16 December 2014

“တရားခွင်မှာ”


မတရားစွတ်စွဲခံသူ၂ဦးအတွက်
အစိုးရရှေ့နေနဲ့ တရားလိုရဲတွေက
အိမ်ကွင်းမှာ ကိုယ့်ပရိတ်သတ်အားပေးမှုကိုအသာစီးရယူပြီး။
အလောင်းအစား ကြေးကြီးကြီးမားမားထပ်ကာ၊
အနိုင်ကစားမယ်ဆိုတဲ့ ဖိအား၊
တွန်းအားတွေနဲ့ ခြေမြန်သွက်လက် အပိုင်တွက်ထားတဲ့
နာမည်ကြီးအသင်းတစ်သင်းနဲ့။


သုတ်ခြေတင်စုစည်း၊
အာဟာရလည်းမပြည့်စုံ၊ လေ့ကျင့်ချိန်လည်းမရ။
အကွက်စေ့ကစားနိုင်သူတွေ အပြည့်အစုံနဲ့ ဖွဲ့ထားတဲ့အသင်းလည်းမဟုတ်။
ဒါပေမယ့် မျက်နှာမလိုက်တဲ့ဒိုင်နဲ့ မျှတတဲ့ပရိတ်သတ်သာရှိလိုက်၊
တရားသဖြင့်အဆုံးအဖြတ်ရလို့ကတော့ နိုင်ရမယ်ဆိုတဲ့ အသိစိတ်ဓါတ်၊
ခံယူချက်နဲ့ မြန်မာအထူးအသင်းကတော့ ပြိုင်ပွဲဝင်နေလေရဲ့။
ဝင်းဇော်ထွန်းနဲ့ ဇော်လင်း တို့ကတော့ ဘောလုံး လုံးသလို ကမ္ဘာကြီးလုံးဝန်းရိုးမှန်ပါစေတဲ့။
.ကော့တောင်(လိပ်ကျွန်း) လူသတ်မှုတရားခွင် အတွင်းခံစားရေးဖွဲ့သည်။
ကျော်သောင်း (ဘန်ကောက်)