင်အားကြီးသူများက ဖုံဖိ ဖျောက်ဖျက်ထားသည့် အမှုကြီးဖြစ်နေပါသဖြင့် MAT ခေါင်းဆောင်များမှာ အလွန်ခက်ခဲပင်ပန်းစွာဖြင့် လုပ်ဆောင်နေရဆဲလည်းဖြစ်ပါသည်။

သို့အတွက်ကြောင့် လူကုန်ကူးမှုသတင်းအချက်အလက် များစုဆောင်းခြင်း ၊ ဖေါ်ထုတ်ခြင်းကို လုပ်ကိုင်နိုင်မှု အားနည်းခဲ့ရပါသည်။


လူကုန်ကူးခံရသော မိသားစုများသည် MAT အဖွဲ့သို့ တိကျသေချာသည့် အချက်အလက်များ ပေး၍အကူ ညီတောင်းခံနိုင်ပါသည်။ ကျနော်တို့ အတတ်နိုင်ဆုံး ကူညီပေးပါမည်။မြန်မာနိုင်ငံသားများ လူကုန်ကူးခံ ရခြင်းသံသရာမှ လွတ်မြောက်နိုင် ပါစေလို့ နှစ်သစ်မှာ ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။

အားလုံးကိုလေးစားလျှက်
ဦးကျော်သောင်း
ဒါရိုက်တာ
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT
ဘန်ကောက်မြို့
ထိုင်းနိုင်ငံ