16 December 2014

ထိုင်းနိုင်ငံတွင် ရဲမှ လုယက်သူကို လိုက်လံဖမ်းဆီးရင်း ပစ်ခတ်လိုက်သည့်ကျည်သည် ရုရှားခရီးသွားတစ်ဦးအား ထိမှန်


ရုရှားခရီးသွားတစ်ဦးအတွက်က ထိုင်းနိုင်ငံကို သွားလည်ပတ်ရင်းက စိတ်ပျက်စရာ ညတစ်ညကို ကြုံတွေ့ခဲရပါသည်။ တရားခံများအား သေနတ် ပစ်ခတ်မှုကနေ ယောင်ရမ်းထိမှန်ခံခဲ့ရသည့် ဒီအမျိုးသမီးကို ပတ်တယားရဲတွေက ဆေးကုသပေးရန် ပြုလုပ်နေကြပါသည်။ ရဲများက လုယက်သူ(၂)ဦးကို လိုက်လံဖမ်း ဆီးရင်းက ပစ်ခတ်လိုက်သည့် ကျည်ဟာ အဆိုပါ အမျိုးသမီးရဲ့ ဒူးခေါင်းကို ထိမှန်ခဲ့ခြင်း ဖြစ်ပါသည်။ 



ထိုင်းဆယ်ကျော်သက် နှစ်ဦးဟာ ပိုက်ဆံအိတ်လုပြေးပြီး ဆိုင်ကယ်နှင့် လွတ်မြောက်သွားကြတာ ဖြစ်ပါ သည်။ တရားခံတစ်ဦးက သေနတ်နှင့်ပစ်၍ ရဲကပြန်ပစ်ခဲ့ခြင်း ဖြစ်ပြီး ရုရှားသူ ခရီးသွား ဧည့်သည်ကို ဆေးရုံတင်ပို့ပေးခဲ့ကြောင်း သိရှိရပါသည်။